အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကရင်မော်ဒယ်ဟု ပြောစမှတ်တွင် စေရန် ငြိမ်းချမ်းရေးခရီးတွင် လက်တွေ့ကျကျ ဦး ဆောင်ခဲ့ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး သတ္တိ ရှိရှိ ပူးပေါင်းပါဝင်နေသည့် ကရင်တိုင်းရင်းသားများ ကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပြီး ငြိမ်းချမ်းရေးစံနမူနာကောင်းများဖြင့် ဆက်လက်ဖော်ဆောင်ပေးရန် တိုက်တွန်းခဲ့သည်။
ဒီဇင်ဘာ ၁၈ ရက် (ကရင် နှစ် ၂၇၅၂ ခုနှစ် ပြာသိုလဆန်း ၁ ရက်)တွင် ကျရောက်သည့် ကရင် အမျိုးသားနှစ်သစ်ကူးနေ့ အခမ်း အနားကို နေပြည်တော်၌ ကျင်းပ ရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က တက်ရောက်မိန့်ခွန်း ပြောကြားပြီး ယခုကဲ့သို့ ဆန္ဒပြု တိုက်တွန်းခြင်းဖြစ်သည်။
‘‘ယနေ့အချိန်အခါမှာ ကရင် တိုင်းရင်းသားတွေအနေနဲ့ အမျိုး သား ပြန်လည်သင့်မြတ်ရေးအ တွက် သတ္တိရှိရှိ၊ ရဲရဲရင့်ရင့်နဲ့ ပူး ပေါင်းပါဝင်လျှောက်လှမ်းနေတာ ကိုလည်း ၀မ်းမြောက်ဂုဏ်ယူဖွယ် ရာတွေ့မြင်ကြရပါတယ်။ အဲဒီ အတွက်လည်း ကရင်ခေါင်း ဆောင်များ၊ ကရင်တိုင်းရင်းသား များ၊ ငြိမ်းချမ်းရေးအကျိုးဆောင် များအားလုံးကို ပြည်ထောင်စုကြီး ရဲ့ကိုယ်စား ကျေးဇူးဥပကာရ အ ထူးပင် တင်ရှိပါကြောင်း ဒီကနေ့ လို အခွင့်အခါသင့်ခိုက်မှာ လေး လေးနက်နက် ပြောကြားလိုပါ တယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။
ဆက်လက်၍ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်သည့်ခရီးလမ်းတွင် ခိုင် ခိုင်မာမာလက်တွဲပြီး လျှောက် လှမ်းပေးရန် ၎င်းက တိုက်တွန်း သည်။
‘‘ငြိမ်းချမ်းရေးခရီးလမ်းကို ဖြတ်သန်းလျှောက်လှမ်းကြရာမှာ လည်း Karen Model (ကရင်မော် ဒယ်)ဆိုပြီး ပြောစမှတ်တွင်ရ အောင် လက်တွေ့ကျကျ ဦး ဆောင်ပြခဲ့တာတွေလည်း အထင် အရှားပဲဖြစ်ပါတယ်။ အခုဆိုရင် ကရင်ပြည်နယ် ဒေါနတောင်တန်း မြေမှာ အောင်ပွဲခံတဲ့ ဖားစည်သံ တွေ လွင့်ပျံ့နေခဲ့ပါပြီ။ သေနတ် သံတွေ တိတ်ဆိတ်ပြီး ငြိမ်းချမ်း ခြင်းရဲ့ မေတ္တာတေးသံတွေ၊ စာ သင်ကျောင်းက စာအံသံတွေနဲ့ ခေါင်းလောင်းသံတွေ လွင့်ပျံ့လာခဲ့ပါပြီ’’ဟု ဒေါ်အောင်ဆန်းစု ကြည်ကပြောသည်။
ကရင်ဒေသတွင် ငြိမ်းချမ်း ခြင်း၏ အသီးအပွင့်များ တဖြည်း ဖြည်းချင်း ဝေဆာလာမှုကို မငြိမ်း ချမ်းသေးသည့်ဒေသများရှိ ပြည် သူများက အားကျစွာဖြင့် ငြိမ်း ချမ်းရေးကို ငေးမျှော်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆို သည်။
လက်ရှိကာလသည် တိုင်း ရင်းသား ပြည်သူများအတွက် ခက်ခဲကြမ်းတမ်းသည့် နိုင်ငံရေး၊ စီးပွားရေးစိန်ခေါ်မှုများကို ကျော် လွှားနိုင်ရန် ရင်ဆိုင်နေရချိန်ဖြစ်ကြောင်း ၎င်းက ပြောကြား သည်။
နိုင်ငံတော်၏ အတိတ် သမိုင်းကို ပြန်ကြည့်ပါက ခက်ခဲ ကြမ်းတမ်းသည့်အချိန်ကို နိုင်ငံ သူ၊ နိုင်ငံသား၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုနှင့် ဖြတ်သန်း ကျော်လွှားနိုင်သည့် သမိုင်းအစဉ် အလာကောင်းများလည်း ရှိ ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ထောက်ပြသည်။
‘‘ဘယ်လိုအခက်အခဲ၊ ဘယ် လိုစိန်ခေါ်မှုမျိုးကိုမဆို ရင်ဆိုင် ကျော်လွှားရာမှာ ကျွန်မတို့ ပြည် သူတွေ၊ ကျွန်မတို့ တိုင်းရင်းသား တွေရဲ့ အင်အား၊ စည်းလုံးမှုတွေ နဲ့အစဉ်အမြဲအောင်မြင်ရမယ်လို့ ယုံကြည်ခံယူထားပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။
နေပြည်တော်၌ ကျင်းပ သည့် ကရင်အမျိုးသားနှစ်သစ်ကူး နေ့အခမ်းအနားသို့ လွှတ်တော် ဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီး များ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ ကရင်အမျိုးသားအစည်းအ ရုံး (KNU)မှ ကိုယ်စားလှယ်များ၊ ကရင်တိုင်းရင်းသားမျိုးနွယ်စုများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် KNU ကိုယ်စားလှယ် ဗိုလ်မှူးကြီးကော် ကစာစောနေစိုးက KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ပေး ပို့သည့် သ၀ဏ်လွှာကို ဖတ်ကြားခဲ့သည်။
ကရင်တိုင်းရင်းသားများ သည် လူမျိုးတစ်မျိုး၏ ရပိုင်ခွင့် ဖြစ်သော နိုင်ငံရေး၊ စီးပွားရေးနှင့် လူ့အခွင့်အရေးများအတွက် နည်း လမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့ပြီး နောက်ဆုံးတွင် လက်နက်ကိုင် တော်လှန်ခဲ့သည်မှာ နှစ်ပေါင်း ခြောက်ဆယ်ကျော်ခဲ့ပြီဖြစ်သည်။ လက်ရှိတွင် ယင်းအခွင့်အရေးများ ရရှိရေးအတွက် အပစ်ရပ်စဲပြီး နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ နေကြောင်း KNU ဥက္ကဋ္ဌက ၎င်း ၏ သ၀ဏ်လွှာတွင် ထည့်သွင်း ပြောကြားသည်။
‘‘အပစ်အခတ်ရပ်စဲခြင်း သည် ငြိမ်းချမ်းရေးကို ဧကန်အ မှန်ရရှိထားခြင်းမဟုတ်ပေ။ စစ် မှန်သော ငြိမ်းချမ်းရေးသည် မိမိ တို့ ကရင်အမျိုးသားများအပြင် မိမိတို့၏ နိုင်ငံအတွင်း နေထိုင် လျက်ရှိသော လူမျိုးစုတိုင်းကို လူ မျိုးတစ်မျိုးအဖြစ် လေးစားအသိအမှတ်ပြုပြီး လွတ်လပ်မှု၊ တန်း တူမှုအပြင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို ရရှိသော အချိန်သာဖြစ်ပါသည်’’ ဟု KNU ဥက္ကဋ္ဌက သ၀ဏ်လွှာတွင် ပြော သည်။
ထိုအခွင့်အရေးများကို လည်း နိုင်ငံတော်၏ ဖွဲ့စည်းပုံအ ခြေခံဥပဒေတွင် အတိအလင်း ပြဋ္ဌာန်းထားရှိရန်လိုအပ်ပြီး ထိုသို့ ပြဋ္ဌာန်းထားသည့် အခြေအနေ ရောက်ရှိမှသာလျှင် လူမျိုးတစ်မျိုး နှင့်တစ်မျိုးအကြား ပြန်လည်သင့် မြတ်ခြင်းအပြင် ပြည်တွင်းငြိမ်း ချမ်းရေးသည် ဧကန်အမှန်ရရှိ မည်ဟု KNU ဥက္ကဋ္ဌ သ၀ဏ်လွှာ တွင် ပါရှိသည်။
