၂၆ နိုဝင်ဘာ ၂၀၁၇ - ၁၈:၃၇
စည်းကမ်းမလိုက်နာသော ကားဂိတ် ၄၈ ဂိတ်ကို မန်းစည်ပင်တရားစွဲဆို

မန္တလေးမြို့တော်စည် ပင်သာယာနယ်နိမိတ်အတွင်းရှိ သတ်မှတ်စည်းကမ်း မလိုက်နာ သည့် ကားဂိတ် ၄၈ ဂိတ်ကို တရားစွဲဆို အရေးယူထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ အခွန်ဌာနခွဲမှူး ဦးသက်နိုင်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မန္တလေးမြို့တော်စည် ပင်သာယာနယ်နိမိတ်အတွင်းရှိ သတ်မှတ်စည်းကမ်း မလိုက်နာ သည့် ကားဂိတ် ၄၈ ဂိတ်ကို တရားစွဲဆို အရေးယူထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ အခွန်ဌာနခွဲမှူး ဦးသက်နိုင်က ပြောသည်။

သတ်မှတ်ထားသည့် စည်း ကမ်းများကို လိုက်နာမှုမရှိသော ကားဂိတ်များ၊ ကားလက်မှတ် အရောင်းဂိတ်များ၊ သိုလှောင်ရုံ များကို စည်ပင်သာယာ ဥပဒေ အရ အရေးယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီက နိုဝင်ဘာ ၁၃ ရက်တွင် အသိပေးကြေညာချက် ထုတ်ပြန်သည်။ ထိုသို့ ထုတ်ပြန် ပြီး ၁၀ ရက်အကြာ နိုဝင်ဘာ ၂၃ ကစ၍ လိုက်လံစစ်ဆေးရာ ၂ ရက်အတွင်း ဂိတ် ၁၅၈ ဂိတ်ကို လိုက်လံစစ်ဆေးပြီး ယင်းတို့အနက် စည်းကမ်းမလိုက်နာသည့် ဂိတ် ၄၈ ဂိတ်ကို တရားစွဲဆို အရေးယူသည်။

အရေးယူခံရသော ဂိတ်များ သည် ဂိတ်မဟုတ်သည့်နေရာတွင် ကုန်တင်ကုန်ချလုပ်ခြင်း၊ ခရီး သည်အတင်အချလုပ်ခြင်း၊ သတ် မှတ်လိုင်စင်မရှိခြင်း၊ ကားပြေးဆွဲခွင့် လိုင်စင်မရှိခြင်း စသည်တို့ ကြောင့် အရေးယူခံရကြောင်း ဦးသက်နိုင်က ပြောသည်။

ထိုသို့ အရေးယူရာတွင် စည်ပင်ဥပဒေအရ အရေးယူ သလို ယာဉ်ကြီးကြပ်မှုကော်မတီ က အရေးယူခြင်းများလည်းရှိ ကြောင်း ၎င်းကပြောသည်။

တရားမဝင်ကားဂိတ်နှင့် ကုန်ဂိတ်များကို လိုက်လံစစ်ဆေး အရေးယူခြင်းသည် စည်းကမ်း တကျ ဖြစ်စေရန်နှင့် ကယ်ရီသမားများနှင့် ပူးပေါင်းကာ ခရီးသည်များထံမှ လုယက်မှုများ ဖြစ်ပွားသည်ကို စစ်ဆေးတွေ့ရှိရသောကြောင့် လိုက်လံစစ်ဆေးခြင်းဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတာဝန်ရှိသူများက ပြောကြားသည်။

ယာဉ်၊ ကူးတို့၊ ပွဲရုံနှင့် ပုဂ္ဂ လိက ငွေချေးလုပ်ငန်းများ အခွန် စည်းကြပ်ခြင်းနှင့် ကောက်ခံခြင်း ဆိုင်ရာ တားမြစ်ချက်များ အပိုဒ် ၁၀၇ (ဃ)နှင့် (င)တွင် မြို့တော် နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ခရီးသည်များ တင်ချပြုလုပ်သည့် မော်တော် ယာဉ်လက်မှတ် ရောင်းရန်နေရာ (သို့မဟုတ်) မော်တော်ယာဉ်များ ဝင်ထွက်ရပ်နားဂိတ် ထိုးရန်နေရာ အဖြစ် မပြုလုပ်ရန်၊ ကော်မတီ ပိုင်လမ်း၊ လမ်းမြေ (သို့မဟုတ်) လူသွားစင်္ကြံ၊ ပလက်ဖောင်းတို့ တွင် ခရီးသည်များ တင်ချပြုလုပ် သည့် မော်တော်ယာဉ်လက်မှတ် ရောင်းရန်နေရာအဖြစ်လည်း ကောင်း၊ မော်တော်ယာဉ်များ ဝင်ထွက်ရပ်နားဂိတ်ထိုးရန် နေ ရာအဖြစ်လည်းကောင်း မပြုလုပ် ရကြောင်း ဖော်ပြထားသည်။

အဆိုပါ တားမြစ်ချက်များ ကို ဖောက်ဖျက်ပါက စည်ပင်သာ ယာဥပဒေပုဒ်မ ၁၁၆ အရ ဒဏ် ငွေ ကျပ်သုံးသောင်းမှ ကျပ်သုံး သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် သုံးလဖြစ်စေ အရေးယူနိုင် ကြောင်း၊ အရေးယူခံရသည့်ဂိတ် များကို စည်ပင်သာယာ အထူး တရားရုံးသို့ တင်ပို့တရားစွဲဆိုမည် ဖြစ်ကြောင်း ပထမနေ့  (နိုဝင်ဘာ ၂၃ရက်)တွင် အရေးယူခံရသူအများစုကို ဒဏ်ရိုက်အရေးယူမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း စည်ပင်သာယာရဲတပ်ဖွဲ့ (မန္တလေး) ရဲအုပ်သဲဦးလှိုင်က ပြောသည်။

‘‘ဒဏ်ရိုက်တာကတော့ တရားသူကြီးရဲ့ ဆင်ခြင်တုံတရား နဲ့ တစ်ဂိတ်နဲ့တစ်ဂိတ် ဒဏ်ရိုက် တာမတူဘူး။ တချို့ဂိတ်တွေ ကျပ်နှစ်သိန်း ဒဏ်ရိုက်တယ်။ နည်းနည်းသေးတဲ့ ဂိတ်တွေကျ တော့ ငါးသောင်းပဲ ဒဏ်ရိုက်တာ တွေရှိတယ်’’ဟု ရဲအုပ်သဲဦးလှိုင် က ပြောသည်။

မန္တလေးမြို့တော် စည်ပင် သာယာနယ်နိမိတ်အတွင်း ကား ဂိတ်၊ လက်မှတ်အရောင်းဂိတ်၊ ကုန်လှောင်ရုံ ၃၇၆ ခုရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာ ယာရေးကော်မတီ အခွန်ဌာန မှတ်တမ်းများတွင် ဖော်ပြထား သည်။

========================
251 / End