အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင် ဆောင်ရွက်မည့် ရခိုင်ပြည်နယ် ဖွံ့ ဖြိုးရေးစီမံကိန်းအတွက် လွှတ် တော်ကိုယ်စားလှယ်များ၏ တစ် နေ့တာ နေ့တွက်စရိတ်များ အပါ အဝင် ကျပ်သိန်း နှစ်ရာကျော်လှူ ဒါန်းရန် ပြည်သူ့လွှတ်တော်နှင့်အ မျိုးသား လွှတ်တော်တို့က အောက် တိုဘာ ၂၆ ရက်၌ ဆုံးဖြတ်ခဲ့ သည်။
လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရရှိသည့် နေ့တွက်စရိတ် တစ်ရက်စာ ကျပ်နှစ်သောင်းစီစုပေါင်းလှူဒါန်းခြင်း အပါအဝင် ပြည်သူ့လွှတ်တော်က ကျပ်သိန်း ၁၅၀၊ အမျိုးသားလွှတ်တော်က ကျပ် ၇၅ သိန်း၊ စုစုပေါင်း ၂၂၅ သိန်းကို ရခိုင်ဖွံ့ဖြိုးရေးစီမံကိန်းအတွက် လှူဒါန်းခဲ့သည်။
‘‘အခုလိုလှူဒါန်းမှုတွေကို စစ်ပွဲတွေ ဖြစ်ပွားတဲ့နေရာတွေ၊ မီးဘေး၊ ရေဘေးကြုံတွေ့ရတဲ့ နေရာတွေကို လှူဒါန်းပါတယ်။ အဲဒီလိုနေရာတွေကိုလည်း အမျိုး သားလွှတ်တော် ကိုယ်စားလှယ် တွေရဲ့ တစ်နေ့တာနေ့တွက်စ ရိတ်တွေကို လှူဒါန်းနေကျပါပဲ’’ ဟု အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးသိမ်းဆွေက ပြော သည်။
ရခိုင်ပြည်နယ်အတွင်းလူ သားချင်း စာနာမှုအကူအညီအ ထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံ ကိန်း (UEHRD) အတွက် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၄၃၅ ဦး၏ နေ့တွက်စရိတ် တစ်ရက်စာ ကျပ် ၈၇ သိန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ လက်ဆောင်ပေးခြင်းနှင့် အလှူဒါနခေါင်းစဉ်မှ လှူဒါန်းငွေ ကျပ် ၆၃ သိန်း စုစုပေါင်းကျပ်သိန်း၁၅၀ လှူဒါန်းခဲ့ခြင်းဖြစ်သည်။
အလားတူအမျိုးသားလွှတ် တော်ကိုယ်စားလှယ် ၂၂၄ ဦး၏ နေ့တွက်စရိတ် တစ်ရက်စာ ကျပ် ၄၄ သိန်းကျော်နှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၏ စီမံခန့်ခွဲပိုင် ခွင့်မှ ကျပ်သိန်း ၃၀ ကျော် စုစု ပေါင်းကျပ် ၇၅ သိန်းကို အမျိုး သားလွှတ်တော်က လှူဒါန်းခဲ့ သည်။ ယခင်ကလည်း အမျိုးသား လွှတ်တော်အနေဖြင့် လွှတ်တော် ဥက္ကဋ္ဌ၏ စီမံခန့်ခွဲမှုဖြင့် ရခိုင်ပြည် နယ်အတွက် ကျပ်သိန်း ၁၀၀ လှူ ဒါန်းခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း လူ သားချင်းစာနာမှု အကူအညီအ ထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံ ကိန်းအတွက် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများက လည်း လှူဒါန်းခဲ့ရာ အောက်တို ဘာ ၂၀ ရက်က နေပြည်တော်၌ ကျင်းပသော အလှူ ငွေပေးအပ် ပွဲတွင် လှူဒါန်းငွေ ကျပ်သိန်း တစ် သိန်း ခြောက်သောင်း ခုနစ်ထောင် ရရှိခဲ့သည်။
========================
251 / End
ရခိုင်ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က ကျပ်သိန်းနှစ်ရာကျော်လှူဒါန်းရန် ဆုံးဖြတ်
၂၇ အောက်တိုဘာ ၂၀၁၇ - ၁၉:၀၉
News ID: 862951
နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင် ဆောင်ရွက်မည့် ရခိုင်ပြည်နယ် ဖွံ့ ဖြိုးရေးစီမံကိန်းအတွက် လွှတ် တော်ကိုယ်စားလှယ်များ၏ တစ် နေ့တာ နေ့တွက်စရိတ်များ အပါ အဝင် ကျပ်သိန်း နှစ်ရာကျော်လှူ ဒါန်းရန် ပြည်သူ့လွှတ်တော်နှင့်အ မျိုးသား လွှတ်တော်တို့က အောက် တိုဘာ ၂၆ ရက်၌ ဆုံးဖြတ်ခဲ့ သည်။