‘‘NCA လက်မှတ်ထိုးတာကို၊ KNU က ဦးဆောင်ပြီး ရှစ်ဖွဲ့ထိုး တာကို ဖော်ပြပုံရတယ်။ ငြိမ်းချမ်း ရေး KNU ကဦးဆောင်တယ်ဆို တာက ပြောမယ်ဆိုရင် မပြည့်စုံ ဘူး၊ ပြည့်စုံမှန်ကန်တယ်လို့ ပြောမရဘူး။ ငြိမ်းချမ်းရေးကို စတင်ဦးဆောင်တာ ကရင်ကဦးဆောင်တာမဟုတ်ဘူး။ တပ် ပေါင်းစုက တိုင်းရင်းသားများဖွဲ့ စည်းတဲ့ နေရှင်နယ်ဒီမိုကရက် တစ်ဆိုတာရှိတယ်။ စဖွဲ့စည်းခဲ့ တာ ပြည်တွင်းငြိမ်းချမ်းရေးကို ဖက်ဒရယ်တည်ဆောက်ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ချမှတ်ခဲ့တာ’’ဟု ဒေါ်အောင်ဆန်း စုကြည်၏မိန့်ခွန်းနှင့်ပတ်သက်၍ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက မှတ် ချက်ပြုသည်။
KNU အပါအ၀င် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ သည် ၂၀၁၅ အောက်တိုဘာက တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့ သည်။
KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ် ထူးဝင်းက ‘‘တကယ်တမ်းဆိုရင် ကျွန်တော်တို့ ကရင်အမျိုးသား တွေက တိုင်းရင်းသားများထဲမှာ လက်နက်ကိုင်တိုက်ပွဲကို ပထမ ဆုံးဝင်လာခဲ့တဲ့ လူမျိုးစုဖြစ်တယ် လို့ ပြောလို့ရပါတယ်။ ဒီတော့ ကျွန်တော်တို့က အတွေ့အကြုံအ ရ ငြိမ်းချမ်းရေးကို KNU ကနေ တစိုက်မတ်မတ် အခက်အခဲတွေကြားထဲက၊ အမြင်မတူတဲ့ကြား က ကြိုးစားဆောင်ရွက်တာ၊ ဒါကြောင့် မော်ဒယ်ပဲ ပြောရမှာ ပေါ့နော်။ ကျွန်တော်တို့က ကိုယ့် ကိုယ်ကိုယ်တော့ မော်ဒယ်လို့ တော့ မသတ်မှတ်ဘူးပေါ့။ ကိုယ် ကတော့ ဒီဟာကို ယတိပြတ်ဆုံး ဖြတ်ပြီး ငြိမ်းချမ်းရေးကို ကျွန် တော်တို့နိုင်ငံအတွက်၊ ကျွန် တော်တို့ လူမျိုးအတွက် တကယ့် ကို လိုအပ်တဲ့ အရာတစ်ခုဖြစ် တယ်ဆိုတော့ ကြိုးစားပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်တာဖြစ်ပါတယ်’’ ဟု 7Day Dailyသတင်းစာအားပြောသည်။
========================
251 / End
ငြိမ်းချမ်းရေးခရီးတွင် ကရင်တိုင်းရင်းသားများ၏ ဦးဆောင်ပါဝင်မှုကို ကရင်မော်ဒယ်ဟု ဒေါ်အောင်ဆန်းစုကြည် တင်စားပြောကြား အမှန်တကယ်ငြိမ်း
၁၉ ဒီဇင်ဘာ ၂၀၁၇ - ၁၆:၂၁
News ID: 873253
ကရင်မော်ဒယ်ဟု ပြောစမှတ်တွင် စေရန် ငြိမ်းချမ်းရေးခရီးတွင် လက်တွေ့ကျကျ ဦး ဆောင်ခဲ့ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး သတ္တိ ရှိရှိ ပူးပေါင်းပါဝင်နေသည့် ကရင်တိုင်းရင်းသားများ ကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပြီး ငြိမ်းချမ်းရေးစံနမူနာကောင်းများဖြင့် ဆက်လက်ဖော်ဆောင်ပေးရန် တိုက်တွန်းခဲ့သည်။