အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
‘တားမြစ်နယ်မြေ မည်သူမှ မဝင်ရ’ စာသားကို အနီရောင်အောက်ခံ တွင် စာလုံးအဖြူဖြင့် ထင်ရှားစွာ ရေးသားထားသော ဗီနိုင်းကို ကုက္ကိုပင်၌ ကပ်ထားသည်။ ထိုစာသား ကိုကျော်ကြည့်လျှင် မီးလောင် ကျွမ်းထားသည့် နေအိမ်များနှင့် အုပ်အုပ်ဆိုင်းဆိုင်း ကျေးရွာတစ် ရွာကို မြင်တွေ့ရမည်ဖြစ်သည်။
မောင်တောနှင့် ငါးခူရကြား မှ မြင်ကွင်းတစ်ခုဖြစ်သည်။ လမ်း တစ်လျှောက်တွင် လယ်ကွင်းများ က နေရာအများစုယူထားပြီး မီး လောင်ပြင်အလယ်မှ အိမ်တိုင် များ၊ အဝတ်အစားများ၊ ဆိုင်ကယ်များကို တွေ့မြင်ရသည်။ ဒိုးတန်း စာသင်ကျောင်းနှင့် ကျေးလက် ကျန်းမာရေးဌာနခွဲသည် လူသူမရှိ ဘဲ ချိတ်ပိတ်ထားသည်။
7Day News သတင်းဌာန အပါအဝင် ပြည်တွင်း၊ ပြည်ပမီဒီ ယာများသည် ဇန်နဝါရီ ၂၄ နှင့် ၂၅ ရက်တို့တွင် နှစ်ရက်ကြာ မောင်တောဒေသရှိ တောင်ပြိုလက်ဝဲ၊ ငါးခူရ၊ လှဖိုးခေါင်စခန်းများသို့ သွားရောက် သတင်းယူခဲ့သည်။ ၂၀၁၇ နိုဝင်ဘာ ၂၃ ရက်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ချုပ်ဆိုသော သဘောတူစာချုပ် အရ နှစ်လအတွင်း နေရပ်စွန့်ခွာ သူများကို ပြန်လည်လက်ခံရန် မြန် မာအစိုးရက ဇန်နဝါရီ ၂၃ ရက်တွင်အသင့်ပြင်ထားသည့် အခြေအနေများကို ကွင်းဆင်း သတင်းရယူခြင်းဖြစ်သည်။
ပထမနေ့ ဇန်နဝါရီ ၂၄ ရက် တွင် ပြည်တွင်း၊ ပြည်ပမီဒီယာ ၁၃ ခုမှ သတင်းထောက် ၁၉ ဦး သည် မောင်တောမြို့မှ တောင်ပြို လက်ဝဲနှင့် လှဖိုးခေါင်ကြား စခန်း များသို့လည်းကောင်း၊ ဒုတိယနေ့ ဇန်နဝါရီ ၂၅ ရက်တွင် 7Day News နှင့် ပြည်ပမီဒီယာနှစ်ခုမှ သတင်းထောက်ငါးဦးသည် ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ လည်းကောင်း သွားရောက်ခဲ့ကြသည်။
ငါးခူရသည် ရေလမ်းမှ ပြန် လည်ဝင်ရောက်လာသူများအား လက်ခံမည့် လက်ခံရေးစခန်းဖြစ် သည်။ မောင်တောမြို့မှ တစ်နာရီ ခန့် ကားမောင်းနှင်ပြီးနောက် လောင်းဒုံကျေးရွာသို့ ရောက်မည် ဖြစ်ရာ ငါးခူရကျေးရွာသို့ ၄ မိုင် ၂ ဖာလုံခန့် ခရီးဆက်ရသည်။ ငါးခူရ ကျေးရွာတွင် တိုင်းရင်းသားများ၊ ဘင်္ဂါလီများ၊ ဟိန္ဒူဘာသာကိုး ကွယ်သူများ အတူတကွယှဉ်တွဲ နေထိုင်ကြသည်။ ငါးခူရပြန်လည် လက်ခံရေးအစီအစဉ်ကို ရဲစခန်း ဝင်းအတွင်း ဆောက်လုပ်ထား သော စိစစ်ရေးစခန်းနှင့် ရဲစခန်း နှင့်ကပ်လျက် အပြင်ဘက်တွင် တည်ဆောက်ထားသော ယာယီ နေထိုင်အဆောင်၌ ပြုလုပ်မည် ဖြစ်သည်။ စိစစ်ရေးပြုလုပ်မည့် အဆောင်များသည် ပြီးစီးလုနီးပါး ဖြစ်သော်လည်း ယာယီနေထိုင် မည့်အဆောင်များ၌ စတင် ဆောက်လုပ်နေဆဲဖြစ်သည်။ သို့သော် ဆောက်လုပ်နေဆဲ အ ဆောင်များဘေးတွင် ယာယီရွက် ဖျင်တဲ အလုံး ၅၀ ခန့်ကို အရန်သင့်နေထိုင်နိုင်ရန် ပြင်ဆင်ထားသည်။
ငါးခူရသို့ သွားရာလမ်းပိုင်းတွင် ပျက်စီးနေသော နေအိမ်နှင့် ယင်းနယ်မြေအတွင်း မဝင်ရောက်ရန် တားမြစ်ထားသော ဗီနိုင်းစာတန်းတို့ကို တွေ့ရစဉ် (ဓာတ်ပုံ-စိုင်းဇော်)
ယာယီရွက်ဖျင်တဲတစ်လုံး လျှင် အနည်းဆုံး လူ ၁၀ ဦးခန့် နေထိုင်နိုင်သည်အထိ အကျယ်အဝန်းရှိသည်။
‘‘ပြီးတော့ မပြီးသေးဘူးပေါ့။ ထားမယ်ဆို ထားလို့ရအောင်လုပ်ပေးထားတယ်’’ဟု လုပ်ငန်းခွင်အင်ဂျင်နီယာတစ်ဦးက ရှင်းပြသည်။
ငါးခူရတွင် ပြန်လည်လက်ခံ မည့် အစီအစဉ်များနှင့်ပတ်သက် ၍ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးထံ သွားရောက် မေးမြန်းသော်လည်း ၎င်းအနေဖြင့် ပြောဆိုခွင့်မရှိကြောင်းနှင့် လက်ရှိ မြင်တွေ့သည့် အခြေအနေကို မြင် သည့်အတိုင်း ရေးသားရန်ပြော သည်။ ပြန်လည်ဝင်ရောက်လာသူ များ ယာယီနေထိုင်ရန် ဆောက်လုပ်နေသည့်အဆောင်သည် တောင်ပြိုလက်ဝဲတွင် တည် ဆောက်ထားသည့် အဆောင်ပုံစံ များအတိုင်းဖြစ်ပြီး အလျား ပေ ၉၀၊ အနံ ၁၈ ပေကျယ်ဝန်းသည်။ ငါးခူရတွင် ယင်းကဲ့သို့ အဆောင်ရှစ်လုံးတည်ဆောက်မည်ဖြစ်ပြီး တစ်လုံးသာအကြမ်းထည်ချထား ပြီးစီးကာ ကျန်အဆောင်များ အောက်ခြေအုတ်မြစ်ချနေသည်။
ငါးခူရ ဆိပ်ကမ်းတွင် ပြင် ဆင်ထားသည့် အစီအစဉ်၊ ယာယီ အဆောက်အအုံများကို မတွေ့ခဲ့ရ ပေ။
ဘင်္ဂလားဒေ့ရှ်သို့ တိမ်းရှောင် နေသူများ ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ တောင်ပြိုလက်ဝဲတွင် နေရာသုံးခုခွဲထားသည်။ ပထမ ဆုံး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ချစ်ကြည်ရေးတံတားအနီးတွင် ပြန်လည်ဝင်ရောက်လာသူများကို ခန္ဓာကိုယ်စစ်ဆေးမှု (Body Search) ပြုလုပ်မည့်နေရာဖြစ် သည်။
