၁၃ ဒီဇင်ဘာ ၂၀၁၇ - ၁၅:၀၇
၂၁ ရာစုခေတ်သစ်ပိုးလမ်းမနှင့် အပြိုင် နိုင်ငံရေးစင်္ကြံလမ်းသစ်

ဘေဂျင်းသည် စီးပွားရေးအရသာမက နိုင်ငံရေးအရလည်း ကမ္ဘာ့တစ်နံတစ်လျား သြဇာဖြန့်ကြက် ရန် ဗျူဟာမြောက်ပုံဖော်လျက်ရှိ နေသည်။ ရပ်ဝန်းနှင့်လမ်းကြောင်း (သို့မဟုတ်) ၂၁ ရာစုပိုးလမ်းမ ကြီးကို နိုင်ငံရေးအရ ကျားကန် ပေးမည့် နိုင်ငံရေးပိုးလမ်းမသစ် တစ်ခု ဖောက်လုပ်ရန် ဟန်ပြင် နေသည့် ခြေလှမ်းများကို တွေ့ နေရသည်။ တရုတ်ကွန်မြူနစ်ပါ တီနှင့် ပြည်ပနိုင်ငံရေးပါတီများ ဆွေးနွေးပွဲသည် ဖွံ့ဖြိုးဆဲနိုင်ငံများ ကို ဗဟိုပြုချဲ့ထွင်မည့် ဘေဂျင်း ၏ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး ကွန်ရက်နှင့် ဆက်စပ်နေသည့် ကနဦးအစခြေလှမ်းဖြစ်နိုင်ဖွယ် ရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘေဂျင်းသည် စီးပွားရေးအရသာမက နိုင်ငံရေးအရလည်း ကမ္ဘာ့တစ်နံတစ်လျား သြဇာဖြန့်ကြက် ရန် ဗျူဟာမြောက်ပုံဖော်လျက်ရှိ နေသည်။ ရပ်ဝန်းနှင့်လမ်းကြောင်း (သို့မဟုတ်) ၂၁ ရာစုပိုးလမ်းမ ကြီးကို နိုင်ငံရေးအရ ကျားကန် ပေးမည့် နိုင်ငံရေးပိုးလမ်းမသစ် တစ်ခု ဖောက်လုပ်ရန် ဟန်ပြင် နေသည့် ခြေလှမ်းများကို တွေ့ နေရသည်။ တရုတ်ကွန်မြူနစ်ပါ တီနှင့် ပြည်ပနိုင်ငံရေးပါတီများ ဆွေးနွေးပွဲသည် ဖွံ့ဖြိုးဆဲနိုင်ငံများ ကို ဗဟိုပြုချဲ့ထွင်မည့် ဘေဂျင်း ၏  ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး ကွန်ရက်နှင့် ဆက်စပ်နေသည့် ကနဦးအစခြေလှမ်းဖြစ်နိုင်ဖွယ် ရှိသည်။

ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ် တွင် တရုတ်ကွန်မြူနစ်ပါတီသည် ပိုမိုအားစိုက်လာတော့မည် ဖြစ် သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများကို ဗဟို ပြုမည့် ဘေဂျင်း၏နိုင်ငံရေး သြဇာချဲ့ထွင်ရေးဗျူဟာသည် ၂၁ရာစုနိုင်ငံတကာရေးရာနှင့် သံခင်း တမန်ခင်းကို ပိုမိုစိတ်လှုပ်ရှား ဖွယ်ရာ ဖြစ်စေလိမ့်မည်ဟုလည်း သုံးသပ်ကြသည်။ တရုတ်နဂါး ကြီးသည် ကမ္ဘာ့နိုင်ငံရေးမျက်နှာ စာတွင် လက်သီးလက် မောင်းတန်းလှုပ်ရှားလာမည့် အရိပ်အယောင် များကို မြင်တွေ့နေရပြီး  စီးပွားရေးသြဇာနှင့် နိုင်ငံရေးသြဇာတို့ ကို ကိုင်းကျွန်းမှီ ကျွမ်းကိုင်းမှီတည် ဆောက်လာနိုင်ဖွယ် ရှိသည်ဟု လည်း မှန်းဆကြသည်။ သို့ဆိုလျှင် ဘေဂျင်းသည် လာမည့်နှစ်များတွင် ပို၍ပို၍ သြဇာဖြန့်ကြက် လာမည်မှာ မြေကြီးလက်ခတ်မ လွဲပင် ဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့တွင် တရုတ်ကွန်မြူ နစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီ များအကြား   အဆင့်မြင့်ခေါင်း ဆောင်များ ဆွေးနွေးပွဲကို ၂၀၁၇ နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည်။ တရုတ်သမ္မတ စီကျင်းပင်ကိုယ် တိုင် တက်ရောက်အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။ ပြည်ထောင် စုသမ္မတ မြန်မာနိုင်ငံတော်၏အ တိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရ၏ အထူးဧည့် သည်တော်အဖြစ် တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါ ဆွေးနွေပွဲနှင့်တစ်ပြိုင်နက် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ် နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်သည် တစ်နှစ်အတွင်း နှစ်ကြိမ်မြောက်သွားရောက်ခဲ့ခြင်းဖြစ်သည့်အ လျောက် ထူးခြားသည်ဟု သုံးသပ် နိုင်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သည် ၂၁ ရာစုပိုးလမ်းမကြီး (သို့မဟုတ်) ရပ်ဝန်းနှင့်လမ်း ကြောင်း စီမံကိန်းကိုေ ခတ်သစ် ဂလိုဘယ်လိုက်ဇေးရှင်းပုံစံအဖြစ် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု စင်္ကြံလမ်းပေါ်တွင် အလုံးအရင်း နှင့် တည်ဆောက်နေသည့် အခိုက်အတန့်တွင် နိုင်ငံရေးအရ ဂလို ဘယ်လိုက်ဇေးရှင်းကို မဟာဗျူ ဟာမြောက်တည်ဆောက်နိုင်ရန် ချဉ်းကပ်မှုသစ်တစ်ခုအဖြစ် တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည် ပနိုင်ငံရေးပါတီများအကြား အဆင့်မြင့် ခေါင်းဆောင်များ ဆွေး နွေးပွဲကို ကျင်းပခဲ့ခြင်းလည်း ဖြစ် ကောင်းဖြစ်နိုင်သည်။ အနောက် နိုင်ငံများ၏ ဂလိုဘယ်လိုက်ဇေး ရှင်းနှင့် မတူကွဲပြားခြားနားပြီး၊ အားလုံးပါဝင်ပူးပေါင်းဆောင် ရွက်နိုင်မည့် ဂလိုဘယ်လိုက်ဇေး ရှင်းပုံစံသစ်ကို ၂၁ ရာစုပိုးလမ်း မကြီးစီမံကိန်းတွင် ပုံဖော်မည်ဟု ဘေဂျင်းသည် အစောပိုင်းက တည်းက ကြွေးကြော်လျက်ရှိ သည်။ စီးပွားရေး ဂလိုဘယ်လိုက် ဇေးရှင်းပုံစံသစ်နှင့်အပြိုင် တရုတ် ကွန်မြူနစ်ပါတီသည် ပြည်ပနိုင်ငံ ရေးပါတီများနှင့်ထိတွေ့၊ ညှိနှိုင်း၊ ဆွေးနွေးကာ အားလုံးပါဝင်နိုင် မည့် နိုင်ငံရေး ဂလိုဘယ်လိုက်ဇေး ရှင်း စင်္ကြံလမ်းကို ဖော်ဆောင် နိုင်ဖို့ ခြေလှမ်းပြင်နေသည်မှာ လယ်ပြင်မှာဆင်သွားသလို ထင် ရှားနေပြီဖြစ်သည်။ အဖွင့်မိန့်ခွန်း တွင် သမ္မတ စီကျင်းပင်က တရုတ် ကွန်မြူနစ်ပါတီသည် နိုင်ငံပေါင်း ၁၆၀ ကျော်တွင် နိုင်ငံရေးပါတီ နှင့် အဖွဲ့အစည်းပေါင်း ၄၀၀ ကျော်နှင့် နီးနီးကပ်ကပ် ဆက်ဆံ ရေးတည်ဆောက်ထားသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ အ မေရိကန်ပြည်ထောင်စု၊ ရီပက် ဘလေကန်ပါတီ၏ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည်လည်း တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပ  နိုင်ငံရေးပါတီများအကြား အဆင့် မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲ ကို တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြော ကြားခဲ့သည်။

နိုင်ငံရေးပါတီများ၏ တာဝန်ယူမှု၊ တာဝန်ခံမှုဟုသတ်မှတ်နိုင် သည့် သာလွန်ကောင်းမွန်သော ကမ္ဘာနှင့် လူသားမျိုးနွယ်အတွက် တူမျှသော အနာဂတ်နှင့် လူ့အ သိုင်းအ၀ိုင်းကို အတူတကွဖော် ဆောင်ရေးဆိုသည့် ဆောင်ပုဒ် အောက်တွင် တရုတ်ကွန်မြူနစ် ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီအ ဆင့် မြင့်ခေါင်းဆောင်များသည် အတွေးအခေါ်၊ အယူအဆများ နှင့် အတွေ့အကြုံများကို အပြန် အလှန်မျှဝေ၊ လေ့လာ၊ သင်ယူခဲ့ ကြသည်ဟု ဆွေးနွေးပွဲနှင့်စပ် လျဉ်း၍ ဖော်ပြခဲ့ကြသည်။ တရုတ်သမ္မတ စီကျင်းပင်က တရုတ်၏ နိုင်ငံရေးစနစ်ကို အခြားနိုင်ငံများ သို့ တင်ပို့မည်မဟုတ်သကဲ့သို့ အခြားနိုင်ငံများ၏ နိုင်ငံရေးစနစ် ကိုလည်း တရုတ်နိုင်ငံထဲ တင်သွင်းသည်ကို လက်ခံမည် မဟုတ်ကြောင်း၊ မိတ်ဆွေနိုင်ငံများအ နေဖြင့် တရုတ်နိုင်ငံ၏ ပုံစံကို ပုံတူကူးဖော်ဆောင်ရန် မလိုအပ်ပါ ကြောင်း ဆွေးနွေးပွဲအဖွင့်မိန့်ခွန်း တွင် ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ(၁၉) ကြိမ်မြောက် ကွန်ဂရက်အလွန် ခေတ်သစ်တွင် အပြောင်းအလဲ များနှင့် မပြောင်းမလဲများကို အ များကစိတ်ဝင်စားနေဆဲ ဖြစ် သည်။ တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများအကြား အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲသည် တရုတ်ကွန်မြူ နစ်ပါတီ၏ ကမ္ဘာလုံးဆိုင်ရာကွန် ရက်ကို ဖြန့်ကြက်ခဲ့ခြင်းဖြစ်ပြီး၊ တရုတ်ကွန်မြူနစ်ပါတီကို ကမ္ဘာ့ နိုင်ငံရေးစင်္ကြံလမ်းထက် ပို၍ ထိုးတင်လိုက်ခြင်းပင် ဖြစ်သည်။ ကမ္ဘာ့လူဦးရေ၏ ငါးပုံ-တစ်ပုံနေ ထိုင်သော တရုတ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုသည် တရုတ်နိုင်ငံသာ မက ကမ္ဘာအတွက်လည်း အကျိုးများစေလိမ့်မည်ဟု မှတ်ချက်ပြု ကြသည်။ တရုတ်ကွန်မြူနစ်ပါ တီအနေဖြင့် ပါတီတည်ဆောက် ရေးနှင့် စပ်လျဉ်း၍ အခြားနိုင်ငံရေးပါတီများနှင့် အမြင်၊သဘောထား၊ အတွေ့အကြုံဖလှယ်ရန် လိုလိုလားလား ရှိနေသည်ဟု လည်း သုံးသပ်ကြသည်။

