အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုဝင်ဘာ ၁၁ ။ ။ အထူးစီးပွားရေးဇုန် SEZs များနှင့်ပတ်သက်၍ ဆုံးဖြတ်ရမည့်တာဝန်ကို မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများထံတွင် အပ်နှင်းထားပါကြောင်း ဒေါက်တာ အောင်ထွန်းသက်က ပြောကြားသွားပါတယ်။ " India-Myanmar Relations : Way Forward" ကွန်ဖရင့်မှာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲမှာ ဆရာကြီး ဒေါက်တာအောင်ထွန်းသက်က အထက်ပါအတိုင်း ဆွေးနွေးပြောဆိုသွားတာဖြစ်ပါတယ်။
"ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေအနေနဲ့ ဒေသခံတွေရဲ့လက်တွေ့ဘ၀တွေကို ထည့်သွင်းစဉ်းစားပြီးမှ SEZ ပရောဂျက်တွေကို ခွင်ပြုပေးစေချင်ပါတယ်" လို့ နိုင်ငံတော်သမ္မတအကြံပေးဟောင်း ဖြစ်တဲ့ ဆရာကြီး ဒေါက်တာ အောင်ထွန်းသက်က ပြောပါတယ်။
ပြည်နယ်တွေအနေနဲ့ ယင်းပြည်နယ်တွင်းမှာ ရရှိနိုင်တဲ့ သဘာဝအရင်းအမြစ်တွေပေါ် အခြေခံတဲ့ စက်မှုလုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ရဖို့ တတ်နိုင်သမျှ ကြိုးစားလုပ်ဆောင် သွားရမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
" ဒီလိုပါပဲ အရမ်းကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ လျာထားသတ်မှတ်လာတဲ့အခါမျိုးမှာ ဒေသခံတွေရဲ့ စိုးရိမ်ပူပန်မှုတွေကိုပါ ထည့်စဉ်းစားပေးရမှာဖြစ်ပါတယ်" လို့ ၎င်းက ထပ်လောင်းပြောပါတယ်။
SEZs များတွင် ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှု လျာထားသတ်မှတ်ရေးအပြင် ပြည်နယ်၊ တိုင်းဒေသကြီးများက ၀န်ကြီးချုပ်များအနေဖြင့် ဒေသရဲ့ စီးပွားရေးမှာ အကျိုးဖြစ်ထွန်းနိုင်မယ့် လုပ်ငန်းတွေကို အားပေးအားမြှောက်ပြုနိုင်ဖို့ ပိုမိုသေးငယ်တဲ့ ဖွံ့ဖြိုးရေးဇုန်တွေ ပေါ်ပေါက်လာရေး စဉ်းစားလုပ်ဆောင်သင့်ကြောင်း ၎င်းက ပြောသွားပါသေးတယ်။
========================
251 / End
ပြည်နယ်နှင့်တိုင်းဒေသကြီးများက အထူးစီးပွားရေးဇုန်များနှင့်ပတ်သက်၍ အကျိုးရှိအောင် စဉ်းစားဆုံးဖြတ်ရမည်ဟု ဒေါက်တာအောင်ထွန်းသက် ပြော
၁၁ နိုဝင်ဘာ ၂၀၁၇ - ၁၇:၅၅
News ID: 866225