၂၆ အောက်တိုဘာ ၂၀၁၇ - ၁၉:၁၆
ထိုင်းဘုရင် ဘူမိဘော၏ တော်ဝင်ဈာပနအခမ်းအနားတက်ရောက်ရန်နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဘန်ကောက်မြို့သို့ ရောက်ရှိ

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့သည် တိုင်းဘုရင် ဘူမိဘော၏ တော် ဝင်ဈာပနအခမ်းအနားသို့ တက် ရောက်ရန် အောက်တိုဘာ ၂၅ ရက်တွင် နေပြည်တော်မှ အထူး လေယာဉ်ဖြင့် ထွက်ခွာပြီး ဘန် ကောက်မြို့သို့ ရောက်ရှိနေသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့သည် တိုင်းဘုရင် ဘူမိဘော၏ တော် ဝင်ဈာပနအခမ်းအနားသို့ တက် ရောက်ရန် အောက်တိုဘာ ၂၅ ရက်တွင် နေပြည်တော်မှ အထူး လေယာဉ်ဖြင့် ထွက်ခွာပြီး ဘန် ကောက်မြို့သို့ ရောက်ရှိနေသည်။

ထိုင်းဘုရင် ဘူမိဘော၏ တော်ဝင်ဈာပနအခမ်းအနားကို ယနေ့ (အောက်တိုဘာ ၂၆ ရက်) ကျင်းပမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတသည် အခြားသော အရှေ့တောင်အာရှနိုင်ငံ့ခေါင်းဆောင် များနှင့်အတူ တက်ရောက်ရန် ဖိတ်ကြားခံရခြင်းဖြစ်သည်။

ထိုင်းဘုရင် ဘူမိဘောသည် (၈၈)နှစ်အရွယ် ၂၀၁၆ အောက် တိုဘာ ၁၃ ရက်တွင် နတ်ရွာစံပြီး ရုပ်ကလာပ်ကို နန်းတော်၌ တစ် နှစ်ကျော်ထားရှိခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးထင် ကျော်၏ အထက်ပါခရီးစဉ်သည် သုံးရက်ခန့် ကြာမြင့်မည်ဖြစ် ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါခရီးစဉ်တွင် နိုင်ငံ ခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ လည်း လိုက်ပါခဲ့သည်။

သမ္မတနှင့်ဇနီး ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယသမ္မတများဖြစ်သော ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် ဇနီး၊ နေပြည်တော်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံ အမတ်ကြီး H.E.Mr. Jukr Boon-Long နှင့် ဇနီးတို့အပါအဝင် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်သည်။

နိုင်ငံတော် သမ္မတသည် ၂၀၁၆ အောက်တိုဘာ ၁၈ ရက် က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင် ရာ ထိုင်းသံရုံးသို့ လာရောက်၍ ထိုင်းဘုရင် နတ်ရွာစံခြင်းအပေါ် ဝမ်းနည်းကြောင်း လက်မှတ်ရေး ထိုးခဲ့ပြီး ယင်းနှစ် နိုဝင်ဘာ ၉ ရက်တွင် ထိုင်းနိုင်ငံသို့ နေ့ချင်းပြန်သွား ရောက်၍ လွမ်းသူ့ပန်းခွေချ ဂါရဝပြုသည်။

ဈာပနအခမ်းအနား အဓိက စင်မြင့်ကို ဘုရင့်နန်းတော်၏ အ ရှေ့ကဆနန့်လူ့ကဆန်နန်လူဝမ် ခေါ် ကွမ်းပြင်ကျယ်၌ ကျင်းပမည် ဖြစ်ပြီး ဘုရင့်မိသားစုဝင်များ၊ အစိုးရအရာရှိများနှင့် နိုင်ငံခြား ဧည့်သည်များအပါအဝင် လူခုနစ် ထောင်ကို နေရာချဧည့်ခံမည်ဖြစ် ကြောင်း Asia Nikkie သတင်း ဌာနက ဖော်ပြထားသည်။

========================
251 / End