အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ။ ။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းထဲ ဓာတ်ဆီပုလင်းမီးရှို့ပစ်သွင်းသူကို ဖမ်းဆီးဖော်ထုတ်ခဲ့ရာတွင် ရဲတပ်ဖွဲ့ကို သတင်းပေးခဲ့သည့်အပြင် လိုက်ပါဆောင်ရွက်ပေးခဲ့သည့် မြောက်ဥက္ကလာမြို့နယ် (ဋ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသူရထွန်းကို ဂုဏ်ပြုပွဲ ကျင်း ပခဲ့သည်။
CCTV မှတ်တမ်းများအရ မြောက်ဒဂုံ ၅၁ရပ်ကွက်သို့သွားရောက် လေ့လာသည့်အချိန် လူသုံးယောက်မှ ပြစ်မှုကျူးလွန်သူ အကြောင်းပြောနေသည်ကို ကြားသိရ၍ သတင်းပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဦးသူရထွန်းကဆိုသည်။
" မြောက်ဒဂုံကနေပြီးတော့ မြို့ထဲကိုစီးဖို့တိုက်ရိုက်ကားက သုနန္ဒာလမ်းဆုံကနေသွားစီးမှ အဆင်ပြေခြင်းရှိတဲ့အတွက်ကြောင့် သူတို့သည် အရင်အခြေ အနေထဲကိုက ဒီလိုပဲလာလာပြီးတဲ့ အတွက် မြောက်ဒဂုံကဖြစ်နိုင်ခြေများတဲ့အတွက် မြောက်ဒဂုံမှာ ဆက်လက်ရှာဖွေရင် အဖြေတစ်ခုရမှာပါလို့ ကျွန်တော် ကသုံးသပ်ပြတဲ့အခါ တိုင်းတို့ ခရိုင်မှူးတို့ကလက်ခံပြီး မြောက်ဒဂုံဘက်ကိုဆက်တတ်ပါတယ်။ လူသုံးယောက်က ဓာတ်ပုံကိုကြည့်ပြီးတော့ ဒီလူဖြစ်နိုင် တယ်။ ဒီလူသည်ဘယ်မှာနေတဲ့သူဖြစ်တယ်။ ကျိန်းသေ ဒီလူဖြစ်ဖို့များတယ်ဆိုတဲ့ သတင်းကိုကျွန်တော်ရရှိတယ်။ အဲ့အတွက် ကျွန်တော်က ဒီလူ ၃ ယောက်ကိုခေါ်ပြီးစစ်လိုက်မယ်ဆိုရင် တရားခံပေါ်ဖို့များနေပြီ ဘာလို့ဆိုတော့ သူတို့ပြောနေတဲ့စကားတွေသည် ဒီလူကိုသိနေတဲ့ မြို့နယ်မှူးတို့ဘာတို့က ခေါ်ပြီးစစ်တဲ့အခါ တရားခံလို့ပြောလို့တော့မရဘူး သူနဲ့တော်တော်တော့တူတယ် သူဖြစ်နိုင်ဖို့များနေပါတယ် " ဟု မြောက်ဥက္ကလာမြို့နယ် (ဋ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသူရထွန်းက ဖြစ်စဉ်ကိုရှင်းပြသည်။
ဓာတ်ပုံပါပြစ်မှုကျူးလွန်သူဟုယူဆရသူမှာ (၅၁) ရပ်ကွက်၊ အောင်သစ္စာလမ်း၊ သပြေခြံ (ကျူးကျော်) တွင်နေသူ ဝင်းနိုင် ဆိုသူဖြစ်ကြောင်းသိရ သဖြင့် သွားရောက်ရှာဖွေရာ ကမ္ဘာအေးဘုရာလမ်းရှိ မြကျွန်းသာ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ လုံခြုံရေးဝန်ထမ်းတာဝန်းဆောင်နေကြောင်း ၄င်း၏ ဇနီးဖြစ်သူ ပြောပြချက်အရသိရှိရကြောင်းသိရသည်။
ထို့ကြောင့် မြကျွန်းသာအပန်းဖြေဥယျာဉ် အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ဖေဖော်ဝါရီလ (၂)ရက်နေ့ နံနက်ပိုင်းတွင် ဝင်းနိုင် ဆိုသူကို သွားရောက်ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှထုတ်ပြန်ထားသည်။
ဓာတ်ဆီပုလင်းမီးရှို့ပစ်သွင်းသူကို ဖမ်းဆီးဖော်ထုတ်ခဲ့သည့် ဦးသူရထွန်းအား ဂုဏ်ပြုပွဲကို ဗိုလ်ချုပ်ချစ်သူများအဖွဲ့က ဦးစီးကျင်းပခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗဟန်းမြို့နယ် က နေအိမ်ကို ဖေဖော်ဝါရီလ ၁ရက်နေ့ မနက် ၆နာရီ ဝန်းကျင် က အမည်မသိအမျိုးသားတစ်ဦးမှ မီးလောင်စေသည့် ပုလင်းပစ်သွင်းခဲ့ရာ ခြံစောင့်တဲ အနီးမှ ရေပိုက်ချောင်း မီးလောင်စေခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ် (ဋ)ရပ်ကွက်၊ အိန္ဒာပိုင်းရှိ နိဗ္ဗာန်ဆိပ်ဦး ဓမ္မာရုံတွင်ပြုလုပ်ခဲ့သည့် အဆိုပါ ဂုဏ်ပြုပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး တို့အပြင် ရပ်ကွက်နေပြည်သူများလည်း လာရောက်ခဲ့ကြသည်။
========================
251 / End
ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းထဲ ဓာတ်ဆီပုလင်းမီးရှို့ပစ်သွင်းသူကို ဖမ်းဆီးဖော်ထုတ်ခဲ့သည့် ဦးသူရထွန်းကို ရပ်ကွက်နေပြည်သူများဂုဏ
၃ ဖေဖော်ဝါရီ ၂၀၁၈ - ၁၇:၅၀
News ID: 880577
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ။ ။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းထဲ ဓာတ်ဆီပုလင်းမီးရှို့ပစ်သွင်းသူကို ဖမ်းဆီးဖော်ထုတ်ခဲ့ရာတွင် ရဲတပ်ဖွဲ့ကို သတင်းပေးခဲ့သည့်အပြင် လိုက်ပါဆောင်ရွက်ပေးခဲ့သည့် မြောက်ဥက္ကလာမြို့နယ် (ဋ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသူရထွန်းကို ဂုဏ်ပြုပွဲ ကျင်း ပခဲ့သည်။