၁၀ နိုဝင်ဘာ ၂၀၁၇ - ၁၇:၅၀
ကချင်စစ်ဘေးဒုက္ခသည်များ ပြန်လည်နေထိုင်နိုင်သော ကျေးရွာ ၃၀ ကျော်စာရင်းရရှိထားဟု KBC ဆို

ကချင်စစ်ဘေးဒုက္ခ သည်များ ပြန်လည်နေထိုင်နိုင်သည့် ကျေးရွာစာရင်းကောက်ယူ ရာ လတ်တလောတွင် ကျေးရွာ ၃၀ ကျော်စာရင်း ရရှိထားကြောင်း ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ ချုပ်(KBC) လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုး ရေးဌာနတာဝန်ခံ ဦးခါးလီက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကချင်စစ်ဘေးဒုက္ခ သည်များ ပြန်လည်နေထိုင်နိုင်သည့် ကျေးရွာစာရင်းကောက်ယူ ရာ လတ်တလောတွင် ကျေးရွာ ၃၀ ကျော်စာရင်း ရရှိထားကြောင်း ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ ချုပ်(KBC) လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုး ရေးဌာနတာဝန်ခံ ဦးခါးလီက ပြောသည်။

‘‘တိုက်ပွဲဖြစ်နိုင်ခြေလည်း သိပ်မရှိဘူး။ ပြီးတော့ နှစ်ဖက်တပ်နဲ့လည်း နည်းနည်းအလှမ်းဝေး တယ်။ အဲဒီလိုမျိုး ကျွန်တော်တို့ ထင်တဲ့ရွာ ၃၅ ရွာ စာရင်းရရှိပါ တယ်။ ဒါပေမဲ့ မပြည့်စုံသေးဘူး။ ကျွန်တော်တို့လည်း KBC အနေ နဲ့ ကောက်တယ်ဆိုတော့ တခြား ဘာသာရေး အဖွဲ့အစည်းက လည်း ပြန်ကောက်မယ့် အလား အလာရှိနေတယ်’’ဟု ဦးခါးလီက ဆိုသည်။

အဆိုပါ စစ်ဘေးဒုက္ခသည် များ နေရပ်ပြန်နိုင်သည့် ကျေးရွာ စာရင်းကောက်ယူခြင်းအစီအစဉ် သည် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် KBC တာဝန်ရှိသူများ ယခုနှစ် ဇူလိုင် ၂၄ ရက်က နေပြည်တော်၌တွေ့ဆုံပြီးနောက် ရရှိလာသည့် အကျိုးရလဒ်များအနက် တစ်ခု ဖြစ်ကြောင်း KBC က ဆိုသည်။ တွေ့ဆုံပွဲတွင် စစ်ဘေးဒုက္ခသည် များ နေရပ်ပြန်နိုင်ရေးနှင့် ကူညီ ရေးကိစ္စများ ညှိနှိုင်းဆောင်ရွက် ပေးရန် KBC ဘက်က အဆိုပြု ဆွေးနွေးခဲ့သည်။

လက်ရှိ နေရပ်ပြန်နိုင်သည် ဟု KBC က ကောက်ယူရရှိထား သော ကျေးရွာအများစုသည် မြစ် ကြီးနား၊ ဗန်းမော်၊ မိုးမောက်မြို့ နယ်တို့မှ ကျေးရွာများဖြစ်ကြောင်း ဦးခါးလီက ပြောသည်။

စစ်ဘေးဒုက္ခသည်များနေ ရပ်ပြန်နိုင်ရေးအတွက် ကျေးရွာ စာရင်းကောက်ယူခြင်းကို ယခုနှစ် စက်တင်ဘာကစတင်ခဲ့ပြီး အပြီးသတ်ကောက်ယူပြီးစီးမည့်အချိန် ကို KBC က ပြောဆိုနိုင်ခြင်း မရှိသေးပေ။

စစ်ဘေးဒုက္ခသည်များ ပြန် လည်နေထိုင်၍ ရနိုင်သည့် ကျေးရွာစာရင်း အပြီးသတ်ကောက်ယူ ပြီးပါက အစိုးရ၊ တပ်မတော်နှင့် ကချင် လက်နက်ကိုင်အဖွဲ့(KIO)တို့ထံ တင်ပြမည်ဟု KBC အထွေ ထွေအတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။

ယခင်အစိုးရလက်ထက်က အစိုးရနှင့် KIO/KIA တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဒုက္ခ သည်များ နေရပ်ပြန်ပို့ရေးအ တွက် ကျေးရွာလေးရွာကို ရှေ့ပြေးစီမံကိန်းအဖြစ် သတ်မှတ်အ ကောင်အထည်ဖော်ရန် သဘော တူညီခဲ့သော်လည်း အမှန်တကယ် လုပ်ဆောင်နိုင်ခြင်းမရှိပေ။

တပ်မတော်နှင့် KIO/KIA တို့အကြား ၂၀၁၁ ဇွန်လက စ၍ တစ်ကျော့ပြန် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံတစ် သိန်းကျော်သည် ဒုက္ခသည်စခန်း တစ်ရာကျော်တွင် ခြောက်နှစ် ကျော်ကြာ စားဝတ်နေရေးခက်ခဲ စွာ နေထိုင်ရဆဲဖြစ်သည်။

========================
251 / End