အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အဖွဲ့ဝင်ခြောက်ဦးပါ မြန်မာကိုယ်စားလှယ်အဖွဲ့တစ် ဖွဲ့သည် ဘင်္ဂလားဒေ့ရှ်သို့ ရောက်နေသော ဘင်္ဂါလီများကို ပြန်လည်လက်ခံရေး အထောက်အကူဖြစ် စေရန် ပူးပေါင်းအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရေး ဆွေးနွေးပွဲအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဒီဇင်ဘာ ၁၈ ရက်က ရောက်ရှိလာကြောင်း Daily Star သတင်းက ဖော်ပြသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ ကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ဦးဆောင်ကြောင်း သိရ သည်။
အချို့သော ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်နိုင်ငံကြား သဘောထား ကွဲလွဲနေဆဲဖြစ် ကြောင်း သံတမန်သတင်းရင်းမြစ်များကို ကိုးကား၍ Daily Starက ဖော်ပြသည်။ ယင်းကိစ္စအချို့ ကို နှစ်နိုင်ငံစလုံးက ဒုက္ခသည်ပြန် လည်ပို့ဆောင်ရေးလုပ်ငန်းစဉ် မစတင်မီ ဖြေရှင်းလိုကြောင်း ယင်းသတင်းက ဆိုသည်။
နိုဝင်ဘာ ၂၃ ရက်က လက် မှတ်ရေးထိုးသည့် ကနဦးသဘော တူညီမှုတစ်ရပ်အရ သီတင်းသုံး ပတ်အတွက် ပူးပေါင်းအဖွဲ့ ဖွဲ့ ရန် စီစဉ်သော်လည်း ဒီဇင်ဘာ ၁၄ ရက်အမီ ယင်းအဖွဲ့မဖွဲ့နိုင်ဘဲ လုပ်ငန်းဆိုင်ရာ ရှုပ်ထွေးမှုများရှိ ခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ နှင့် ဆွေးနွေးရန် မဟာဗျူဟာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန် ကြီးဌာန၌ နိုင်ငံခြားရေးဝန်ကြီး ဟာကွေးက တနင်္ဂနွေနေ့တွင် ကြီးမှူးပြုလုပ်ခဲ့သည်။
အဖွဲ့ဝင် ၂၄ ဦးပါဝင်မည့် မြန်မာ - ဘင်္ဂလားဒေ့ရှ်ပူးပေါင်း အဖွဲ့ကို နှစ်နိုင်ငံပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများနှင့် ဖွဲ့စည်းမည်ဖြစ်သည်။
ကုလသမဂ္ဂနှင့် လူ့အခွင့် အရေးအဖွဲ့များက ပြန်လည်ပို့ ဆောင်ရေးလုပ်ငန်းစဉ်ကို အချိန် မတိုင်မီ စော၍ပြုလုပ်မည့် ကိစ္စ နှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောသည်။
ထိုအတောအတွင်း ဘင်္ဂါလီ ဒုက္ခသည်များ နေထိုင်ရာ ကော့ ဘဇားဒုက္ခသည်စခန်းသို့ ဘော့စ နီးယား၊ ဘူလ်ဂေးရီးယား၊ ဆိုက် ပရပ်စ်၊ အီသီယိုးပီးယား၊ ဂျော် ဂျီယာ၊ အီဂျစ်၊ မောရေးရှား၊ ပေါ် တူဂီ၊ စလိုဗေးနီးယား၊ ယူကရိန်း၊ ဇမ်ဘီယာ၊ နိုင်ဂျီးရီးယား၊ ချက်၊ သြစတြီးယား၊ ဂါနာ၊ နယူးဇီလန်၊ ကင်ညာနှင့် ပြင်သစ်နိုင်ငံတို့မှ ကိုယ်စားလှယ်များက သွားရောက်လေ့လာခဲ့သည်။
========================
251 / End
၁၉ ဒီဇင်ဘာ ၂၀၁၇ - ၁၅:၄၀
News ID: 873243
အဖွဲ့ဝင်ခြောက်ဦးပါ မြန်မာကိုယ်စားလှယ်အဖွဲ့တစ် ဖွဲ့သည် ဘင်္ဂလားဒေ့ရှ်သို့ ရောက်နေသော ဘင်္ဂါလီများကို ပြန်လည်လက်ခံရေး အထောက်အကူဖြစ် စေရန် ပူးပေါင်းအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရေး ဆွေးနွေးပွဲအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဒီဇင်ဘာ ၁၈ ရက်က ရောက်ရှိလာကြောင်း Daily Star သတင်းက ဖော်ပြသည်။