၄ ဇန်နဝါရီ ၂၀၁၈ - ၂၀:၁၀
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အတိုင်ပင်ခံရုံးက ဓာတ်ပုံများဖြင့် ထုတ်ပြန်

နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်စွာ အစိုး ရအဖွဲ့အစည်းအဝေးသို့ တက် ရောက်နေသည်ဟူသော သတင်း ဓာတ်ပုံများကို ဇန်န၀ါရီ ၃ ရက် တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်စွာ အစိုး ရအဖွဲ့အစည်းအဝေးသို့ တက် ရောက်နေသည်ဟူသော သတင်း ဓာတ်ပုံများကို ဇန်န၀ါရီ ၃ ရက် တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဒီဇင်ဘာ ၂၉ ရက် တွင် ကယားပြည်နယ် လွိုင်ကော် မြို့၌ ဒေသခံလူငယ်များနှင့် ငြိမ်း ချမ်းရေးစကားဝိုင်းကို နေ့ချင်းပြန် သွားရောက်ပြီးနောက် သုံးရက်အ တွင်း ၎င်း၏လှုပ်ရှားမှုကိုပထမဆုံး အကြိမ် သတင်းထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်တွင်ဒေါ် အောင်ဆန်းစုကြည်က သမ္မတ အိမ်တော်အစည်းအဝေးခန်းမ၌ ပြုလုပ်သောပုံမှန်အစည်းအဝေး တက်ရောက်ရန် ဇန်န၀ါရီ ၃ ရက်နံနက် ၉ နာရီခွဲတွင်ရောက်ရှိ လာစဉ်ဟု ရေးသားထားကာ ကားပေါ်မှဆင်းလာပြီး အစည်း အဝေးခန်းမသို့ လမ်းလျှောက် သွားနေသည့်ဓာတ်ပုံခြောက်ပုံနှင့် အတူ ပူးတွဲဖော်ပြခဲ့သည်။

ယင်းဖော်ပြမှုအရ ဒေါ် အောင်ဆန်းစုကြည်သည် ကျန်း မာရေးကောင်းမွန်စွာရှိနေသည် ကိုတွေ့ရပြီး ၎င်းအားကာကွယ် ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် သမ္မတရုံးဒုဝန်ကြီး ဦးမင်းသူတို့ကြိုဆိုခဲ့သည်ကို တွေ့ရသည်။

ဇန်န၀ါရီ ၁ ရက်တွင် ရန် ကုန်မြို့၌ နိုင်ငံတော်အစိုးရကဦး ဆောင်၍ ရွှေတိဂုံစေတီတော် မြတ်ကြီးကို ဗုဒ္ဓါဘိသေကအနေ ကဇာတင်မဟာမင်္ဂလာနှင့် ပင့် သံဃာအပါး ၁၈,၀၀၀ အားဆွမ်း ဆန်စိမ်းလောင်းလှူပွဲမင်္ဂလာအ ခမ်းအနားကို သမ္မတဦးထင်ကျော် နှင့် ဇနီးတက်ရောက်သော်လည်း ဒေါ်အောင်ဆန်းစုကြည်တက် ရောက်ခြင်းမရှိပေ။

ထို့အပြင် ဒီဇင်ဘာ ၃၁ ရက် ကစ၍ ဇန်န၀ါရီ ၂ ရက်အထိ နိုင် ငံပိုင်သတင်းစာများနှင့် ရုပ်သံ များ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့်သတင်းများ ဖော် ပြခဲ့ခြင်းမရှိပေ။

ဇန်န၀ါရီ ၂ ရက်ထုတ် မြန် မာသံတော်ဆင့်နေ့စဉ်သတင်းစာ တွင် ‘ဒေါ်အောင်ဆန်းစုကြည် လေဖြန်းသည်ဆိုသည့်သတင်း ကို အတိုင်ပင်ခံရုံးငြင်း’ ဟူသော သတင်းကို ဖော်ပြခဲ့သည်။ အဆို ပါသတင်းတွင် ဒီဇင်ဘာ ၃၁ ရက် ညဥ့်ဦးပိုင်း၌ နိုင်ငံတော်ဗေဒင်ဆရာ များအချို့နှင့် နိုင်ငံရေးသမားအ ချို့ကြားတွင် စတင်ပျံ့နှံ့ခဲ့ခြင်းဖြစ် သည်ဟုဖော်ပြထားသည်။

သို့သော် ဒေါ်အောင်ဆန်းစု ကြည်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်းကို အတိုင်ပင် ခံရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေး က မြန်မာ့သံတော်ဆင့်နေ့စဉ် သ တင်းစာအားပြောကြားခဲ့သလို ဇန်န၀ါရီ ၃ ရက်ထုတ် စံတော်ချိန် သတင်းစာ၌လည်း အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း ထပ်မံအ တည်ပြုခဲ့သည်။ ကျန်းမာရေးနှင့် ပတ်သက်သော အဆိုပါသတင်း များဖော်ပြပြီးနောက် ဇန်န၀ါရီ ၃ ရက်တွင် အတိုင်ပင်ခံရုံးက အထက်ပါသတင်းဓာတ်ပုံများ ထုတ်ပြန်ခဲ့သည်။

========================
251 / End