၂၇ အောက်တိုဘာ ၂၀၁၇ - ၁၈:၃၄
ရခိုင်အခြေအနေ လွန်စွာ စိုးရိမ်စရာကောင်းနေဟု ဂျာမနီသံအမတ်ပြောကြား

ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေအနေတွေက လွန်စာကြီးလေးပြီး များစွာ စိုးရိမ်ပူပန်စရာကောင်းနေပါတယ် ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး Dorothee Janetzke-Wenzel က ပြောကြားလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေအနေတွေက လွန်စာကြီးလေးပြီး များစွာ စိုးရိမ်ပူပန်စရာကောင်းနေပါတယ် ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး Dorothee Janetzke-Wenzel က ပြောကြားလိုက်ပါတယ်။

ရခိုင်အရေး ကိုင်တွယ်ပုံကြောင့် မြန်မာအပေါ် ဆန်ရှင်တွေ ချမှတ်နိုင်ကြောင်း အမေရိကန်ကခြိမ်းခြောက်စကား ဆိုခဲ့ပြီး နောက်တစ်ရက်အကြာမှာပဲ ယခုလို ဂျာမန်သံအမတ်ကြီးက ထုတ်ပြောလိုက်တာဖြစ်ပါတယ်။

" ရခိုင်ပြည်နယ်က လူသားချင်းစာနာမှု၊ လူ့အခွင့်အရေး အခြေအနေတွေက အလွန်ပဲ ကြီးလေးပြီး များစွာ စိုးရိမ်စရာကောင်းနေပါတယ်" ဆိုပြီး ဂျာမန်သံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၂၅ ရက်က မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာန MISIS က စီစဉ်တဲ့ ဂျာမန်နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်မှာ ၎င်းကအထက်ပါအတိုင်း ပြောဆိုလိုက်တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ကို လေကြောင်းကနေတဆင့် သွားရောက်လေ့လာကြည့်ရှုတဲ့ခရီးစဉ်တွေအတွင်း တွေ့မြင်ခဲ့ရမှုတွေအရဆိုရင် ကျေးရွာတွေ မီးလောင်ပြာကျနေမှုတွေက လွန်စာ စနစ်ကျနေတာကို တွေ့ရတယ်ဆိုပြီး ၎င်းက ပြောပါတယ်။

" တစ်ချို့ အချက်အလက်တွေက သေချာအောင် စုံစမ်းဖို့ ခက်လှပါတယ်၊ ARSA အဖွဲ့ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ကျွန်မတို့ သိထားပါတယ်၊ ဒါပေမယ့် ရှေ့မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကျွန်မတို့ မသိနိုင်ပါဘူး" လို့ ၎င်းက ဆိုပါတယ်။

"တပ်မတော်ရဲ့ တုန့်ပြန်လုပ်ဆောင်မှုတွေကလည်း တစ်ခြားနိုင်ငံတွေမှာလိုပဲ လုပ်ဆောင်မယ်လို့ မျှော်လင့်ရပါတယ်၊ ဒါပေမယ့် ဒီကိစ္စမှာ ဘယ်လောက်အတိုင်းအတာ ကြီးကျယ်ပြန့်နှံ့နေသလဲ ကျွန်မတို့ မသိရပါဘူး၊ ကျွန်မတို့ ဒီမီးလောင်ခဲ့တဲ့ ရွာတွေကို ဟယ်လီကော်ပတာတွေပေါ်ကနေ ကြည့်ရှုခဲ့ချိန်မှာတော့ ဒါဟာ စနစ်တကျ မီးရှို့ခဲ့ပုံရတယ်လို့ပဲ သုံးသပ်ရပါတယ်၊ လူပေါင်း ခြောက်သိန်းလောက်လည်း သူတို့နေအိမ်တွေကို စွန့်ခွာထွက်ပြေးဖို့ ခြိမ်းခြောက် ဖိအားပေး ခံခဲ့ရတာဖြစ်ပါလိမ့်မယ်" လို့ ၎င်းက ပြောပါတယ်။

တစ်ခုခုတော့ လုပ်ဖို့ လိုပါတယ်ဆိုပြီးတော့လည်း သူမက အခိုင်အမာ ပြောပါတယ်။

ယခုကိစ္စမှာ ကုလလိုမျိုး နိုင်ငံတကာဖိုရမ်တွေ ဒါမှမဟုတ် အမေရိကန်လို နိုင်ငံမျိုးတွေဆီကနေ ပုံမှန်မဟုတ်တဲ့ ပြင်းထန်တဲ့ ပြစ်တင်မှုမျိုးတွေ ရှိနေကြောင်း MISIS အဖွဲ့ဝင်တွေက ပြောဆိုပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်အားလုံးကို ပြန်ခေါ်ရေး စီစဉ်ဖို့ ဒေါ်အောင်ဆန်းစုကြည်အစိုးရကလည်း ဘင်္ဂလားဒေ့ရှ်ဘက်နဲ့ ညှိနှိုင်းဆွေးနွေးနေပြီဖြစ်ကြောင်း ၎င်းတို့က ပြောပါတယ်။

ဒါပေမယ့် ခုချိန်မှာ အထောက်အထားစိစစ်မှုနဲ့ပတ်သက်လို့ ပြဿနာကြုံတွေ့နေရကြောင်း၊ ဒုက္ခသည်အများအပြားဟာ အထောက်အထားတွေ ရှိမနေကြတော့ကြောင်း၊ ရွာတွေမီးရှို့ခံရစဉ် မီးတွေအိမ်လောင်ခဲ့လို အထောက်အထားတွေလည်း ပြာကျသွားခဲ့နိုင်ကြောင်း MISIS အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ယင်းဟာ ပြဿနာတစ်ခုဖြစ်နေကြောင်း ဂျာမန်သံအမတ်ကလည်း လက်ခံသွားပါတယ်။

" တစ်ခြားသူတွေမဟုတ်ဘဲ ရှင်တို့ လူတွေကိုပဲ ပြန်ခေါ်ချင်တယ်ဆိုတာ ကျွန်မနားလည်ပါတယ်" လို့ ဆိုပါတယ်။

ဒါပေမယ့် ယခုပြဿနာကိုတော့ အိမ်နီးချင်းနိုင်ငံတွေ၊ အထောက်အထားတွေမပါဘဲ ထွက်ပြေးသွားကြတယ်ဆိုတဲ့သူတွေနဲ့ ပတ်သက်လို့ ကောင်းကောင်းသိထားကြသူတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ ထွက်ပြေးသွားသူတွေကို ပြန်လည်စိစစ်လက်ခံမယ့်နည်းလမ်းနဲ့ ဖြေရှင်းသွားနိုင်ကြောင်း ၎င်းက ပြောသွားပါတယ်။

========================
251 / End