၂၂ မတ် ၂၀၁၈ - ၁၆:၂၅
သြစတြေးလျဝန်ကြီးချုပ်၏ဖိတ်ကြားမှုဖြင့် အာဆီယံ-သြစတြေးလျ စီအီးအိုဖိုရမ်သို့ မြန်မာလုပ်ငန်းရှင် ခြောက်ဦးတက်ရောက်

အာဆီယံ-သြစတြေး လျအထူးအစည်းအဝေး၏ CEO Forum သို့ သြစတြေးလျဝန်ကြီး ချုပ်၏ဖိတ်ကြားမှုဖြင့် မြန်မာလုပ် ငန်းရှင်ခြောက်ဦးတက်ရောက်ခဲ့ ပြီး အာဆီယံ ဒေသအတွင်း အဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးတိုး တက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 အာဆီယံ-သြစတြေး လျအထူးအစည်းအဝေး၏ CEO Forum သို့ သြစတြေးလျဝန်ကြီး ချုပ်၏ဖိတ်ကြားမှုဖြင့် မြန်မာလုပ် ငန်းရှင်ခြောက်ဦးတက်ရောက်ခဲ့ ပြီး အာဆီယံ ဒေသအတွင်း အဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးတိုး တက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခဲ့သည်။

ထိုဆွေးနွေးပွဲကို မတ်လ ၁၇ ရက်တွင် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၌ ကျင်းပခဲ့ပြီး ထိုအ စည်းအဝေးသို့ တက်ရောက်ရန် သြစတြေးလျ ဝန်ကြီးချုပ် မဲလ် ကွန်တန်ဘူလ်က မြန်မာလုပ်ငန်းရှင်ခြောက်ဦးကို တိုက်ရိုက်ဖိတ် ကြားခဲ့သည်။

တက်ရောက်သည့် လုပ်ငန်းရှင်များသည် မက်စ်မြန်မာကုမ္ပဏီ အုပ်စုဥက္ကဋ္ဌ ဦးဇော်ဇော်၊ FMI ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိမ်းဝေ(ခ) Mr. Serge Pun, MPRL E&P ကုမ္ပဏီဥက္ကဋ္ဌ ဦးမိုက်ကယ်မိုးမြင့်၊ ရသာ ချိုကုမ္ပဏီဥက္ကဋ္ဌ ဦးဝေဖြိုး၊ MIT ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ ထွန်းသူရသက်နှင့် City Mark Holding ကုမ္ပဏီလီမိတက်အုပ်ချုပ်မှုဒါရိုက်တာ  ဒေါ်ဝင်းဝင်းတင့်တို့ ဖြစ်သည်။

အဆိုပါဖိုရမ်တွင် အာဆီယံ ဒေသတွင်း အခြေခံအဆောက်အ အုံဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ် များ၊ အခက်အခဲ အတားအဆီး များနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များ၊ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ နှင့် နည်းပညာပိုင်းဆိုင်ရာ ကိစ္စ ရပ်များကို အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ ထိပ်တန်းလုပ်ငန်းရှင်များ က ဆွေးနွေးခဲ့သည်ဟုဆိုသည်။

အဆိုပါ စားပွဲဝိုင်းဆွေးနွေး ပွဲတွင် ဦးဇော်ဇော်က သက်ဆိုင် ရာနိုင်ငံများ၌ ရင်းနှီးမြှုပ်နှံမှု ပြု လုပ်ရာတွင် ပွင့်လင်းမြင်သာမှု၊ အစိုးရ၏ ပံ့ပိုးကူညီမှုနှင့် အနာ ဂတ်တွင် Regulatory Reform များ ပြုလုပ်ရာတွင် နိုင်ငံတကာစံနှုန်းများနှင့်အညီ ရှိသင့်ကြောင်း၊ Fund Raising ကိစ္စရပ်များကို ပြည်တွင်း၊ ပြည်ပမှ ရယူလိုမှု ကိစ္စရပ်များ ဦးဆောင်ဆွေးနွေးခဲ့ကြောင်းလည်း ဦးဇော်ဇော်က ပြောသည်။

ထိုဆွေးနွေးပွဲသို့ အာဆီယံ နိုင်ငံများမှ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ပြီး သြစတြေးလျမြို့ပြ အခြေခံအ ဆောက်အအုံနှင့် ဆောက်လုပ် ရေးဝန်ကြီးက ဦးဆောင်ကျင်းပခဲ့ ခြင်းဖြစ်သည်။

ထို့အပြင် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များသည် New SouthWales ပြည်နယ်အုပ်ချုပ်ရေးမှူး နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့၏ဖိတ် ကြားချက်အရ အာဆီယံ ဒေသ တွင်း စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။ ASEAN-Australia Special Summit သည် အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များနှင့် သြစတြေး လျအစိုးရတို့ မတ်လ ၁၇ နှင့် ၁၈ ရက်၌ ဆွေးနွေးပြီး ထိုအစည်း အဝေးနှင့်အတူ CEO Forum ကို ကျင်းပခဲ့ခြင်းဖြစ်သည်။

အာဆီယံ - သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက် ရောက်ခဲ့သည်။

========================
251 / End