၁၅ ဖေဖော်ဝါရီ ၂၀၁၈ - ၂၀:၀၄
ရန်ကုန်တွင် တရားမ၀င်ကားပါကင်ကြေး မိုက်ကြေးခွဲကောက်ခံမှု မြို့တော်ဝန်ကားပါ ပေးဆောင်နေရ

ရန်ကုန်မြို့တွင်းလမ်းမတွေပေါ် ရပ်ထားတဲ့ မော်တော်ယာဉ်တွေဆီကနေ တရားမ၀င် ကားပါကင်ကြေး မိုက်ကြေးခွဲကောက်ခံနေမှုတွေမှာ မြို့တော်ဝန်ရဲ့ကားပါ ပေးဆောင်နေရ တယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်မြို့တွင်းလမ်းမတွေပေါ် ရပ်ထားတဲ့ မော်တော်ယာဉ်တွေဆီကနေ တရားမ၀င် ကားပါကင်ကြေး မိုက်ကြေးခွဲကောက်ခံနေမှုတွေမှာ မြို့တော်ဝန်ရဲ့ကားပါ ပေးဆောင်နေရ တယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။

ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ကျောက်တံတားမြို့နယ် အမတ် ဒေါ်ကြည်ပြာရဲ့ ရန်ကုန်မြို့အတွင်း လူနေထူထပ်တဲ့ မြို့နယ်တွေမှာ ကားပါကင်တွေ သတ်မှတ်ပြီး စနစ်တကျပါကင်ကြေး ကောက်မယ့်အစီအစဉ်ကို ဘယ်အချိန်မှာ စတင်အကောင်အထည်ဖော်မလဲဆိုတာ သိလိုကြောင်း မေးခွန်းနဲ့ ပတ်သက်ပြီး မြို့တော်ဝန်က ဖြေကြားသွားတာပါ။

ဒီမေးခွန်းနဲ့ပတ်သက်ပြီး လူနေထူထပ်တဲ့ မြို့နယ်တွေမှာ ကားပါကင်တွေသတ်မှတ်ပြီး စနစ်တကျ ပါကင်ကြေးကောက်မယ့် အစီအစဉ်ကို ပုဂ္ဂလိကထံကို ဆပ်ကန်ထရိုက်ပေးတဲ့စနစ်နဲ့ ဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့လည်း  မြို့တော်ဝန်က ဖြေသွားပါတယ်။

လက်ရှိရန်ကုန်တိုင်းဒေသကြီးထဲမှာ အထပ်မြင့်ကားပါကင် ဆောက်လုပ်လို သူတွေ အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးရုံးကို လာရောက် လျှောက်ထားနိုင်ပြီး မြေနေရာကိုတော့ စည်ပင်ပိုင်မြေကို ငှားရမ်းလုပ်ကိုင်ခွင့်ပြုမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

========================
251 / End