၅ ဒီဇင်ဘာ ၂၀၁၇ - ၁၅:၃၈
‘ဝ’ အဖွဲ့နှင့် ယူနန်အစိုးရကြား ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေးပူးပေါင်းရန် လက်မှတ်ရေးထိုး

မြန်မာ-တရုတ်နယ်စပ် အခြေပြု ‘ဝ’လက်နက်ကိုင်အဖွဲ့ (UWSA)နှင့် တရုတ်နိုင်ငံ ယူနန် ပြည်နယ်အစိုးရအကြား ဘိန်းအ စားထိုးသီးနှံစိုက်ပျိုးရေးပူးပေါင်း လုပ်ဆောင်ရန် သဘောတူလက် မှတ်ရေးထိုးခဲ့ကြောင်း UWSA လားရှိုးမြို့ဆက်ဆံရေးရုံး ဒုတိယ တာဝန်ခံ ဦးညီရန်းက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 မြန်မာ-တရုတ်နယ်စပ် အခြေပြု ‘ဝ’လက်နက်ကိုင်အဖွဲ့ (UWSA)နှင့် တရုတ်နိုင်ငံ ယူနန် ပြည်နယ်အစိုးရအကြား ဘိန်းအ စားထိုးသီးနှံစိုက်ပျိုးရေးပူးပေါင်း လုပ်ဆောင်ရန် သဘောတူလက် မှတ်ရေးထိုးခဲ့ကြောင်း UWSA လားရှိုးမြို့ဆက်ဆံရေးရုံး ဒုတိယ တာဝန်ခံ ဦးညီရန်းက ပြောသည်။

 အဆိုပါသဘောတူလက် မှတ်ရေးထိုးခြင်းအခမ်းအနားကို ဒီဇင်ဘာ ၂ ရက်က UWSA ဌာန ချုပ် ပန်ဆန်း၌ ကျင်းပခဲ့သည်ဟု ၎င်းက အတည်ပြုသည်။

‘‘ဘိန်းအစားထိုးသီးနှံစိုက် ပျိုးရေးတွေ ပူးပေါင်းလုပ်ဆောင် ဖို့ သဘောတူမှုလက်မှတ်ရေးထိုး တာပါ။ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်နဲ့ နယ်စပ်ဒေသတည် ငြိမ်ရေးအတွက် အခြေခံလိုအပ် ချက်ဖြစ်တဲ့ စိုက်ပျိုးရေးအခန်း ကဏ္ဍတွေ ပူးပေါင်းတဲ့သဘောနဲ့ လက်မှတ်ထိုးတာပါ’’ဟုဦးညီရန်း ကပြောသည်။

UWSA က ၂၀၀၅ တွင် ဘိန်းစိုက်ပျိုးမှုလုံးဝမရှိကြောင်း ကမ္ဘာ သို့ ကြေညာပြီးကတည်းက ယူနန်အစိုးရနှင့် ယခုကဲ့သို့ ပူးပေါင်း ဆောင်ရွက်ခဲ့သည်ဟု ၎င်းက ရှင်းပြသည်။

UWSA အနေဖြင့် တရုတ် နိုင်ငံနှင့် ယခုကဲ့သို့ လက်မှတ် ထိုးခြင်းနှင့်ပတ်သက်၍ မြန်မာ အစိုးရနှင့် UWSA ဌာနချုပ်တို့ အကြား မည်ကဲ့သို့ ဆက်သွယ် ဆောင်ရွက်သည်ဆိုခြင်းကိုမူ ၎င်း အနေဖြင့် မသိဟု ဦးညီရန်းက ပြောသည်။ သို့ရာတွင် မြန်မာအ စိုးရနှင့် UWSA တို့အကြားတွင် လည်း ယခုကဲ့သို့ မူးယစ်တိုက် ဖျက်ရေးလုပ်ငန်းများပူးပေါင်း ဆောင်ရွက်မှုရှိသည်ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာက လည်း UWSA နှင့် ယူနန်ပြည်နယ် အစိုးရတို့သည် နယ်စပ်ဒေသလုံ ခြုံရေးနှင့် မူးယစ်ဆေးဝါးတိုက် ဖျက်ရေးပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့သည်။

‘ဝ’လက်နက်ကိုင်အဖွဲ့အ နေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ် သက်ပြီး နာမည်ဆိုးဖြင့် ကျော် ကြားသည့်အဖွဲ့အစည်းတစ်ခုဖြစ် သော်လည်း အဖွဲ့တာဝန်ရှိသူများ ကမူ ၎င်းတို့ဒေသတွင် မူးယစ်ဆေး ဝါးတိုက်ဖျက်ရေး အားသွန်ခွန် စိုက်လုပ်ဆောင်နေကြောင်း ပြော ဆိုထားသည်။

UWSA သည် အစိုးရနှင့် ၂၅ နှစ်ကျော် အပစ်ရပ်စဲရေးဆောင်ရွက်ထားသည့် လက် နက်ကိုင်အဖွဲ့ဖြစ်သည်။ သို့ရာတွင် အစိုးရ၊ တပ်မတော်တို့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးသဘောတူစာချုပ် (NCA)ကို အခြေခံပြီး ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန် ငြင်းဆိုထားသည်။

UWSA သည် အခြားလက် နက်ကိုင် ခြောက်ဖွဲ့နှင့်အတူ မြောက်ပိုင်းလက်နက်ကိုင်ခုနစ် ဖွဲ့ဟူ၍ စုဖွဲ့ကာ NCA လက်မှတ်မထိုးဘဲ နိုင်ငံရေးဆွေးနွေးရန် ကြိုးစားနေသည်။

========================
251 / End