၁၂ နိုဝင်ဘာ ၂၀၂၆ - ၁၅:၀၄
နေတန်ယာဟုနှင့် ရုပ်ရည်ဆင်တူမှုကြောင့် အီရန်ဆိုင်ရှင် အခက်တွေ့

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် မျက်နှာသွင်ပြင် ဆင်တူနေသည့် အီရန်နိုင်ငံမှ ဆိုင်ရှင်တစ်ဦးသည် ၎င်း၏ရုပ်ရည်ဆင်တူမှုကြောင့် လူထုအကြား အာရုံစိုက်မှုများ ဖြစ်ပေါ်လာခဲ့ပြီး အချို့အီရန်နိုင်ငံသားများက ၎င်း၏ဆိုင်ကို သပိတ်မှောက်ရန် တောင်းဆိုလာကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်နိုင်ငံတွင် ဆိုင်ဖွင့်လှစ်ရောင်းချနေသည့် အမျိုးသားတစ်ဦးသည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် မျက်နှာသွင်ပြင် အလွန်ဆင်တူနေခြင်းကြောင့် အငြင်းပွားဖွယ်ရာ အခြေအနေတစ်ရပ်နှင့် ရင်ဆိုင်နေရပါတယ်။

အီရန်နိုင်ငံသားအချို့က ၎င်း၏မျက်နှာသွင်ပြင်သည် နေတန်ယာဟုနှင့် ဆင်တူနေခြင်းကို အကြောင်းပြု၍ အဆိုပါဆိုင်တွင် ပစ္စည်းများ ဆက်လက်ဝယ်ယူခြင်းမပြုတော့ကြောင်း ပြောဆိုကြသည့်အပြင် ဆိုင်ကို သပိတ်မှောက်ရန်လည်း တောင်းဆိုမှုများ ပြုလုပ်လာကြပါတယ်။

ဤဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် အပြစ်မဲ့ ပါလက်စတိုင်း ၊ လက်ဘနွန် ၊ အီရန်ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် အီရန်ပြည်သူများအပေါ် အစ္စရေး၏ စစ်ရေးတိုက်ခိုက်မှုများနှင့် အီရန်ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားသည့် လုပ်ကြံသတ်ဖြတ်မှုများအတွက် နေတန်ယာဟုအပေါ် အီရန်ပြည်သူအချို့၏ အလွန် မုန်းတီးရွံရှာမှုနှင့် အလွန် နာကြည်းမှု မည်မျှပြင်းထန်နေသည်ကိုလည်း ထင်ဟပ်မြင်တွေ့နိုင်ပါတယ်။ 

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha