၁၈ ဖေဖော်ဝါရီ ၂၀၁၈ - ၁၈:၁၈
အစိုးရက ပွင့်လင်းမြင်သာသဖြင့် ရန်ကုန်တိုင်းရှိ စီမံကိန်းများကို ပြည်သူများ ကြိုတင်သိရှိနေဟု ဦးဖြိုးမင်းသိန်းဆို ဦးဖြိုးမင်းသိန

ရန်ကုန်တိုင်းရှိ စီမံကိန်းများကို လွှတ်တော်သို့ မတင်ပြမီ အများပြည်သူ ကြိုတင်သိရှိနေခြင်းသည် အစိုးရက ပွင့်လင်းမြင်သာမှုရှိအောင် ပြုလုပ်ထားခြင်းကြောင့်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရန်ကုန်တိုင်းရှိ စီမံကိန်းများကို လွှတ်တော်သို့ မတင်ပြမီ အများပြည်သူ ကြိုတင်သိရှိနေခြင်းသည် အစိုးရက ပွင့်လင်းမြင်သာမှုရှိအောင် ပြုလုပ်ထားခြင်းကြောင့်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်မြို့ မြန်မာကွန်ဗင်း ရှင်းစင်တာ၌ ဖေဖော်ဝါရီ ၁၇ ရက်က ပြုလုပ်သည့် ဆောက် လုပ်ရေးကဏ္ဍတွင် တွေ့ကြုံနေရ သော အခက်အခဲများ တင်ပြခြင်း အခမ်းအနား၌ ဝန်ကြီးချုပ်က ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်များ ပြောကြားရာ တွင် ထည့်သွင်းပြောကြားသည်။

အစိုးရက စီမံကိန်းတစ်ခုကို စတင်မည်ဆိုပါက လုပ်ငန်းဖြစ် နိုင်ခြေရှိ၊ မရှိ လေ့လာဆန်းစစ် ချက်ပြုလုပ်ရပြီး ဆန်းစစ်ချက် ထွက်ပေါ်လာပါက နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များနှင့် အဖွဲ့ အစည်းများကို ဖိတ်ခေါ်၍ လေ့ လာဆန်းစစ်မှု ထပ်မံပြုလုပ်သည် ဟု ၎င်းက ဆက်လက်ပြောသည်။ ထိုသို့စစ်ဆေးပြီး အောင်မြင်သည့် လုပ်ငန်းဖြစ်မှသာ အစိုးရက အတည်ပြုရကြောင်း၊ ထိုသို့ အတည်ပြုပြီးမှသာ လွှတ်တော်သို့ တင်ပြရကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။

‘‘ဒါပေမဲ့ ဒီအခြေအနေက ဘာကြောင့် လွှတ်တော်ကို မပို့ သေးဘဲ ကြိုသိနေတာလဲဆိုတော့ ကျွန်တော်တို့ ပွင့်လင်းမြင်သာမှု ကို ပိုပြီး တွေ့နိုင်တာဖြစ်ပါတယ်။ ကျွန်တော်တို့အခြေခံကျတဲ့ လယ် သမားတွေအတွက် လယ်ယာမြေ ကို အောက်ဈေးနဲ့ ရောင်းလိုက်မှာ စိုးတဲ့အတွက် ဒီနေရာမှာ စီမံကိန်း ရှိနိုင်တယ်၊ ခင်ဗျားကြိုသိထားဖို့ လိုတယ်။ ဒီမြေကွက်ကို ရောင်းမယ်ဆိုရင် စဉ်းစားပြီး ရောင်းပါလို့ သတင်းကို ကြိုပြီး ထုတ်ထားတာပါ’’ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားသည်။

ရန်ကုန်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်၍ စီမံကိန်း စတင်ချိန်မှ လက်ရှိအချိန်အထိ အပြည့်အဝ သတင်းထုတ်ပြန် ထားသည်ဟု ၎င်းက ဆက်လက် ပြောသည်။

လုပ်ငန်းရှင်များသည် အစိုးရအကောင်အထည်ဖော်မည့် စီးပွားရေးလုပ်ငန်းများကို သိထားရန် လိုအပ်ပြီး နောက်သုံးနှစ်အတွင်း အစိုးရဆက်လက် အကောင်အ ထည်ဖော်မည့် စီမံကိန်းများကို လာမည့်ဧပြီတွင် ထုတ်ပြန်ရန်ရှိ ကြောင်း ဦးဖြိုးမင်းသိန်းက ပြော သည်။

ထို့ပြင် ရန်ကုန်တိုင်းရှိ မြို့ပြ စီမံကိန်းများကို ရန်ကုန်တိုင်း လွှတ်တော်သို့ တင်ပြမည်ဖြစ်ပြီး ရန်ကုန်အထူးစီးပွားဇုန်သည် ပြည် ထောင်စုအဆင့် ဆောင်ရွက်ရ မည်ဖြစ်၍ ပြည်ထောင်စုလွှတ် တော်သို့ တင်ပြမည်ဟု တိုင်းဝန် ကြီးချုပ်က ပြောသည်။

ဦးဖြိုးမင်းသိန်းနှင့်ပတ်သက်၍ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ တက် လမ်းဆောက်လုပ်ရေး လုပ်ငန်း ရှင် ဦးရှိန်ဝင်းက ‘‘ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ ပြည်သူများအတွက် မွေးဖွားလာ တယ်လို့ ရင်ထဲမှာ ခံစားရပါ တယ်။ ဘာလို့ဒီလိုပြောရလဲဆို တော့ အစည်းအဝေးမှာ ဝန်ကြီး ချုပ်က ဘာပြောလဲဆိုတော့ ပြည် သူတွေကို သိန်း ၁၀၀ တန်လောက်နဲ့ မထားချင်ဘူး၊ သိန်း ၃၀၀ လောက်မှ ထားချင်တယ်။ အငှား အိမ်ရာနဲ့ မထားချင်ဘူး။ အပိုင်ပဲ ပေးချင်တာ။ မြို့ပြင်မှာ မထား ချင်ဘူး။ ဖြစ်နိုင်ရင် မြို့ထဲမှာပဲ ထားချင်တယ်။ အဆောက်အအုံ ကိုလည်း အဆင့်အတန်းမရှိတဲ့ အိမ်ရာမှာ မထားချင်ဘူး။ မန္တလေး၊ နေပြည်တော်နဲ့ ရန်ကုန် မြို့ သုံးခုမှာဆိုရင် တခြားနေရာ မှာ ဘယ်လိုပဲဆောက်ဆောက် ရန်ကုန်မှာတော့ အထူးခိုင်ခံ့ပြီး ငလျင်ဒဏ်ကို ခံနိုင်တဲ့ အဆောက်အအုံပဲ ဆောက်ပါမယ် ပြော တယ်။ အဲဒါကြောင့် ပြည်သူတွေ ကို ကရုဏာနဲ့ မေတ္တာနဲ့ယှဉ်ပြီး အုပ်ချုပ်တဲ့ ဝန်ကြီးချုပ်တစ်ဦးလို့ ယုံကြည်ပါတယ်’’ ဟု ချီးကျူး စကား ပြောကြားသည်။

========================
251 / End