၄ ဒီဇင်ဘာ ၂၀၁၇ - ၁၈:၄၇
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ဂျပန်နိုင်ငံချစ်ကြည်ရေးခရီးမှ ပြန်လည်ရောက်ရှိ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ဂျပန်နိုင်ငံ သို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ခြောက်ရက်ကြာသွားရောက်ပြီးနောက် ဒီဇင်ဘာ ၂ ရက်က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ဂျပန်နိုင်ငံ သို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ခြောက်ရက်ကြာသွားရောက်ပြီးနောက် ဒီဇင်ဘာ ၂ ရက်က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။

ဂျပန်နိုင်ငံအောက်လွှတ် တော်ဥက္ကဋ္ဌ H.E. Mr. Tadamori Oshima ၏ ဖိတ်ကြားချက်အရ သွားရောက်သော အဆိုပါခရီး စဉ်အတွင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ဂျပန်ဝန် ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံကာ နှစ်နိုင်ငံအကြား မိတ်ဖက် ဆက်ဆံရေးအခြေခံပြီး ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့သည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့သည် နိုဝင်ဘာ ၂၈ ရက်က ဂျပန်နိုင်ငံ အောက် လွှတ်တော်ရှိ အထူးဧည့်သည် တော်များခန်းမဆောင်၌ ဂျပန်နိုင် ငံအောက်လွှတ်တော်ဥက္ကဋ္ဌ ခေါင်းဆောင်သောအဖွဲ့နှင့် တွေ့ဆုံ၍ ဂျပန်-မြန်မာနှစ်နိုင်ငံလွှတ်တော် များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင် ရေး၊ မြန်မာနိုင်ငံဖွံ့ဖြိုးရေးကို ရှေးရှုသည့် ရင်းနှီးမြှုပ်နှံမှုများ အရှိန် အဟုန်မပျက်ဆက်လက်တိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုး သားရင်ကြားစေ့ရေး၊ လွှတ်တော် ၏ ဥပဒေပြုရေးကိစ္စရပ်များဆွေးနွေးခဲ့သည်။

ထို့ပြင် ဂျပန်နိုင်ငံစီးပွားရေး လုပ်ငန်းအသင်းချုပ် (Keidanren) သို့ ရောက်ရှိပြီး ဂျပန်-မြန်မာစီး ပွားရေးကော်မတီဥက္ကဋ္ဌ Mr. KOBAYASHI Ken နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထို့နောက် ဦးဝင်းမြင့်နှင့် အဖွဲ့သည် နိုဝင်ဘာ ၃၀ ရက်က ဟီရိုရှီးမားမြို့သို့ ရောက်ရှိကာ နျူကလီးယားဗုံးဒဏ်ကြောင့် သေ ဆုံးသူများအား ရည်စူး၍ လွမ်းသူ့ပန်းခွေချခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ဒီဇင်ဘာ ၂ ရက် ညနေ ၄ နာရီခွဲတွင် မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိလာသည်။

========================
251 / End