၃၁ ဒီဇင်ဘာ ၂၀၁၇ - ၁၅:၄၈
ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်အရ သူရဦးတင်ဦး လာမည့်နှစ်တွင် ပါတီဌာနချုပ်သို့ တစ်ပတ်လျှင်တစ်ရက် ရုံးတက်မည်

အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီ နာယက သူရဦးတင် ဦးသည် ဒေါ်အောင်ဆန်းစုကြည် ၏ တောင်းဆိုချက်အရ လာမည့် နှစ်ဆန်းကစတင်၍ တစ်ပတ်လျှင် တစ်ရက် ပါတီဌာနချုပ်သို့ ရုံး တက်ရန် စီစဉ်ထားကြောင်း ၎င်း အား အနီးကပ်ပြုစုနေသူ ဦးမြင့် ဦးကပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီ နာယက သူရဦးတင် ဦးသည် ဒေါ်အောင်ဆန်းစုကြည် ၏ တောင်းဆိုချက်အရ လာမည့် နှစ်ဆန်းကစတင်၍ တစ်ပတ်လျှင် တစ်ရက် ပါတီဌာနချုပ်သို့ ရုံး တက်ရန် စီစဉ်ထားကြောင်း ၎င်း အား အနီးကပ်ပြုစုနေသူ ဦးမြင့် ဦးကပြောသည်။

အသက် (၉၁) နှစ်အရွယ် သူရဦးတင်ဦးသည် ဦးနှောက် သွေးကြောပိတ်၍ လေဖြတ်ရော ဂါဖြင့် သုံးလကြာ ဆေးရုံတက် ရောက်ကုသမှု ခံရသော်လည်း လက်ရှိတွင် ကျန်းမာရေး တိုးတက်လာ၍ ပိုမိုကောင်းမွန်စေရန် ဌာနချုပ်ရုံးသို့ တစ်ပတ်လျှင် တစ် ရက်ရုံးတက်ရန် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့်ရက်ပိုင်း တွင် တောင်းဆိုခဲ့ကြောင်း ဦးမြင့် ဦးက ရှင်းပြသည်။

‘‘ဘဘ (ဦးတင်ဦး) ကိုယ် တိုင်ကလည်း ဆန္ဒရှိတယ်’’ ဟု ၎င်းကဆိုသည်။

သူရဦးတင်ဦးသည် ယမန် နေ့က ဌာနချုပ်၌ ပြုလုပ်သော ပါတီ၏ ပထမဗဟိုကော်မတီ အဋ္ဌမအကြိမ် ပုံမှန်အစည်းအဝေးသို့ နေ့တစ်ဝက်နားချိန်အထိ တက် ရောက်ခဲ့ပြီး ယင်းသို့လာရောက် ခြင်းသည် ပါတီအတွက် များစွာ ခွန်အားဖြစ်စေကြောင်း  ပါတီဗဟို ပြန်ကြားရေးကော်မတီ အတွင်း ရေးမှူး မုံရွာအောင်ရှင်က ပြော သည်။

‘‘အန်ကယ်ဦးတင်ဦးအနေနဲ့ အိမ်မှာချည်းနေရတာထက် စာ ရင် ပါတီဌာနချုပ်ကို လာတဲ့အခါ သူ့အတွက်လည်း စိတ်ဓာတ်ခွန် အားဖြစ်စေတာပေါ့။ သူက ပါတီ အပေါ်မှာ သိပ်နားလည်မှုရှိတယ်။ ပါတီအတွက်လည်း အားရှိစေ တယ်။ ဒေါ်စုကလည်း အဲဒါကို သဘောပေါက်လို့ အန်ကယ်အိမ် မှာနေတာထက် ရုံးကို တစ်ပတ် တစ်ခါ သွားပေးပါဆိုပြီး မေတ္တာ ရပ်ခံခဲ့တာ။ ဒါကောင်းတဲ့အစီအ စဉ်ပါပဲ’’ ဟု ၎င်းကသုံးသပ်သည်။

ပါတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်သည် အစိုးရအဖွဲ့ ဝင် ဖြစ်လာပြီးနောက်ပိုင်းတွင် နာယက သူရဦးတင်ဦးက ပါတီကို အဓိက ဦးဆောင်လမ်းပြခဲ့ ကြောင်းနှင့် ကျန်းမာရေးတိုးတက် လာချိန်တွင် ၎င်းသံယောဇဉ်ကြီး သော ဌာနချုပ်ရုံးသို့ တစ်ပတ်လျှင် တစ်ရက် လာရောက်ခြင်းက နှစ်ဦးနှစ်ဖက် အကျိုးရှိစေကြောင်း ဦးအေးကြူ (ခ) မုံရွာအောင်ရှင်က ပြောသည်။

လက်ရှိတွင် သူရဦးတင်ဦး သည် ဘီးတပ်ကုလားထိုင်ဖြင့် သွားလာနေပြီး စကားလုံးများပီသ စွာ ပြောဆိုနိုင်ရန် လေ့ကျင့်ခန်း များ ပြုလုပ်နေကြောင်း အနီးကပ် ပြုစုနေသူ ဦးမြင့်ဦးကပြောသည်။

========================
251 / End