အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မန္တလေးတိုင်းဒေသကြီးအတွင်း မြန်မာ့သစ်လုပ်ငန်းက ဒုတိယမြောက်ဆင်စခန်း (ဝါးနက်အပန်းဖြေ ဆင်စခန်း) ကို ရဲရွာသွားကာလမ်းဘေးမှာ မတ် ၃၀ ရက်နေ့ ထပ်မံဖွင့်လှစ်သွားဖို့ ပြင်ဆင်နေပါတယ်။
မန္တလေးတိုင်းဒေသကြီး ပြင်ဦးမြို့နယ် ရဲရွာရေအားလျှပ်စစ်စီမံကိန်း သွားကားလမ်းဘေးရှိ (၅) မိုင် ၅ ဖာလုံတွင် ဒုတိယမြောက်အဖြစ် ဝါးနက်အပန်းဖြေဆင်စခန်းတစ်ခုကို ထပ်မံ ဖွင့်လှစ်သွားမယ်လို့ မြန်မာ့သစ်လုပ်ငန်း(မန္တလေးတိုင်းဒေသကြီး) လက်ထောက်မန်နေဂျာ ဦးဟန်ဝင်းအောင်က ပြောပါတယ်။
“အခုဖွင့်မယ့်ဆင်စခန်းက ဒီးဒုတ်ဆင်စခန်းနားမှာပါပဲ။ ခုဖွင့်မယ့်ဟာက ဒီးဒုတ်ထက် ပိုသာမယ် နွေရာသီ ကျောင်းပိတ်ရက်လည်းရောက်လာပြီဆိုတော့ အများပြည်သူ အပန်းဖြေ တာလည်း များလာပြီ။ ဒါ့ကြောင့် ထပ်တိုးဖွင့်တာပါ။ စားသောက်ဆိုင်တွေလည်းပါမယ်။ အပန်းဖြေလို့ရမယ့် အရိပ်တွေလည်းလုပ်ပေးသွားမယ်။ နောက်ပိုင်းမှာ အခြားလုပ်ဖို့ စီစဉ်ထား တာတွေရှိတယ်။ အကျယ်အဝန်းက ဧက ၁၃၀ ကျော်ရှိပြီး အခု ဆင်ခြောက်ကောင် ရောက်ရှိ လာပြီဖြစ်တယ်။ အများပြည်သူ အပန်းဖြေနားခိုနိုင်ဖို့နဲ့ ဌာနအနေနဲ့ တလကို သိန်း ၅၀ နီးပါး ဝင်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဌာနအနေနဲ့ ပြင်ဆင်စရိတ်ကို သိန်း ၁၂၀ ချထားပေးပါတယ်။”
လာရောက်အပန်းဖြေသူတွေအနေနဲ့ ဝင်ကြေး တယောက်ကို ၁၀၀၀ ကျပ်ပေးရမှာ ဖြစ်ပြီး ဆင်စီ်းခအဖြစ် မိနစ် ၂၀ ကျော်စီးမယ်ဆိုရင် သုံးထောင်ကျပ်ပေးရမှာဖြစ်ပြီး နိုင်ငံခြားသားတွေ ကိုတော့ မြန်မာကျပ်ငွေ နှစ်သောင်းကောက်ခံသွားမှာဖြစ်ပါတယ်။
မြန်မာ့သစ်လုပ်ငန်း(မန္တလေးတိုင်းဒေသကြီး)အနေနဲ့ ပထမအကြိမ်အဖြစ် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့က မကျည်းအင်းကျေးရွာ ဒီးဒုတ်ဆင်စခန်းကို ဆင်အကောင်ရေ (၆) ကောင်နဲ့ ဖွင့်လှစ်ခဲ့ပြီး နေ့စဉ် ခရီးသွားပြည်သူတွေ ဒေသခံတွေ ၁၀၀ ကျော် ၀င်ရောက် အပန်းဖြေနေကြပါတယ်။
အခုဖွင့်လှစ်မယ့် ဆင်စခန်းအသစ်တွင် ဆင်အကောင်ရေ (၆) ကောင်နဲ့အများပြည်သူ တွေ အပန်းဖြေနိုင်ရန် စီစဉ်ထားပြီး မတ်လကုန် ၃၀ ရက်နေ့မှာဖွင့်လှစ်မှာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးနဲ့ မန္တလေးတိုင်းဝန်းကြီးချုပ်နဲ့ တိုင်းဒေသကြီး အစိုရတာဝင်ရှိသူများ တက်ရောက်ဖွင့်လှစ်သွား မှာလည်း ဖြစ်ပါတယ်။
ဝါးနက်ကျေးရွားသား ကိုရွှေက “ကျနော်တို့ ဝါးနက် ကျေးရွားသူ/သားတွေကတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ လက်ရှိမှာရနေကြတယ်။ ပြီးတော့ လာရောက်ပြီး ဆင်စခန်းကို အပန်းဖြေကြမယ့် ခရီးသွားပြည်သူတွေ လာရောက်လည်ပတ်သူတွေအနေနဲ့လဲ အဆင်ပြေကြမှာ ဖြစ်သလို နိုင်ငံတော်အနေနဲလည်း ရသင့်ရထိုက်တဲ့ အခွန်အခတွေရရှိလာမယ်။ ဒေသလည်း ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတာကို ယုံကြည်တယ်”လို့ ပြောပါတယ်။
မြန်မာ့သစ်လုပ်ငန်းအနေနဲ့ ၁၉၉၁ ခုနှစ်မှာမှာ ပဲခူး ကျားကြီးဆင်စခန်းကို စတင်ဖွင့်လှစ်ခဲ့ပြီး အခုဖွင့်တဲ့ ဝါးနက်ကျေးရွာကဆင်စခန်းဟာ စခန်းပေါင်း ၂၀ မြောက်အပန်းဖြေ ဆင်စခန်းတခုလည်းဖြစ်ပါတယ်။
========================
251 / End
၂၅ မတ် ၂၀၁၈ - ၁၈:၂၇
News ID: 886941
မန္တလေးတိုင်းဒေသကြီးအတွင်း မြန်မာ့သစ်လုပ်ငန်းက ဒုတိယမြောက်ဆင်စခန်း (ဝါးနက်အပန်းဖြေ ဆင်စခန်း) ကို ရဲရွာသွားကာလမ်းဘေးမှာ မတ် ၃၀ ရက်နေ့ ထပ်မံဖွင့်လှစ်သွားဖို့ ပြင်ဆင်နေပါတယ်။