အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရှိက်ခ်ဗဟာအီ (ရ.ဟ) မှ နမာဇ်ဇေ ဟာဂျသ် ( ဆုတောင်းပြည့် နမာဇ် ) ဝတ်ပြုနည်း တစ်ခုကို မိန့်ကြားထားပါတယ်။
ယင်းကျင့်စဉ်တွင် ဝဇူပြုလုပ်ခြင်း၊ ဟာဂျသ်နမာဇ် ၂ရကတ်သ် ဝတ်ပြုခြင်း၊ မိုဟမ္မဒ် (ဆွ) နှင့် အာလေမိုဟမ္မဒ် (အ.စ) တို့အပေါ် ဆလ်ဝသ် ပို့သခြင်းနှင့် အောက်ပါဇိကရ်ကို အကြိမ် ၇၀ ရွတ်ဖတ်ခြင်းတို့ ဖြစ်ပါတယ်။
ဇိကရ်တော်
لَا إِلٰهَ إِلَّا اللّٰهُ بِعِزَّتِكَ وَقُدْرَتِكَ،
لَا إِلٰهَ إِلَّا اللّٰهُ بِحَقِّكَ وَحُرْمَتِكَ،
لَا إِلٰهَ إِلَّا اللّٰهُ فَرِّجْ بِرَحْمَتِكَ۔
မြန်မာဘာသာဖြင့် အဓိပ္ပာယ်
- အရှင်မြတ်၏ ဂုဏ်သိက္ခာတော်နှင့် တန်ခိုးတော်ကို အကြောင်းပြု၍ အရှင်မြတ်မှတစ်ပါး ကိုးကွယ်ရာအရှင် မရှိပါ။
- အရှင်မြတ်၏ အခွင့်အရေးတော်နှင့် မြင့်မြတ်မှုတော်ကို အကြောင်းပြု၍ အရှင်မြတ်မှတစ်ပါး ကိုးကွယ်ရာအရှင် မရှိပါ။
- အရှင်မြတ်၏ ကရုဏာတော်ဖြင့် ကျွန်ုပ်တို့၏ အခက်အခဲများကို ပြေလည်စေတော်မူပါ။
ကျင့်စဉ်ကို ဆောင်ရွက်ရမည့် နည်းလမ်း
၁။ ဝဇူပြုလုပ်ပါ။
၂။ ဟာဂျသ် နမာဇ် နှစ်ရကတ် ဝတ်ပြုပါ။
၃။ နမာဇ်ပြီးဆုံးသည့်အခါ မိုဟမ္မဒ် (ဆွ) နှင့် အာလေမိုဟမ္မဒ် (အ.စ) တို့အပေါ် ဆလ်ဝသ် ပို့သပါ။
၄။ ဤဖော်ပြပါ ဇိကရ်ကို အကြိမ် ၇၀ ရွတ်ဖတ်ပါ။
ဇိကရ်တော်
لَا إِلٰهَ إِلَّا اللّٰهُ بِعِزَّتِكَ وَقُدْرَتِكَ،
لَا إِلٰهَ إِلَّا اللّٰهُ بِحَقِّكَ وَحُرْمَتِكَ،
لَا إِلٰهَ إِلَّا اللّٰهُ فَرِّجْ بِرَحْمَتِكَ۔
၅။ ထို့နောက် အလ္လာဟ်အရှင်မြတ်ထံ မိမိ၏လိုအင်ဆန္ဒနှင့် ဆုတောင်းချက်များကို တောင်းခံပါ။
အင်န်ရှာအလ္လာဟ် ... ဆုတောင်းပြည့်ပါလိမ့်မည်။
တင်ပြသူ - H.I ဆယက်ဒ် ဖိုက်ဇ် အဘာစ် မရှ်ဟဒ်ဒီ
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment