၂၂ ဇန်နဝါရီ ၂၀၁၈ - ၁၆:၃၄
မြောက်ဦးအဓိကရုဏ်းကို ပြည်ထောင်စုအဆင့် စစ်ဆေးရေးအဖွဲ့ လာရောက်စစ်ဆေးမည်

ရခိုင်ပြည်နယ် မြောက် ဦးမြို့တွင် ဖြစ်ပွားခဲ့သော အဓိက ရုဏ်းဖြစ်စဉ်ကို ပြည်ထောင်စု အဆင့်စစ်ဆေးရေးအဖွဲ့က ဇန်နဝါရီ ၂၄ ရက်တွင် လာရောက်စစ် ဆေးမည်ဟု ရခိုင်ပြည်နယ် ရဲတပ် ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရခိုင်ပြည်နယ် မြောက် ဦးမြို့တွင် ဖြစ်ပွားခဲ့သော အဓိက ရုဏ်းဖြစ်စဉ်ကို ပြည်ထောင်စု အဆင့်စစ်ဆေးရေးအဖွဲ့က ဇန်နဝါရီ ၂၄ ရက်တွင် လာရောက်စစ် ဆေးမည်ဟု ရခိုင်ပြည်နယ် ရဲတပ် ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။

ဇန်နဝါရီ ၁၆ ရက် ညက မြောက်ဦးမြို့နယ် နန်းတော်ရာ ကုန်း၌ ပြုလုပ်မည့် ဟောပြောပွဲ ခွင့်မပြုကြောင်း အာဏာပိုင်များ ၏ တားမြစ်မှုကို မကျေနပ်၍ ထောင်ချီသည့် လူစုလူဝေးနှင့် ရဲ တပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်ဖြစ်စဉ်တွင် ရဲ တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အရပ်သားခုနစ်ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိကာ လူစုလူဝေး၏ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂၀ ဦး ဒဏ်ရာရရှိကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ လက်ရှိတွင် ရခိုင်ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ဦးဆောင် သည့်အဖွဲ့က စတင်စစ်ဆေး နေပြီး ဇန်နဝါရီ ၂၄ ရက်တွင် ပြည်ထောင်စုအဆင့် စစ်ဆေးရေးအ ဖွဲ့တစ်ဖွဲ့ လာရောက်မည်ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးက ဆိုသည်။

‘‘နေပြည်တော်က ၂၄ ရက် နေ့မှာ လာစစ်မယ်။ ညွှန်ကြားရေး မှူးချုပ်အဆင့်ပါတဲ့ အဖွဲ့က လာ စစ်မယ်။ အစိုးရအဖွဲ့ရုံးနဲ့ သမ္မတ ရုံးအဆင့် တစ်ခုခုပဲ’’ ဟု ရခိုင် ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ဇန်နဝါရီ ၂၁ ရက် ညတွင် ပြောကြားသည်။

မြောက်ဦးဖြစ်စဉ်ကို အမြန် ဆုံး စစ်ဆေးဖော်ထုတ်ပြီး ဥပဒေ ချိုးဖောက်သူများကို ဥပဒေနှင့်အ ညီ အရေးယူဆောင်ရွက်ရန် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က ဇန်နဝါရီ ၁၇ ရက်တွင် အစိုးရအဖွဲ့ တာဝန် ရှိသူများအား ပြောကြားသည်။

ထို့အပြင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေး အလေးထား ဆောင်ရွက်ရန် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။

========================
251 / End