၁၆ နိုဝင်ဘာ ၂၀၁၇ - ၁၄:၄၄
အစိုးရဖြုတ်ချပေးရေး မန္တလေးသပိတ်စခန်းတွင် ပါဝင်ခဲ့သော သံဃာတော်များအမှု စွဲချက်တင်ရန် သင့်၊ မသင့် နှစ်ဖက်လျှောက်လဲချက်ကြားနာမည်

မန္တလေးမြို့ ချမ်းမြသာ စည်မြို့နယ်တရားရုံးတွင် စစ် ဆေးနေသည့် အစိုးရဖြုတ်ချပေး ရေး မန္တလေးသပိတ်စခန်းတွင် ပါ ၀င်ခဲ့သော သံဃာတော်များအမှု နှင့်ပတ်သက်၍ တရားလိုပြသက် သေအားလုံး စစ်ဆေးပြီးစီး၍ နိုဝင်ဘာ ၂၂ ရက်တွင် စွဲချက် တင်၊ မတင် နှစ်ဖက်လျှောက်လဲ ချက် ကြားနာမည်ဟု တရားရုံးသတင်းပြန်ကြားရေးအရာရှိ ဦးကျော်စွာလင်းက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မန္တလေးမြို့ ချမ်းမြသာ စည်မြို့နယ်တရားရုံးတွင် စစ် ဆေးနေသည့် အစိုးရဖြုတ်ချပေး ရေး မန္တလေးသပိတ်စခန်းတွင် ပါ ၀င်ခဲ့သော သံဃာတော်များအမှု နှင့်ပတ်သက်၍ တရားလိုပြသက် သေအားလုံး    စစ်ဆေးပြီးစီး၍ နိုဝင်ဘာ ၂၂ ရက်တွင် စွဲချက် တင်၊ မတင် နှစ်ဖက်လျှောက်လဲ ချက် ကြားနာမည်ဟု တရားရုံးသတင်းပြန်ကြားရေးအရာရှိ ဦးကျော်စွာလင်းက ပြောသည်။

ခရိုင်သာသနာရေးဦးစီးမှူး က နိုင်ငံတော်အကြည်ညိုပျက်စေ မှု ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုထားပြီး  ရာဇသတ်ကြီးအမှု အမှတ် ၉၄၂/၂၀၁၇ ဖြင့် စစ်ဆေးနေသည့် သံဃာတော်ခြောက်ပါး အမှုတွင် တရားလိုပြ သက်သေ ခြောက်ဦးစစ်ဆေးပြီးစီး၍ စွဲချက်တင်ရန်သင့်၊မသင့် နှစ်ဖက်လျှောက် လဲချက်ကြားနာမည်ဖြစ်သည်။

‘‘ဒီနေ့ (နိုဝင်ဘာ ၁၅)မှာသံဃာတော်တွေ၊ အမှုက တရားလိုပြသက်သေတွေကို အကုန်စစ်ပြီး ပြီ။ ကိုကျော်မျိုးရွှေအမှုကတော့ တရားလိုကို စစ်နေတုန်းပါ’’ဟု ချမ်းမြသာစည်မြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦး ကျော်စွာလင်းက ပြောသည်။

ချမ်းမြသာစည်မြို့နယ် သာ သနာ ၂၅၀၀ ဗိမာန်တော်ရှေ့တွင် အစိုးရဖြုတ်ချပေးရေးတောင်းဆိုနေသည့် သပိတ်စခန်းကို သြဂုတ် ၅ ရက် နံနက်က မန္တလေးတိုင်းဒေသကြီး    ရဲတပ်ဖွဲ့မှူးဦးဆောင်သော အရပ်ဝတ်များဝတ်ဆင်ထားသည့် ရဲတပ်ဖွဲ့အင်အား ၇၀ ခန့်က ရှင်းလင်းဖယ်ရှားခဲ့ပြီးနောက် သံဃာတော် ခြောက်ပါးနှင့် ဦးကျော်မျိုးရွှေတို့ကို ဖမ်းဆီးကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုခဲ့သည်။ သံဃာခြောက်ပါးကို ခရိုင်သာသနာရေးဦးစီးမှူးက တရားလိုလုပ် တရားစွဲဆိုပြီး ကိုကျော်မျိုးရွှေကို မြို့နယ်ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်တရားစွဲဆိုခဲ့သည်။

========================
251 / End