၁၂ နိုဝင်ဘာ ၂၀၂၆ - ၁၈:၁၁
ဒေသတွင်း နှင့် ဒေသပြင်ပမှ မည်သည့်ခြိမ်းခြောက်မှုကိုမဆို ရင်ဆိုင်ရန် အသင့်ရှိနေကြောင်း ဗိုလ်ချုပ် ဆယက်ဒ် မဂျီးဒ် မူစဝီပြောကြား

အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ လေတပ်တပ်မှူးက ယနေ့အချိန်တွင် ဒေသတွင်းနှင့် ဒေသပြင်ပမှ မည်သည့် ခြိမ်းခြောက်မှုမျိုးကိုမဆို ထိရောက်ပြီး ယုံကြည်စိတ်ချရသော နည်းလမ်းဖြင့် ရင်ဆိုင်တုံ့ပြန်နိုင်ရန် အပြည့်အဝ အသင့်ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ  အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ လေတပ်တပ်မှူး ဗိုလ်ချုပ် ဆယက်ဒ် မဂျီးဒ် မူစဝီ သည် ဗိုလ်ချုပ်ကြီး အဗ်ဒိုလ္လာဟ်ဟီ တက်ရောက်ခဲ့သည့် အဆိုပါတပ်ဖွဲ့၏ ဒုံးကျည်မြို့တော်အသစ် ဖွင့်လှစ်မိတ်ဆက်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

၎င်းက လေတပ်တပ်ဖွဲ့ ၏ ယခင်တပ်မှူးများ ချန်ထားခဲ့သည့် အမွေအနှစ်များနှင့် စွမ်းဆောင်ရည်များကို ရည်ညွှန်းပြောဆိုခဲ့ပြီး လေးစားထိုက်သော လေတပ်တပ်မှူးများ ချန်ထားခဲ့သည့် စွမ်းရည်များသည် ယနေ့ကျွန်ုပ်တို့အတွက် ခိုင်မာပြီး ယုံကြည်စိတ်ချရသော ကာကွယ်ရေးအင်အားတစ်ရပ် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ယင်းစွမ်းရည်များဖြင့် ကျွန်ုပ်တို့၏ ဂုဏ်သိက္ခာရှိသော ပြည်သူများကို ကာကွယ်နိုင်သကဲ့သို့ ရန်သူများကို ရင်ဆိုင်ရာတွင်လည်း လက်နက်ကိုင်တပ်ဖွဲ့များ၏ အထွတ်အထိပ်တပ်မှူး၏ ညွှန်ကြားချက်များနှင့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်နိုင်ကြောင်း ၎င်းက ဆိုပါတယ်။

ဗိုလ်ချုပ် မူစဝီ က ဆက်လက်၍ ယနေ့အချိန်တွင် ဒေသတွင်းနှင့် ဒေသပြင်ပမှ မည်သည့်ခြိမ်းခြောက်မှုမျိုးကိုမဆို ထိရောက်ပြီး ယုံကြည်စိတ်ချရသော နည်းလမ်းဖြင့် ရင်ဆိုင်တုံ့ပြန်ရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

ရန်သူများအနေဖြင့် နိုင်ငံအပေါ် မကောင်းသော အကြံအစည်များ မထားရှိသင့်ကြောင်း အလေးပေးပြောကြားခဲ့ပြီး ယနေ့ အံ့ဖွယ်ကောင်းစွာ လှုပ်ရှားပါဝင်လာကြသည့် ပြည်သူများ၏ အင်အားကို အခြေခံကာ အင်န်ရှာအလ္လာဟ် ရန်သူများကို ရင်ဆိုင်ရာတွင် မိမိတို့၏ အင်အား၊ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် မယိမ်းမယိုင်သော ဇွဲသတ္တိတို့ကို ပြသသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့ပြင် ပြီးခဲ့သည့် ကိုးလကျော်ကာလအတွင်း ပြည်သူများသည် စစ်မြေပြင်များနှင့် လမ်းမများပေါ်တွင် တန်ဖိုးရှိသော ပါဝင်မှုကို ပြသခဲ့ကြကြောင်းလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ၏ လေတပ်တပ်မှူးက လိုအပ်လာပါက ဒေသတွင်းနှင့် ဒေသပြင်ပရှိ ရန်သူများ၏ စွမ်းဆောင်ရည်နှင့် အရင်းအမြစ်အားလုံးကို မိမိတို့၏ ပစ်ခတ်တိုက်ခိုက်မှုများ၏ ပစ်မှတ်အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့ပြင် ရန်သူများအတွက် ရှုံးနိမ့်ခြင်းနှင့် အရေးနိမ့်ခြင်းမှလွဲ၍ အခြားရလဒ်တစ်စုံတစ်ရာ ချန်ထားမည်မဟုတ်ကြောင်းလည်း ဆိုပါတယ်။

လေတပ်တပ်ဖွဲ့ဝင်များ၏ အဆက်မပြတ် စစ်ရေးအသင့်အနေအထားနှင့်ပတ်သက်၍ ဗိုလ်ချုပ် မူဆာဗီက စစ်မျက်နှာအားလုံးတွင် လေတပ်တပ်ဖွဲ့ဝင်များသည် ယခင်စစ်ပွဲနှစ်ကြိမ်ကဲ့သို့ပင် နိုင်ငံ၏ အုပ်ချုပ်ရေးစနစ်ကို ကာကွယ်ရန် ရှေ့တန်းတွင် ဆက်လက်ရှိနေကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက ထပ်မံ၍ အင်ရှာအလ္လာဟ်၊ အခွင့်အလမ်းများ ဖန်တီးခြင်းနှင့် အသင့်ပြင်ဆင်မှု အဆင့်တိုင်း ပြီးဆုံးသည့်အခါတိုင်း လေတပ်တပ်ဖွဲ့၏ စစ်ရေးဖွဲ့စည်းပုံအတွင်း ထုတ်ကုန်အသစ်များ၊ လက်နက်အသစ်များနှင့် စစ်ဘက်ဆိုင်ရာ ကိရိယာအသစ်များကို မြင်တွေ့ခွင့်ရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha