၂၄ ဖေဖော်ဝါရီ ၂၀၁၈ - ၁၆:၂၅
စစ်​​တွေတွင်​​ ၄ ​နေရာ ဗုံး​ပေါက်​ကွဲမှုဖြစ်​ပွား၊ မ​ပေါက်​ကွဲ​သေး​သည့် ဗုံး ၃ လုံး​တွေ့ရှိ

ရခိုင်​ပြည်​နယ်​၊ စစ်​​တွေမြို့ ​နေရာ​လေးခုမှာ ဖေဖော်ဝါရီ ၂၄ ရက် မနက်အစောပိုင်းက ဗုံး​ပေါက်​ကွဲမှု ဖြစ်​ပွားခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံး ၃ လုံးကိုလည်း တွေ့ရှိခဲ့တယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရခိုင်​ပြည်​နယ်​၊ စစ်​​တွေမြို့ ​နေရာ​လေးခုမှာ ဖေဖော်ဝါရီ ၂၄ ရက် မနက်အစောပိုင်းက ဗုံး​ပေါက်​ကွဲမှု ဖြစ်​ပွားခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံး ၃ လုံးကိုလည်း တွေ့ရှိခဲ့တယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

ရခိုင်​ပြည်​နယ်​ရဲမှူးကြီး ​အောင်​မြတ်​မိုးက “ဒီက​နေ့မနက်​က ​ပေါက်​တာ​ပါ။ ၄ နာရီ ၁၀ မိနစ်​က​ပေါက်​တာ၊ ​လေးလုံး​ကွဲပါတယ်​။ သုံးလုံးမ​ပေါက်​ကွဲဘဲ ​တွေ့ပါတယ်​” လို့ ဒီဗွီဘီကို​ပြောပါတယ်​။

အဲ့ဒီ​ဖြစ်​ပွားခဲ့တဲ့​နေရာက​တော့ ရခိုင်​ပြည်​နယ်​ပြည်နယ်​​တရားရုံး​အနီးမှာ တ​နေရာ၊ ပြည်​နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးဌာန ပြည်​နယ်​အုပ်​​ရေးမှူးအိမ်​​နောက်​မှာ တ​နေရာနဲ့ ​ရှေ့မှာတ​နေရာ၊ ပြည်နယ်​​မြေေ​​မြစာရင်းရုံးခြံ​ရှေ့တ​နေရာတို့ ဖြစ်​ကြပါတယ်​။

ဗုံးတွေ ဆက်တိုက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုအခြေနေကို မသိရသေးဘဲ လက်ရှိမှာတော့ အခင်းဖြစ်နေရာတွေမှာ လုံခြုံရေးတင်ကျပ်ထားပါတယ်။

========================
251 / End