အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံ ဦးမင်းကိုနိုင်အပါအဝင် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့် လင်းလူ့အဖွဲ့အစည်း)အဖွဲ့ဝင် အချို့က နိုဝင်ဘာ ၂၇ ရက် ည နေတွင် သွားရောက်တွေ့ဆုံ သည်။
၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးမင်းကိုနိုင်၊ ဦးဂျင်မီ၊ စမ်းချောင်းကိုကိုကြီးနှင့် ဦးကိုကိုလှိုင်တို့သည် ဖက်ဒရယ်အခြေခံမူဆိုင်ရာ အ လုပ်ရုံဆွေးနွေးပွဲနှင့် စားပွဲဝိုင်း ဆွေးနွေးပွဲများ တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၏ နေအိမ်သို့ သွားရောက်တွေ့ ဆုံခဲ့သည်။
တွေ့ဆုံမှုသည် ၄၅ မိနစ်ခန့် ကြာမြင့်ပြီး ငြိမ်းချမ်းရေးကိစ္စရပ် များ အဓိကဆွေးနွေးခဲ့ကြောင်း ဦးဂျင်မီက ပြောသည်။ ‘‘ကျွန်တော်တို့က အခါအားလျော်စွာ ပုံမှန် တွေ့ဆုံမှုရှိပါတယ်။ ဒါက အဲဒီထဲကတစ်ခုပါပဲ။ ကျွန်တော်တို့ ရောက်နေတဲ့အချိန်နဲ့ အန်တီအား တဲ့အချိန်လည်း တိုက်ဆိုင်တဲ့အ တွက် တွေ့ဖြစ်ကြတာပါ’’ဟု ၎င်း က ပြောသည်။
ထိုသို့ တွေ့ဆုံစဉ် ဦးမင်းကို နိုင်က ၎င်း၏ လက်ရာပန်းချီပုံများ ဖြင့် ရိုက်နှိပ်ထုတ်ဝေထားသည့် ၂၀၁၈ ပြက္ခဒိန်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား လက် ဆောင်ပေးအပ်ခဲ့သည်။
၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုယ်စားလှယ်များ တက်ရောက် နေသည့် ဖက်ဒရယ်အခြေခံမူဆိုင် ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် စားပွဲ ဝိုင်းဆွေးနွေးပွဲကို အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာနနှင့် Intermediate တို့ ပူးပေါင်း၍ နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ နိုဝင်ဘာ ၂၇ ရက်မှ ၂၈ ရက်အထိ နှစ်ရက် ကြာ ကျင်းပနေသည်။
ယင်းဆွေးနွေးပွဲသို့ ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံတက်ရောက်မည့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ ပါဝင်သင့် ပါဝင်ထိုက်သူများနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးနေသည်။
========================
251 / End
၂၈ နိုဝင်ဘာ ၂၀၁၇ - ၁၈:၁၅
News ID: 869709
နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံ ဦးမင်းကိုနိုင်အပါအဝင် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့် လင်းလူ့အဖွဲ့အစည်း)အဖွဲ့ဝင် အချို့က နိုဝင်ဘာ ၂၇ ရက် ည နေတွင် သွားရောက်တွေ့ဆုံ သည်။