၃၀ ဇန်နဝါရီ ၂၀၁၈ - ၁၉:၁၅
ဒီချုပ်ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်းဖြစ်လာ စည်းကမ်းမလိုက်နာသည့် ပါတီဝင်များနှင့် အမတ်များကို စုံစမ်းရန်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် ဦးဉာဏ်ဝင်း ခေါင်းဆောင်သော ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို အဖွဲ့ဝင်ကိုးဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် ဦးဉာဏ်ဝင်း ခေါင်းဆောင်သော ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို အဖွဲ့ဝင်ကိုးဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်သည်။

အဆိုပါဗဟိုစည်းကမ်းထိန်း သိမ်းရေးအဖွဲ့သည် ပါတီစည်း မျဉ်းစည်းကမ်း၊ ပါတီညွှန်ကြား ချက်များကို လိုက်နာခြင်းမရှိသည့် ပါတီဝင်များ၊ လွှတ်တော်ကိုယ် စားလှယ်များနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းရန် ဖွဲ့စည်းခြင်း ဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်းက ရှင်းပြသည်။

‘‘အရင်ရှိတဲ့ (စည်းကမ်းထိန်း သိမ်းရေးအဖွဲ့ဝင်တွေ) လူတွေလျော့ကုန်ပြီလေ။ အကြောင်းအမျိုးမျိုးနဲ့ လျော့သွားတော့ ဒါတွေကို ဖြည့်တင်းပြီး ဖွဲ့လိုက်တာ။အင်အားပြည့်အောင် လုပ်လိုက်တာပေါ့’’ ဟု ၎င်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ဗဟိုစည်းကမ်းထိန်း သိမ်းရေးအဖွဲ့တွင် ဦးဉာဏ်ဝင်း က အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ဦးဝင်းထိန်၊ ဒေါက်တာမေဝင်း မြင့်၊ ဒေါက်တာမျိုးညွန့်၊ ဦးသိန်းဦး၊ဦးကျော်ဟိုး၊ ဒေါ်လဲ့လဲ့၊ ဒေါ်ဝင်းမြမြ၊ ဦးတိုးလွင်တို့ အဖွဲ့ဝင်အဖြစ်ပါဝင်သည်။

ယင်းအဖွဲ့ကို ဇန်နဝါရီ ၂၈ ရက်တွင် ကျင်းပသော ဗဟိုအ လုပ်အမှုဆောင်အဖွဲ့အစည်းအ ဝေးဆုံးဖြတ်ချက်အရ ဖွဲ့စည်းခဲ့ ကြောင်း ဒီချုပ်၏ထုတ်ပြန်ချက်၌ ဖော်ပြထားပြီး ယင်းအစည်းအ ဝေးသို့ ခရီးလွန်နေသည့် ဗဟိုအ လုပ်အမှုဆောင်အဖွဲ့၊ အတွင်း ရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်တက် ရောက်နိုင်ခြင်းမရှိပေ။ သို့ရာတွင် ပါတီစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ အဆင့်ဆင့် ကို ပြန်လည်ဖွဲ့စည်းရန် ပြီးခဲ့သည့် ဒီဇင်ဘာ၌ ကျင်းပသော ပထမဗဟိုကော်မတီ အဋ္ဌမအကြိမ် အစည်းအဝေးတွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်ခြောက်ခု၌ ထည့် သွင်းထားသည်။

အာဏာရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၇ သြဂုတ်က စတင်၍ ဗဟိုကော်မတီ လုပ်ငန်းအဖွဲ့များ ပြန်လည်ဖွဲ့ စည်းပြီး လက်ရှိအချိန်ထိ ဗဟိုအ ဖွဲ့ ငါးခုဖွဲ့စည်းထားသည်။ ယင်း ငါးခုအနက် ဗဟိုပြန်ကြားရေး ကော်မတီနှင့် ဗဟိုစည်းကမ်းထိန်း သိမ်းရေးအဖွဲ့တို့ကို ဦးဉာဏ်ဝင်း က လည်းကောင်း၊ ဗဟိုအလုပ် သမားရေးရာအဖွဲ့ကို ဦးဝင်းထိန် က လည်းကောင်း၊ ဗဟိုအမျိုးသမီး လုပ်ငန်းအဖွဲ့ကို ဒေါက်တာမေ ဝင်းမြင့်ကလည်းကောင်း၊ ဗဟို တောင်သူလယ်သမားရေးရာအ ဖွဲ့ကို  ဦးညီပုကလည်းကောင်း အသီးသီးဦးဆောင်  တာဝန်ယူ ထားသည်။

========================
251 / End