တရုတ်သမ္မတ စီကျင်းပင် သည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကမ္ဘောဒီးယားနိုင်ငံ ၀န်ကြီးချုပ် ဟွန်ဆန်တို့ကို သီးခြားစီတွေ့ဆုံ ခဲ့သည်။ မှတ်တမ်းဓာတ်ပုံတွင် စီ ကျင်းပင်၏လက်ဝဲနှင့် လက်ယာတို့၌ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်နှင့် ၀န်ကြီးချုပ်ဟွန် ဆန်တို့က နေရာယူထားသည်။ တရုတ်နိုင်ငံ၏ အိမ်နီးချင်းသံခင်း တမန်ခင်းမူဝါဒနှင့် ဆက်စပ် ကောင်းဆက်စပ်နိုင်မည် ဖြစ် သည်။ လာမည့်ငါးနှစ်တာကာလ တွင် တရုတ်ကွန်မြူနစ်ပါတီ သည် ပြည်ပနိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်တစ်သောင်းငါး ထောင်ခန့်ကို ပါတီချင်းပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဖိတ်ကြားမည် ဖြစ်သည်။ ၂၀၁၆ နောက်ပိုင်း တရုတ်ကွန်မြူနစ်ပါ တီသည် အာဏာရအမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ၏ ကိုယ် စားလှယ်များကို သိသိသာသာ တိုးမြှင့်ဖိတ်ကြားလာသည့်အပြင် နှစ်နိုင်ငံအကြား ပေါက်ဖော်ဆက် ဆံရေးသည်လည်း နီးကပ်သည် ထက် နီးကပ်လာနေသည်။

တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများအကြား အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲကို နိုင်ငံပေါင်း ၁၂၀ မှ နိုင်ငံ ရေးပါတီနှင့် အဖွဲ့အစည်း ၃၀၀ ခန့်ကို ကိုယ်စားပြုသည့် ကိုယ်စားလှယ် ၆၀၀ ကျော် တက် ရောက်ခဲ့သည်ဟု တရုတ်ကွန်မြူ နစ်ပါတီဗဟိုကော်မတီ နိုင်ငံ တကာဆက်ဆံရေးဌာနက ထုတ် ပြန်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲ သည် တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတကာ နိုင်ငံရေးပါတီများအ ကြား နိုင်ငံရေးသံခင်းတမန်ခင်းအ ရ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေးနှင့် ညှိနှိုင်းဆွေး နွေးအဖြေရှာရေး လမ်းကြောင်း သစ်ကို ဖော်ဆောင်နိုင်ရန် ရည် ရွယ်သည့် စင်္ကြံလမ်းလည်း ဖြစ် သည်။ အဆိုပါ ဆွေးနွေးပွဲအပေါ် နိုင်ငံတကာ နိုင်ငံရေးပါတီခေါင်း ဆောင်များ၏ စိတ်ဝင်စားမှုသည် လည်း မြင့်မားခဲ့သည်ဟုဆိုနိုင် သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ကမ္ဘောဒီးယား ၀န်ကြီးချုပ်ဟွန် ဆန်အပါအ၀င် နိုင်ငံတကာ နိုင်ငံ ရေးပါတီခေါင်းဆောင်များသည် တရုတ်ကွန်မြူနစ်ပါတီက ကမ ကထပြုကျင်းပခဲ့သည့် ဆွေးနွေး ပွဲနှင့်စပ်လျဉ်း၍ အကြီးအကျယ် ဂုဏ်ပြုစကားဆိုခဲ့ကြပြီး အနာ ဂတ်တွင် ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်နိုင်ရေးကို ထည့်သွင်း ပြောကြားခဲ့ကြသည်။ စီကျင်းပင် လက်ထက်တွင် အစိုးရ-အစိုးရ ချင်းဆက်ဆံရေး၊ တပ်မတော်- တပ်မတော်ချင်းဆက်ဆံရေးတို့ အပြင် ပါတီ-ပါတီချင်းဆက်ဆံ ရေးကိုလည်း ပိုမိုချဲ့ထွင်ဆောင် ရွက်လာခဲ့သည့်အပြင် ပြည်သူ- ပြည်သူချင်းဆက်ဆံရေးကိုလည်း ပို၍ပို၍ ချဲ့ထွင်လာနေသည်ဟု ဆိုရမည် ဖြစ်သည်။

သမ္မတစီကျင်းပင်က နိုင်ငံ တကာအခင်းအကျင်းက မည်သို့ ပြောင်းလဲသည်ဖြစ်စေ၊ တရုတ် နိုင်ငံသည် မည်မျှအားကြီးလာ သည်ဖြစ်စေ၊ တရုတ်နိုင်ငံအနေ ဖြင့် ဗိုလ်ကျစိုးမိုးခြင်း၊ နယ်ပယ် ချဲ့ထွင်ခြင်းနှင့် သြဇာတည် ဆောက်ခြင်းတို့ကို လုပ်ဆောင် မည်မဟုတ်ကြောင်းနှင့် တရုတ် နိုင်ငံသည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် အခြားနိုင်ငံရေး ပါတီများနှင့် အလုပ်လုပ်ရန် ဆန္ဒ ရှိပါကြောင်း မိန့်ခွန်းတွင် ထည့် သွင်းပြောကြားခဲ့သည်။ တရုတ် နိုင်ငံအနေဖြင့် ၂၁ ရာစု ပိုးလမ်းမ ကြီး စီမံကိန်းနှင့်အတူ စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍ ချဲ့ ထွင်လာနေခြင်း၊ နိုင်ငံရေးပူး ပေါင်းဆောင်ရွက်နိုင်မည့် ယန္တရား တည်ဆောက်လာနေခြင်းတို့ သည် ကမ္ဘာ့မျက်နှာစာတွင် စိုး ရိမ်မည်ဆိုလျှင် စိုးရိမ်ဖွယ်ရာ ခြေ လှမ်းများဖြစ်နေသည်။

အချုပ်အားဖြင့်ဆိုသော် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တရုတ်ကွန်မြူနစ်ပါတီတို့သည် ၂၁ ရာစုခေတ်သစ် ပိုးလမ်းမကြီး နှင့်အပြိုင် ခေတ်သစ်နိုင်ငံရေး ပိုးလမ်းမကြီးကို ကမ္ဘာတစ်လွှား နိုင်ငံရေးပါတီများအကြား ဖြန့် ကြက်ဖောက်လုပ်ရန် ခြေလှမ်းစ နေပြီဖြစ်သည်။ တတိယကမ္ဘာ့ နိုင်ငံများဟု အမည်ရခဲ့သော ဖွံ့ဖြိုး ဆဲနိုင်ငံများသည် ဘေဂျင်း၏ ကျောရိုးနိုင်ငံများဖြစ်လာနိုင်ဖွယ်ရှိပြီး၊     ထိထိရောက်ရောက်၊ ကျယ်ကျယ်ပြန့်ပြန့် မဟာဗျူဟာ မြောက်   ပူးပေါင်းဆောင်ရွက်၍ အမြင်အတွေ့အကြုံဖလှယ်ကာ တစ်လှေတည်းစီး တစ်ခရီးတည်း သွား မိတ်ဆွေမျာအဖြစ် အား ကောင်း  စုဖွဲ့လာနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။  ။

========================
251 / End