အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နှစ်နိုင်ငံဆိုင်ရာ လက်တွေ့ဆန်သော ပူးပေါင်း ဆောင်ရွက်မှုကို နောက်ထပ်တိုး မြှင့်စေရေး မြန်မာနိုင်ငံနှင့် စီးပွား ရေးစင်္ကြံတစ်ခု တည်ဆောက်ရန် တရုတ်နိုင်ငံအနေဖြင့် အဆိုပြုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက တနင်္ဂနွေနေ့တွင် ပြောကြားသည်။
စောစောပိုင်းက နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံဆွေး နွေးခဲ့ပြီးနောက် ပြုလုပ်သော ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် မစ္စတာဝမ်က တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် စီးပွားရေး၌ တစ် နိုင်ငံနှင့် တစ်နိုင်ငံ အမှီသဟဲပြု မှု မြင့်မားသောကြောင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအတွက် ကြီးမားသော အလားအလာရှိ ကြောင်း ပြောကြားသည်။
တရုတ်နှင့် မြန်မာကြား ကျယ်ပြန့်သော မဟာဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်မှု နောက်ထပ်အားကောင်းစေရေး နှစ်နိုင်ငံကြား ကြီးမားသော ပူး ပေါင်းဆောင်ရွက်မှု ပုံစံတစ်ခုထူ ထောင်ရန် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်ရန် အဆို ပြုခဲ့ကြောင်း မစ္စတာဝမ်က ပြော သည်။
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုး တက်ရေး အစီအစဉ်နှင့် နိုင်ငံ၏ အမှန်တကယ်လိုအပ်ချက်များ ကို ထည့်သွင်းစဉ်းစားမှုများ ပါဝင် သည့် ယင်းစီးပွားရေး စင်္ကြံကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြောက်ဘက်တွင် စတင်မည်ဖြစ် ကာ တောင်ဘက်သို့ ဆင်းကာ မန္တလေးမြို့မှနေ၍ အရှေ့ဘက် ရန်ကုန်မြို့သို့ တိုးချဲ့ပြီး အနောက် ဘက်ကျောက်ဖြူအထူးစီးပွားရေး ဇုန်အထိ အဓိကအထောက်အခံ သုံးခုပါ ဧရာမ ပူးပေါင်းဆောင် ရွက်မှုတစ်ရပ် ထူထောင်မည်ဟု မစ္စတာဝမ်က ရှင်းပြသည်။
ယင်းကဲ့သို့ ပုံစံအား လမ်း ကြောင်းများတစ်လျှောက် ကြီး မားသော စီမံကိန်းများအပါအဝင် ဆက်သွယ်မှုအားကောင်းစေရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံတစ်ဝန်း ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက် ရေး ရည်ရွယ်ကြောင်း မစ္စတာဝမ် က ပြောသည်။
ယင်းအဆိုပြုချက်သည် ပိုးလမ်းမအစီအစဉ်အရ တရုတ်- မြန်မာ ပူးပေါင်းဆောင်ရွက်မှုကို ထပ်မံတိုးတက်စေရန် အဆိုပြု ချက်ဖြစ်ကြောင်း မစ္စတာဝမ်က ပြောသည်။
ယင်းအစီအစဉ်တွင် မြန်မာ နိုင်ငံ၏ အရေးအကြီးဆုံး လိုအပ် နေမှုများ ထည့်သွင်း စဉ်းစားမည်ဖြစ်ကာ မြန်မာနိုင်ငံ၏ အလိုအပ်ဆုံးသော စီမံကိန်းများကို စလုပ်ပြီး တဖြည်းဖြည်း နှစ်ဖက်အကျိုးအမြတ်ရှိအောင် လုပ်ဆောင်မည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
ယင်းသတင်းစာရှင်းလင်းပွဲ တွင် မစ္စတာဝမ်က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း ထောက်ခံကြောင်း ပြောကြားပြီး လုပ်ငန်းစဉ် အဆင်ပြေချောမွေ့ရေး မျှော်လင့်ကြောင်း ပြောသည်။
တရုတ်နှင့် မြန်မာတို့သည် ခင်မင်ရင်းနှီးသော အိမ်နီးချင်း များဖြစ်ပြီး မြန်မာ အစိုးရသည် ပင်လုံစိတ်ထားမျိုးကို လိုက်နာမည်ဟု မျှော်လင့်ပြီး ငြိမ်းချမ်းရေး တည်မြဲစေမည်ဟု မျှော်လင့်ကြောင်း မစ္စတာဝမ်ကပြောသည်။
========================
251 / End
၂၅ နိုဝင်ဘာ ၂၀၁၇ - ၁၈:၂၅
News ID: 869063
နှစ်နိုင်ငံဆိုင်ရာ လက်တွေ့ဆန်သော ပူးပေါင်း ဆောင်ရွက်မှုကို နောက်ထပ်တိုး မြှင့်စေရေး မြန်မာနိုင်ငံနှင့် စီးပွား ရေးစင်္ကြံတစ်ခု တည်ဆောက်ရန် တရုတ်နိုင်ငံအနေဖြင့် အဆိုပြုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက တနင်္ဂနွေနေ့တွင် ပြောကြားသည်။