နှစ်နိုင်ငံချစ်ကြည်ရေးလမ်း၊ နယ်စပ်စည်းမျဉ်းပေါ်တွင် တည် ဆောက်ထားသော တောင်ပြို လက်ဝဲတံတားသည် ပေ ၂၀ ခန့် ရှည်လျားသည်။ ယင်းတံတားကို တပ်မတော် အစိုးရလက်ထက် ၂၀၀၅ တွင် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် ဘင်္ဂလားဒေ့ရှ် ဆက်သွယ်ရေးဝန်ကြီးတို့ ဖွင့်လှစ် ခဲ့ကြောင်း တံတားအနီး စိုက်ထူ ထားသော ကမ္ပည်းမော်ကွန်း၌ ဖော်ပြသည်။ ယင်းတံတား၏ ထိပ်နှစ်ဖက်စလုံးတွင် တပ်ဆင်ထား သော သံပန်းတံခါးကို သော့ခတ် ထားသည်။
ယင်းတံတားနှင့် ပေ ၂၀ ခန့် အကွာ (မြန်မာဘက်အခြမ်း) ခန္ဓာ ကိုယ် စစ်ဆေးရန် အမျိုးသားနှင့် အမျိုးသမီးအတွက် အခန်းနှစ်ခန်း ပြုလုပ်ထားသည်။ အကြမ်းဖက် ပစ္စည်းများ၊ တရားမဝင်ပစ္စည်းများ ကို အဆိုပါ ခန္ဓာကိုယ်စစ်ဆေး သည့်အခန်းတွင် ရှာဖွေမည်ဖြစ်ပြီး ယင်းနေရာ၌ပင် မြန်မာနိုင်ငံတွင် အမှန်တကယ်နေထိုင်ဖူးသူ ဟုတ်၊ မဟုတ် အချက်အလက်များ တိုက် ဆိုင်စစ်ဆေးမည်ဖြစ်သည်။
အချက်အလက်မှန်ကန်သူ များကို ယင်းနေရာနှင့် ပေ ၅၀၀ ကျော်ဝေးကွာသည့် လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာန၏ လုပ်ငန်းစဉ် များကို ဆက်လက်ပြုလုပ်ရန်နှင့် ကျန်းမာရေးကြည့်ရှုစစ်ဆေးရန် နေရာသို့ ခေါ်ဆောင်မည်ဖြစ် သည်။ ယင်းသည် ဒုတိယနေရာ ဖြစ်သည်။
ထိုမှတစ်ဆင့် ပြန်လည်ဝင် ရောက်လာသူများ ယာယီနေထိုင် ရန် တောင်ပြိုလက်ဝဲစခန်းအပြင် ဘက်ရှိ အဆောင်များသို့ ပို့ဆောင် ထားရှိမည်ဖြစ်သည်။ ယင်းမှာ တတိယနေရာဖြစ်သည်။
သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့် အာဏာပိုင်များက ဘင်္ဂ လားဒေ့ရှ်မှ ပြန်လည်ဝင်ရောက် လာသူများရှိလျှင် ဇန်နဝါရီ ၂၃ ရက်တွင် အရန်သင့်လက်ခံနိုင်ပြီ ဟုဆိုသော်လည်း လုပ်ငန်းစဉ်အား လုံး ရာနှုန်းပြည့်ပြီးစီးသည့်အခြေ အနေမဟုတ်သေးပေ။
‘‘လက်ခံနိုင်တဲ့ အနေအထား တော့ရှိပါတယ်။ လုပ်ငန်းခွင်တွေ ကတော့ ရာနှုန်းပြည့်မပြီးစီးသေး ဘူးပေါ့။ ပြန်လာမယ့်သူတွေအ တွက် ကျန်းမာရေးအစောင့်အ ရှောက်ကအစ အကုန်လုပ်ပေး ထားတယ်’’ဟု တောင်ပြိုလက်ဝဲ စခန်းတွင် လုံခြုံရေးတာဝန်ဆောင် ရွက်နေသည့် ရဲအရာရှိတစ်ဦးက ပြောသည်။
လူဝင်မှုကြီးကြပ်ရေးဦးစီး ဌာန၏ လုပ်ငန်းစဉ်များ အဆင့် ဆင့် ဆောင်ရွက်မည့်နေရာတွင် စက်ကိရိယာ၊ ဝန်ထမ်း စသဖြင့် အသင့်ပြင်ထားသည်ကို တွေ့ရ သည်။ လူဝင်မှုကြီးကြပ်ရေးဝန် ထမ်း ၃၄ ဦးသည် ဇန်နဝါရီ ၁၇ ရက်ကတည်းက တောင်ပြိုလက်ဝဲ သို့ ရောက်ရှိပြီး သတ်မှတ်ရက်၌ ပြန်လည်ဝင်ရောက်လာသူများရှိ ပါက အရန်သင့်ဖြစ်ရန် ပြင်ဆင်ခဲ့ ကြောင်း လူဝင်မှုကြီးကြပ်ရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဝင်းဦးက ပြောသည်။
ပြန်လည်ဝင်ရောက်လာသူ များကို ယာယီထားရှိမည့်နေရာ တွင် အချို့အဆောက်အအုံတည် ဆောက်မှုပိုင်း ဆက်လက်ဆောင် ရွက်နေဆဲဖြစ်သည်။ ယာယီလူနေ ဆောင်တစ်ဆောင်သည် အလျား ပေ ၉၀၊ အနံ ၁၈ ပေ အကျယ်အ ဝန်းရှိပြီး တစ်ဆောင်လျှင် ငါးခန်းစီဖွဲ့စည်းထားသည်။ ယင်းကဲ့သို့ အဆောင်ကိုးဆောင် ဆောက်လုပ်ထားပြီး တစ်ဆောင်သည် ထမင်း စားဆောင်ဖြစ်၍ လူနေရန် ရှစ် ဆောင်ဖြစ်သည်။
ထို့အတွက် တောင်ပြိုလက် ဝဲစခန်းတစ်ခုလုံးတွင် တည် ဆောက်ရေးလုပင်ငန်းများ၊ လုံခြုံ ရေးဆိုင်ရာ လုပ်ငန်းများ၊ ပြန်လည်လက်ခံရေး ဆောင်ရွက်နေဆဲလုပ် ငန်းများအပါအဝင် အားလုံးလှုပ် လှုပ်ရှားရှားဖြစ်နေသည်။
ထိုနေ့တွင်ပင် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များ အ ကောင်အထည်ဖော်ရေး ကော် မတီဥက္ကဋ္ဌ ဒေါက်တာဝင်းမြတ် အေးနှင့် ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ် ဟောင်း ခေါင်းဆောင်သည့် အ ကြံပေးအဖွဲ့ဝင်များသည် တောင် ပြိုလက်ဝဲသို့ ရဟတ်ယာဉ်ဖြင့် မွန်း လွဲ ၁ နာရီခန့်၌ လာရောက်ကြည့် ရှုခဲ့သည်။ ၎င်းတို့သည် ၁၅ မိနစ် ခန့်ကြာ ကြည့်ရှုပြီးနောက် စစ်တွေ သို့ ပြန်လည်ထွက်ခွာသွားသည်။
မောင်တောမြို့မှ မိုင် ၅၀ ခန့် ဝေးကွာသည့် တောင်ပြိုလက်ဝဲသို့ ကားဖြင့် နှစ်နာရီခွဲခန့်ကြာ သွားရ သည်။ လမ်းတစ်လျှောက်တွင် လမ်းပြုပြင်ရန် ကျောက်ပုံများ၊ သဲပုံများ၊ လမ်းကြိတ်စက်များကို တွေ့ရသည်။ ကောင်းမွန်သည့် ကတ္တရာလမ်းပိုင်းက အနည်းငယ် သာရှိပြီး ကျောက်ကြမ်းလမ်းက အများစုဖြစ်သည်။
လမ်းဘေးတစ်ဖက်တစ်ချက် တွင် ယခင်က ကျေးရွာများအဖြစ် တည်ရှိခဲ့သည်များက လက်ရှိတွင် မီးလောင်ကျွမ်းပြီး ကျန်ရှိနေသည့် အပိုင်းအစများ၊ အိမ်တိုင်ငုတ်တို မည်းမည်းများကိုသာ မြင်တွေ့ရမည်ဖြစ်သည်။ ရဲကင်းစခန်းများ နှင့်နီးသည့် ကျေးရွာအချို့ကလွဲ၍ ကျန်နေရာများ လူသူကင်းမဲ့နေ သည်။ အိမ်ပျက်၊ ကျောင်းပျက်၊ ရေတွင်းပျက်၊ ကားပျက်၊ သုံးဘီး ဆိုင်ကယ်ပျက်များကသာ နေရာ ယူထားသည်။
သို့သော် နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့နှင့် တပ်မတော် သားအချို့က လုံခြုံရေးတာဝန်များ ဆောင်ရွက်နေ၍ (အချို့နေရာများတွင် လူပြတ်လပ်သည်ကလွဲ၍) ကား၊ ဆိုင်ကယ်၊ ခြေကျင် စသဖြင့်အေးဆေးတည်ငြိမ်စွာ သွားလာနေသူများကို တွေ့မြင်ခဲ့ရသည်။
၂၀၁၆ အောက်တိုဘာ ၉ ရက် ဖြစ်စဉ်တွင် တိုက်ခိုက်ခံရသောအမှတ် (၁) နယ်ခြားစောင့်ရဲကွပ် ကဲမှုအဖွဲ့ ဌာနချုပ်ရှေ့၌ လက်ရှိ ၌ ဈေးရောင်းသူများနှင့် နံနက်ခင်း ဈေးဖြစ်နေသည်။ ထို့အတူ ရခိုင် တိုင်းရင်းသား ကျေးရွာများနှင့် မွတ်စလင်ကျေးရွာများတွင် ပုံမှန်အ တိုင်း လည်ပတ်လှုပ်ရှားနေသည်။
အဝေးက လှမ်းကြည့်လျှင် ပင် အဖြူရောင်ရွက်ဖျင်တဲများကို မြင်တွေ့ရသည့်နေရာသည် လှဖိုးခေါင်စခန်းဖြစ်သည်။ မောင်တော မြို့နှင့် မနီးမဝေးတွင်ရှိပြီး နာရီဝက်ခန့် ကားမောင်းနှင်ရုံဖြင့် ရောက်ရှိ နိုင်သည့် လှဖိုးခေါင်စခန်းသည် ပြန်လည်ဝင်ရောက်လာသူများကို ထားရှိမည့် ကြားစခန်းဖြစ်သည်။
လှဖိုးခေါင်စခန်းကို ဧက ထောင်ချီကျယ်ဝန်းသော ကွင်း ပြင်ကြီးတွင် အကောင်အထည် ဖော်ဆောင်ရွက်နေပြီး ဇန်နဝါရီ ၂၄ရက်အထိ အဆောက်အအုံလေး လုံးခန့်သာ ပြီးစီးသေးကြောင်း ယင်းနေရာ၌ အလုပ်လုပ်နေသူ တစ်ဦးက ပြောသည်။
တည်ဆောက်မည့် နေအိမ်များသည် ပုံစံတူဖြစ်ပြီး အလျား ၄၅ ပေ၊ အနံ ပေ ၃၀ ကျယ်ဝန်းကာအခန်းရှစ်ခန်းဖြင့် ဖွဲ့စည်းမည်ဟုဆိုသည်။ လှဖိုးခေါင်စခန်းတွင် ယင်းကဲ့သို့ ပုံစံတူနေအိမ် အလုံး ၆၀၀ကျော် တည်ဆောက်မည်ဖြစ် သည်။ ယင်းနေရာ၌ ပြန်လည် ဝင်ရောက်လာသည့် ဘင်္ဂါလီများ ကို ထားရှိရန် စီစဉ်ထားသည်။
ယင်းတည်ဆောက်ရေးလုပ် ငန်းခွင်သည် ညနေ ၅ နာရီခွဲခန့် အထိ ရပ်နားခြင်းမရှိသေးဘဲ အ လုပ်သမားများက သွပ်မိုးခြင်း၊ သစ်သားဘောင်များ တည် ဆောက်ခြင်း၊ သယ်ယူခြင်းတို့ ဆက်လက်လုပ်ကိုင်နေသည်ကို တွေ့ရသည်။
အဆောက်အအုံများကို အ လျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်နေပြီး အလုပ်သမား အဖွဲ့များလည်း ဆက်တိုက်ရောက် ရှိနေကြောင်း အလုပ်သမားတစ်ဦး က ပြောသည်။ သတင်းထောက် များ သွားရောက်သည့် ဇန်နဝါရီ ၂၄ ရက်တွင်ပင် အသစ်ရောက်ရှိလာသည်ဟု အလုပ်သမားအဖွဲ့ သုံးဖွဲ့က ၎င်းတို့ကိုယ်တိုင် 7Day News သတင်းထောက်အား ဖြေ ကြားသည်။ ၎င်းတို့ကို ကျပန်းမေးမြန်းခြင်းဖြစ်သည်။ လှဖိုးခေါင် စခန်းသို့ ရောက်ရှိလာပြီး တွက်ခြေမကိုက်၍ ပြန်သွားသည့် အလုပ် သမားများရှိကြောင်း အလုပ်သမားတစ်ဦးက ပြောသည်။
ပြန်လည်လက်ခံရေး စခန်း နှစ်ခုနှင့် လှဖိုးခေါင်ကြား စခန်းတို့ တွင် အလုပ်လုပ်နေသည့် အလုပ် သမားများသည် ရခိုင်ပြည်နယ် မြို့နယ်အချို့မှ လာရောက်သူများ ရှိသကဲ့သို့ ဧရာဝတီတိုင်းဒေသ ကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ လာရောက်အလုပ်လုပ်သူများ လည်းရှိကြောင်း ၎င်းအလုပ်သမား များ ပြောကြားသည်။
တည်ဆောက်ရေးလုပ်ငန်း များအတွက် အစိုးရက ကုမ္ပဏီ များကို လုပ်ပိုင်ခွင့်ပေးထားပြီး ကုမ္ပဏီများက ၎င်းတို့ကိုယ်တိုင် အလုပ်သမားများ ငှားရမ်း၍ဖြစ် စေ၊ တစ်ဆင့်ခံအလုပ်သမားအဖွဲ့ အစည်းများ ငှားရမ်း၍ဖြစ်စေ လုပ်ကိုင်ကြောင်း အလုပ်သမားအချို့ က ပြောကြားသည်။
သတင်းထောက်များသည် ညနေ ၆ နာရီမထိုးမီ မောင်တော သို့ ပြန်ဝင်နိုင်ရန် ခပ်သုတ်သုတ် သတင်းရယူ၍ ညနေ ၅ နာရီခွဲတွင် လှဖိုးခေါင်စခန်းမှ ပြန်လည်ထွက် ခွာခဲ့သည်။ မောင်တောသို့အပြန် ဘင်္ဂါလီကျေးရွာအချို့ကို ဖြတ် ကျော်ခဲ့ရပြီး ကျေးရွာတိုင်း၌ အေး ဆေးတည်ငြိမ်စွာ ဘောလုံးကန်နေသူများ၊ ခြင်းလုံးခတ်နေသူများ၊ စက်ဘီးစီးနေသူများ၊ ဈေးရောင်း ဈေးဝယ်ပြုလုပ်နေသူများ စသဖြင့်ပုံမှန်အတိုင်းလှုပ်ရှား သက်ဝင်နေသည့် ညနေခင်းကို တွေ့မြင်ခဲ့ရ သည်။
