အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ လူသားချင်းဆိုင်ရာ ကူညီထောက်ပံ့မှုများပေးရန်နှင့် ပြန်လည်ကောင်းမွန်ရေးကြိုးပမ်းနေသည့် မြန်မာအစိုးရကို ကူညီရန် သြစတြေးလျနှင့် အာဆီယံခေါင်းဆောင်များအား ပြောကြားကြောင်း The Guardian သတင်းဌာနက ယမန်နေ့တွင်ဖော်ပြသည်။ဆစ်ဒနီမြို့တွင် ကျင်းပနေသည့် အာဆီယံ - သြစတြေးလျ ထိပ်သီးအထူးအစည်းအဝေး
တံခါးပိတ်ဆွေးနွေးပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ယင်းသို့ပြောကြားခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်အရေးကို ဒေါ်အောင်ဆန်းစုကြည်က အချိန်ယူ၍ ကျယ်ပြန့်စွာ ပြောကြားခဲ့သည်ဟု သြစတြေးလျဝန်ကြီးချုပ် မဲလ်ကွန်တန်ဘူလ်ကပြောသည်။
‘‘ဒီကိစ္စ (ရခိုင်ပြည်နယ်အရေး)ကို ကျွန်တော်တို့ဆွေးနွေးခဲ့ပါတယ်။ဆွေးနွေးပွဲမှာ အပြုသဘောနဲ့ ပြောဆိုခဲ့ကြတာပါ’’ဟု ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးချုပ်က ပြောသည်။
ယခုနှစ်အာဆီယံဥက္ကဋ္ဌ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများသည် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်စပ်သော်လည်း ရလဒ်တစ်ခုထွက်ပေါ်ရန်အတင်းအကျပ်ဖိအားပေးမည် မဟုတ်ကြောင်း ပြောကြားသည်ဟုCNA သတင်းဌာနကလည်း ဖော်ပြသည်။
‘‘ရခိုင်ပြည်နယ်အရေးက အာဆီယံနိုင်ငံများနဲ့ ပတ်သက် ဆက်စပ်ပါတယ်။ ဒီအခြေအနေ မှာ အာဆီယံအနေနဲ့ ကြားဝင်မှာ မဟုတ်သလို ရလဒ်ထွက်ပေါ် အောင် အတင်းဝင်လို့မရပါဘူး’’ ဟု မဲလ်ကွန်တန်ဘူလ်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် လီရှန်လွန်းက ပြောသည်။
အာဆီယံသည် အဖွဲ့ဝင်နိုင် ငံများ၏ ပြည်တွင်းရေး၌ ဝင် ရောက်စွက်ဖက်ခွင့်မပြုရေးမူဝါဒ ကို ချမှတ်ကျင့်သုံးသည်။
ဆက်လက်၍ စင်ကာပူဝန် ကြီးချုပ် လီရှန်လွန်းက အာဆီယံ အနေဖြင့် မြန်မာနိုင်ငံ၏အခြေအ နေတည်ငြိမ်အေးချမ်းမှုကို ပြန် လည်တည်ဆောက်မည့် အစိုးရ အား အကောင်းဆုံးကူညီမည်ဟု အထက်ပါသတင်းစာရှင်းလင်းပွဲ ၌ ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ယမန်နေ့က ဆစ်ဒနီမြို့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ၌ ပြုလုပ်သော အာဆီယံ -သြစတြေးလျအထူးထိပ်သီးအ စည်းအဝေး၏ မျက်နှာစုံညီအ စည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ အဆိုပါ မျက်နှာစုံညီအစည်းအဝေးသို့ သြစတြေးလျနိုင်ငံဝန်ကြီးချုပ်၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်သည်ဟုဆိုသည်။
ထို့နောက် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်သည် သြစတြေးလျနိုင်ငံ ဘုရင်ခံချုပ်နေအိမ်၌ ကျင်းပသည့် အာဆီယံနှင့် သြစတြေးလျနိုင်ငံ ခေါင်းဆောင်များ၏ သီးသန့် အစည်းအဝေးသို့ တက်ရောက်ခဲ့ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသီးသန့်အစည်းအဝေး တွင် သြစတြေးလျဝန်ကြီးချုပ် မဲလ်ကွန်တန်ဘူလ်နှင့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းတို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီးအာဆီယံ-သြစတြေးလျညှိနှိုင်းရေးမှူး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ဖြစ်ရပ်တိုးတက်မှုအခြေအနေများ၊ စိန်ခေါ်မှုများ၊ နိုင်ငံတကာဆက်ဆံရေးအခြေအနေနှင့်ဒေသတွင်းကိစ္စရပ်များ ပါဝင်ဆွေးနွေးခဲ့သည်ဟုဆိုသည်။
ထို့အပြင် ယင်းသီးသန့်အ စည်းအဝေးတွင် အာဆီယံ-သြစ တြေးလျအထူးထိပ်သီးအစည်းအ ဝေး၏ ပူးတွဲကြေညာချက်ဖြစ် သည့် Sydney Declaration ကို အတည်ပြုချမှတ်ခဲ့ကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။
========================
251 / End
ရခိုင်အရေးနှင့်ပတ်သက်၍ မြန်မာအစိုးရကို ကူညီရန် သြစတြေးလျနှင့် အာဆီယံခေါင်းဆောင်များအား ဒေါ်အောင်ဆန်းစုကြည်ပြောကြား ရလဒ်တစ်ခုထွက်ေ
၁၉ မတ် ၂၀၁၈ - ၂၀:၂၉
News ID: 886299
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ လူသားချင်းဆိုင်ရာ ကူညီထောက်ပံ့မှုများပေးရန်နှင့် ပြန်လည်ကောင်းမွန်ရေးကြိုးပမ်းနေသည့် မြန်မာအစိုးရကို ကူညီရန် သြစတြေးလျနှင့် အာဆီယံခေါင်းဆောင်များအား ပြောကြားကြောင်း The Guardian သတင်းဌာနက ယမန်နေ့တွင်ဖော်ပြသည်။ဆစ်ဒနီမြို့တွင် ကျင်းပနေသည့် အာဆီယံ - သြစတြေးလျ ထိပ်သီးအထူးအစည်းအဝေး တံခါးပိတ်ဆွေးနွေးပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ယင်းသို့ပြောကြားခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်အရေးကို ဒေါ်အောင်ဆန်းစုကြည်က အချိန်ယူ၍ ကျယ်ပြန့်စွာ ပြောကြားခဲ့သည်ဟု သြစတြေးလျဝန်ကြီးချုပ် မဲလ်ကွန်တန်ဘူလ်ကပြောသည်။