အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာ-တရုတ်-ဘင်္ဂ လားဒေ့ရှ် သုံးနိုင်ငံအကြား လျှပ် စစ်ဓာတ်အား အပြန်အလှန်ဝယ် ယူရေးဆိုင်ရာ နားလည်မှုစာချွန် လွှာ (MoU) ကို မတ်လ ၉ ရက် တွင် ဝန်ကြီးအဆင့် လက်မှတ် ရေးထိုးခဲ့သည်။
သုံးနိုင်ငံကြား လျှပ်စစ်ဓာတ် အားအပြန်အလှန်ရောင်းချရန်နှင့် လိုအပ်ပါက ပြန်လည်ဝယ်ယူရန် နားလည်မှုစာချွန်လွှာ ရေးထိုး ခြင်းဖြစ်ပြီး အာရှဓာတ်အား ကွန် ရက်အဖြစ် ချိတ်ဆက်ဆောင်ရွက် ရန်ဖြစ်သည်ဟု လျှပ်စစ်နှင့် စွမ်း အင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ပြော သည်။
‘‘အာဆီယံ ဓာတ်အားကွန် ရက်ပြီးရင် အာရှကွန်ရက်ကို ချိတ်ဖို့ အိမ်နီးချင်းတွေနဲ့ စလုပ် တာပါ’’ဟု ၎င်းက ဆက်လက် ပြောသည်။
သုံးနိုင်ငံကြား လျှပ်စစ်ဓာတ် အားကုန်သွယ်ခြင်းဖြင့် စွမ်းအင် ဖူလုံရေး၊ လျှပ်စစ်စွမ်းအင်ရင်း မြစ်များ မျှဝေသုံးစွဲရေး၊ အခြေ ခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက် ရေး၊ ဌာနဆိုင်ရာများ၏ စွမ်း ဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးတို့အတွက်ဖြစ် ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဌာနက ထုတ်ပြန်သည်။
ထို့အပြင် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အခြေခံကျ သည့် လျှပ်စစ်ဓာတ်အားလိုအပ် ချက်ကို အပြန်အလှန် ဖြည့်ဆည်း ပေးနိုင်မည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။
အဆိုပါ နားလည်မှုစာချွန် လွှာ လက်မှတ်ရေးထိုးရာတွင် သုံး နိုင်ငံမှ ကိုယ်စားလှယ်များ၊ ကျွမ်း ကျင်ပညာရှင်များ ပါဝင်သော ပူးတွဲလုပ်ငန်းအဖွဲ့ (Joint Working Group) ကိုဖွဲ့၍ လုပ် ငန်းဖြစ်မြောက်နိုင်စွမ်း လေ့လာ မှုလုပ်ငန်း (Feasibility Study) ဆောင်ရွက်မည်ဟု ဆိုသည်။
========================
251 / End