သို့ရာတွင် မောင်တောဒေသ အခြေအနေသည် ရုပ်ပိုင်းဆိုင်ရာ အရ အေးဆေးတည်ငြိမ်စရှိနေ သော်လည်း စိတ်ပိုင်းဆိုင်ရာအရ ဒဏ်ရာဒဏ်ချက်ကြီးမားစွာ ခံစား ရဆဲဖြစ်သည်ကို ဒေသခံအချို့နှင့် စကားစမြည်ပြောချိန်တွင် သိသာ ပေါ်လွင်ခဲ့သည်။ ငါးခူရကျေးရွာ သို့ ရောက်ရှိချိန်၌ ဒေသခံများက သတင်းထောက်များနှင့် အင်တာ ဗျူးဖြေဆိုရန် ငြင်းဆိုပြီး သတင်း ထောက်များကို တစ်စုံတစ်ရာဖြေ ဆိုပါကလည်း ၎င်းတို့ အသက် အန္တရာယ်ကျရောက်လာမည်ကို စိုးရိမ်နေကြသည်။
သတင်းထောက်များသည် နံနက် ၁၀ နာရီခွဲခန့်တွင် ငါးခူရ ကျေးရွာမှ ပြန်လည်ထွက်ခွာပြီး စစ်တွေမြို့သို့ ပြန်ရန် အငူမော် ကျေးရွာသို့ ခရီးဆက်ခဲ့သည်။ အငူမော်မှ မောင်တောသို့ရောက် ရှိသည့် လမ်းကိုလည်း အကြီးစား ပြင်ဆင်နေကြောင်း တွေ့ခဲ့ရသည်။
လက်ရှိတွင် ဖုန်အလိမ်းလိမ်း ဖြင့် ကြမ်းတမ်းသည့်လမ်းကို ကွန် ကရစ်လမ်းအဖြစ် စတင်အကောင်အထည်ဖော်နေသည်ကို မြင်တွေ့ ခဲ့ရပြီး အငူမော်မှ မောင်တောသို့ နှစ်နာရီခွဲကျော် မောင်းနှင်ရသည့် လမ်းသည် နောင်တွင် ယခုထက် အချိန်ကုန်သက်သာစေနိုင်သည်။
လက်ရှိ မောင်တောမြင်ကွင်း ကိုကြည့်လျှင် မြို့ထွက်အနားတွင် စိတ်လက်ပေါ့ပါးစွာ နံနက်ခင်း အားကစားပြုလုပ်နေသည့် ဒေသ ခံများကို မြင်တွေ့ရသည်ကအစ မောင်တောမှ ဘင်္ဂလားဒေ့ရှ်နယ် စပ်ရှိ တောင်ပြိုလက်ဝဲအထိ လမ်း တစ်လျှောက် ပြန်လည်ထူထောင် ရေးလုပ်ငန်း (ပြုပြင်လမ်းခင်း ခြင်း)များ ဆောင်ရွက်ရန် ပြင်ဆင် နေခြင်းများအဆုံး လှုပ်လှုပ်ရှားရှားဖြစ်နေသည်ကို တွေ့ရပေသည်။
သို့သော် နေရပ်စွန့်ခွာထွက် ပြေးသူများကို ပြန်လည်စတင် လက်ခံသည့် ဇန်နဝါရီ ၂၃ မှ ၂၆ ရက်အထိ တစ်ဦးမှ ပြန်မဝင်လာခဲ့ပေ။
========================
251 / End
၁ ဖေဖော်ဝါရီ ၂၀၁၈ - ၁၇:၂၇
News ID: 880321
‘တားမြစ်နယ်မြေ မည်သူမှ မဝင်ရ’ စာသားကို အနီရောင်အောက်ခံ တွင် စာလုံးအဖြူဖြင့် ထင်ရှားစွာ ရေးသားထားသော ဗီနိုင်းကို ကုက္ကိုပင်၌ ကပ်ထားသည်။ ထိုစာသား ကိုကျော်ကြည့်လျှင် မီးလောင် ကျွမ်းထားသည့် နေအိမ်များနှင့် အုပ်အုပ်ဆိုင်းဆိုင်း ကျေးရွာတစ် ရွာကို မြင်တွေ့ရမည်ဖြစ်သည်။