အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစိုးရအနေနဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြားမှာ ညှိနှိုင်းပေးချင်ပေမယ့် ညှိနှိုင်းခံဖို့လိုတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
“တစ်ယောက်နဲ့ တစ်ယောက်ကြားထဲမှာ ညှိနှိုင်းမှုတွေရှိရဲ့လား၊ အထူးသဖြင့် အစိုးရ ကနေပြီးတော့ ညှိနှိုင်းပေးချင်ရဲ့လား။ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြားမှာ ညှိနှိုင်းပေးချင်ရဲ့လားဆိုပြီးတော့ တစ်ချို့ကလည်း မေးကြပါတယ်။ ကျမတို့ကတော့ လူတိုင်း တန်းတူညှိနှိုင်းပေးချင်ပါတယ်။ သို့သော်လည်း ညှိနှိုင်းခံရမယ့်သူတွေကလည်း ညှိနှိုင်း ခံချင်မရတာပါ။ လက်ခုပ်ဆိုတာ နှစ်ဖက်တည်းရတယ်။ သုံးဖက်ဆိုရင်ပိုပြီးတော့ ခက်ပါတယ်။ အဲဒါကြောင့်မို့ ကျမကနေ လုပ်ကြည့်ပြီးမှ သိမှာပါ။ လုပ်ကြည့်ရမယ်၊ ကြိုးစားကြည့်ရမယ်။ နောက်ပြီးတော့ ကျမတို့ကို ညှိနှိုင်းပေးစေချင်ရင်တော့ ကျမတို့စကားနားထောင်ရမှာပေါ့။”
ဖေဖော်ဝါရီ ၂၈ ရက်နေ့ နေပြည်တော် NRPC အဆောက်အအုံမှာ ကျင်းပတဲ့ JICM အစည်းအဝေး မိန့်ခွန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုခဲ့တာပါ။
ဒီအစည်းအဝေးမှာတော့ မွန်ပြည်နယ် ရေးမြို့နယ်မှာ ပြုလုပ်မယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကိစ္စအပါအဝင် ဖေဖော်ဝါရီ ၂၇ ရက်နေ့ ညနေက ပြုလုပ်ခဲ့တဲ့ UPDJC အစည်းဝေး ဆုံးဖြတ်ချက်တွေကို ဆုံးဖြတ်ပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။
========================
251 / End
၂၈ ဖေဖော်ဝါရီ ၂၀၁၈ - ၁၇:၁၇
News ID: 883885
အစိုးရအနေနဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြားမှာ ညှိနှိုင်းပေးချင်ပေမယ့် ညှိနှိုင်းခံဖို့လိုတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။