အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပုဂ္ဂလိကနှင့် အစိုးရ ကဏ္ဍများတွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန် နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ သည် မတ်လ ၁၂ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်သည်။
ထို့အပြင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက် ရေး အဓိကကျသည့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍများတွင် ပိုမိုပူး ပေါင်းဆောင်ရွက်နိုင်ရေးအပြင် မြန်မာနိုင်ငံ၏ အခြေခံအဆောက် အအုံနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များလည်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ တွေ့ဆုံမှုတွင် ဂျပန်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ ဘက်မှ Japan Business Federation (Keidanren) ဒုတိယ ဥက္ကဋ္ဌ၊ Japan-MyanmarEconomic Committee of Keidanren ဥက္ကဋ္ဌနှင့် MitsubishiCorporation ဘုတ်အဖွဲ့ဥက္ကဋ္ဌ Mr. Ken KOBAYASHI နှင့် Japan-Myanmar EconomicCommittee of Keidanren ဥက္ကဋ္ဌ၊ Marubeni Corporation ဘုတ်အဖွဲ့ဥက္ကဋ္ဌ Mr. Teruo ASADA တို့အပါအဝင် အဖွဲ့ဝင် ၃၀ ပါရှိသည်။
ဆွေးနွေးပွဲသို့ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိ ယဝန်ကြီး ဦးသာဦး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန် ကြီး ဒေါက်တာထွန်းနိုင်၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ မြန်မာနိုင်ငံဆိုင် ရာ ဂျပန်သံအမတ်ကြီး Mr. Tateshi Higuchi နှင့် တာဝန်ရှိ သူများ တက်ရောက်သည်။
========================
251 / End
၁၃ မတ် ၂၀၁၈ - ၁၉:၄၀
News ID: 885600