အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်နယ်တွင် ဘင်္ဂါ လီများ ကြုံတွေ့ခဲ့ရသည့် အခြေ အနေများနှင့်ပတ်သက်၍ ကုလ သမဂ္ဂ လူ့အခွင့်အရေးကောင်စီ က အထူးအစည်းအဝေးတစ်ရပ် ကျင်းပရန် မျှော်လင့်ထားကြောင်း ကုလသမဂ္ဂ သတင်းရင်းမြစ်များ က နိုဝင်ဘာ ၂၇ ရက်တွင် ပြော ကြားသည်။
‘‘ဒီဇင်ဘာ ၅ ရက်မှာ အထူး အစည်းအဝေးတစ်ရပ် ရှိပါလိမ့် မယ်’’ဟု အကြီးတန်းကုလသမဂ္ဂ အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနအား ပြောကြားသည်။
ကောင်စီပြောရေးဆိုခွင့်ရှိ သူ ရော်လန်ဒိုဂိုမက်ဇ်က ယင်း ရက်စွဲနှင့် ပတ်သက်၍ အတည်မ ပြုနိုင်သော်လည်း ‘‘မြန်မာနိုင်ငံ မှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး အခြေအနေကို ဖြေရှင်းဖို့ အထူး အစည်းအဝေးတစ်ရပ် ကျင်းပဖို့ လှုပ်ရှားနေတာ တွေ့ရှိပါတယ်’’ ဟု ပြောကြားသည်။
ကောင်စီအထူးအစည်းအ ဝေးတစ်ရပ်ကျင်းပရေး အဖွဲ့ဝင် ၄၇ နိုင်ငံအနက် အနည်းဆုံး ၁၆ နိုင်ငံက တောင်းဆိုရမည်ဖြစ် သည်။ ယခုတောင်းဆိုမှုကို ဘင်္ဂ လားဒေ့ရှ်နှင့် မွတ်စလင်အများစု နေထိုင်သော နိုင်ငံများက ထောက်ခံမည်ဟု မျှော်လင့်ကြောင်း ရိုက် တာသတင်းက ဖော်ပြသည်။
ယင်းကောင်စီသည် မတ်လ က အချက်အလက်ရှာဖွေရေး အဖွဲ့ ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။ ပြီး ခဲ့သည့်လက ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ခဲ့သော စုံစမ်းစစ်ဆေး သူများက ဘင်္ဂါလီများ လူ့အခွင့် အရေး ချိုးဖောက်ခံရမှုများရှိ သည်ဟု အစီရင်ခံတင်ပြထား သည်။
ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ ကော်မရှင်နာမင်းကြီးက ရခိုင်ပြည်နယ်အတွင်း တပ်မ တော်၏ နယ်မြေရှင်းလင်းမှုများ ကို စွပ်စွဲပြစ်တင်ရှုတ်ချထား သည်။
ယင်းစွပ်စွဲမှုများကို တပ်မ တော်က ငြင်းဆိုထားသည်။ နိုင်ငံ တကာ လွတ်ငြိမ်းချမ်းသာခွင့်အ ဖွဲ့ အပါအဝင် အခြားသော တက် ကြွလှုပ်ရှားသူများ အဖွဲ့များက ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ ဝင်နိုင်ငံများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင်ကို ပြီးခဲ့သည့် သီ တင်းပတ်က ပေးပို့ထားကြောင်း သိရသည်။
ယင်းအထူးအစည်းအဝေး ကျင်းပမည့် အဆိုကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံက အဆိုပြုခဲ့ပြီး အီးယူ က လက်ခံသဖြင့် ကျင်းပရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သံတမန် သတင်းရင်းမြစ်များက ပြော သည်။ ယင်းကောင်စီ၏ အထူး အစည်းအဝေးများသည် ကျင်းပ ခဲသော အစည်းအဝေးများဖြစ် သည်။
========================
251 / End
၂၈ နိုဝင်ဘာ ၂၀၁၇ - ၁၆:၄၀
News ID: 869674
ရခိုင်ပြည်နယ်တွင် ဘင်္ဂါ လီများ ကြုံတွေ့ခဲ့ရသည့် အခြေ အနေများနှင့်ပတ်သက်၍ ကုလ သမဂ္ဂ လူ့အခွင့်အရေးကောင်စီ က အထူးအစည်းအဝေးတစ်ရပ် ကျင်းပရန် မျှော်လင့်ထားကြောင်း ကုလသမဂ္ဂ သတင်းရင်းမြစ်များ က နိုဝင်ဘာ ၂၇ ရက်တွင် ပြော ကြားသည်။