အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အနည်းဆုံးအခ ကြေးငွေ ကျပ် ၅,၆၀၀ အထက် သတ်မှတ်ပေးရန် အလုပ်သမား များက ဆန္ဒပြတောင်းဆိုနေမှုများ အပေါ် အသိအမှတ်ပြုကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်း ဆွေက ပြောသည်။
အနည်းဆုံး အခကြေးငွေ ပြင်ဆင်သတ်မှတ်ရန် နီးကပ်လာ ပြီး အလုပ်သမားများကလည်း ၎င်းတို့တောင်းဆိုချက်နှုန်းထား အတိုင်း ပြင်ဆင်သတ်မှတ်ပေးရန် ဆန္ဒထုတ်ဖော်မှုများကြောင့် မ ကြာခဏပြုလုပ်နေသည်။
‘‘ဆန္ဒပြအလုပ်သမားတွေ သူတို့ဆန္ဒထုတ်ဖော်တာကိုလည်း အသိအမှတ်ပြုပါတယ်။ သူတို့အ သံကိုလည်း နားထောင်ပါတယ်။ ဆွေးနွေးပြီးတော့ အားလုံးအကျေ အလည်ဖြစ်အာင် ဆောင်ရွက်ပေး ပါမယ်’’ ဟု ဝန်ကြီးဦးသိန်းဆွေ ကပြောသည်။
အနည်းဆုံးအခကြေးငွေ နှုန်းထားကို ၅,၆၀၀ ကျပ်အထက် တိုးမြှင့်ပေးရန် အလုပ်သမားများ က တောင်းဆိုထားပြီး အလုပ်ရှင် အများစုက ကျပ် ၄,၀၀၀ခန့်အထိ သာတိုးမြှင့်ပေးနိုင်မည်ဟု အစိုးရ ထံ အဆိုပြုထားသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ် အနည်းဆုံး အခကြေးငွေသတ် မှတ်ရေးဆိုင်ရာ ကော်မတီများက အလုပ်သမားများအတွက် တစ် ရက်လုပ်ခ ကျပ် ၄,၀၀၀ မှ ၆,၄၀၀ကြား သတ်မှတ်ပေးနိုင်ရန် အဆို ပြုထားသည်။
‘‘အလုပ်သမားတွေကလက် ရှိကုန်ကျစရိတ်တွေ ကုန်ဈေးနှုန်း တွေနဲ့ တွက်ပြီးတောင်းဆိုတာပါ။ အမှန်ဆိုရင် ၅,၆၀၀ ကျပ်ဆိုတာ လက်ရှိကုန်ဈေးနှုန်းနဲ့ ယှဉ်ရင် နည်းနေပါသေးတယ်။ တောင်းဆို တဲ့နှုန်းအတိုင်းမရရင် အလုပ်သ မားတွေ ဘက်က တုံ့ပြန်မှုတွေ ဆက်လုပ်သွားဖို့ရှိတယ်’’ ဟု လှိုင် သာယာစက်မှုဇုန် အလုပ်သမား အဖွဲ့ခေါင်းဆောင် ကိုညီညီက ပြောသည်။
အဆိုပါတောင်းဆိုမှုနှင့်ပတ် သက်၍ ဒီဇင်ဘာနောက်ဆုံးပတ် တွင် အစိုးရ၊ အလုပ်ရှင်၊ အလုပ် သမားသုံးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်း ၍ နှုန်းထားတစ်ခု ရွေးချယ်မည်ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထိုသို့ ရွေး ချယ်ပြီးပါက ပြည် ထောင်စုအစိုးရ နှင့် လွှတ်တော်သို့ တင်ပြမည်ဖြစ်ပြီး ထပ်မံကြန့်ကြာ မှု မရှိစေရန် ဆောင်ရွက်မည်ဟု ၎င်းကပြောသည်။
အနည်းဆုံးအခကြေးငွေကို ၂၀၁၅ စက်တင်ဘာက ပထမဆုံး အဖြစ် တစ်ရက်လျှင်၃,၆၀၀ ကျပ် သတ်မှတ်ခဲ့ပြီး ၂ နှစ်လျှင် တစ် ကြိမ်ပြင်ဆင်နိုင်ကြောင်း ဥပဒေ တွင် ပြဋ္ဌာန်းထားခြင်းကြောင့် ပြင် ဆင်ရန် ဆောင်ရွက်နေခြင်းဖြစ် သည်။
========================
251 / End
၁၅ ဒီဇင်ဘာ ၂၀၁၇ - ၁၄:၅၅
News ID: 872633
အနည်းဆုံးအခ ကြေးငွေ ကျပ် ၅,၆၀၀ အထက် သတ်မှတ်ပေးရန် အလုပ်သမား များက ဆန္ဒပြတောင်းဆိုနေမှုများ အပေါ် အသိအမှတ်ပြုကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်း ဆွေက ပြောသည်။