အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်သမ္မတဦးဝင်း မြင့်သည် အာဆီယံထိပ်သီးအ စည်းအဝေးတက်ရောက်ရန် ယ မန်နေ့ညနေတွင် စင်ကာပူနိုင်ငံ သို့ ရောက်ရှိခဲ့သည်။
ယင်းမှာ သမ္မတတာဝန်ယူ ပြီးနောက် ဦးဝင်းမြင့်၏ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်သည်။
စင်ကာပူနိုင်ငံချန်ဂီလေဆိပ်သို့ နိုင်ငံတော်သမ္မတရောက်ရှိချိန် တွင် စင်ကာပူရောက် မြန်မာနိုင်ငံ သားအချို့က ကြိုဆိုခဲ့ကြောင်းကြိုဆိုရေးအဖွဲ့တွင်ပါဝင်သူ ဒေါ်ထိုက်ထိုက်ထွန်းကပြောသည်။
‘‘အာဆီယံခေါင်းဆောင် တွေ လာတဲ့အချိန်ဆိုတော့ စင် ကာပူရဲတပ်ဖွဲ့က အနားကပ်ခွင့် မပေးဘူး။ သမ္မတကြီးကတော့ အစ်မတို့လာကြိုတယ်ဆိုတာ တော့မြင်သွားတယ်။ စင်ကာပူရဲ တပ်ဖွဲ့တွေကလည်း မြန်မာမိ သားစုတွေလာကြိုကြတယ်လို့ သွားပြောတာတွေ့ရတယ်’’ ဟု ၎င်းကဆိုသည်။
စင်ကာပူရောက်မြန်မာမိ သားစုများသည် နိုင်ငံတော်သမ္မ တသစ်ဦးဝင်းမြင့်နှင့် တွေ့ဆုံလို ကြောင်းနှင့် သမ္မတကြီး၏ဩ၀ါဒ ခံယူလိုကြောင်း ဒေါ်ထိုက်ထိုက် ထွန်းကဆိုသည်။
နိုင်ငံတော်သမ္မတသည် စင် ကာပူသို့ ရောက်ရှိသည့်ညတွင် မြန်မာသံရုံးဝန်ထမ်းများ၊၀န်ထမ်း မိသားစုများနှင့်တွေ့ဆုံ၍ ပညာ ရေး၊ ကျန်းမာရေးနှင့် လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ မေးမြန်းကာ လက်ဆောင်ပစ္စည်း များ ပေးအပ်ခဲ့ကြောင်း သမ္မတရုံး ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်မှထွက်ခွာသည့် သမ္မတဦးဝင်းမြင့်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၊ ဒုတိယ သမ္မတ(၁)ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ(၂)ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်နှင့် အစိုးရ အဖွဲ့တာဝန်ရှိသူများ လိုက်ပါပို့ ဆောင်ခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးဝင်း မြင့်သည်ယနေ့(ဧပြီ ၂၇ )နှင့် ဧပြီ ၂၈ ရက်တွင် ကျင်းပမည့် အာဆီ ယံထိပ်သီးအစည်းအဝေးများသို့ တက်ရောက်မည်ဖြစ်ပြီး ယင်း ကာလအတွင်း အာဆီယံခေါင်း ဆောင်အချို့နှင့်လည်း သီးခြားစီ တွေ့ဆုံရန် စီစဉ်ထားသည်။
နိုင်ငံတော် သမ္မတနှင့်အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဦးကျော် တင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီးဦးကျော်ဝင်းတို့ လိုက်ပါသွား သည်။
========================
251 / End
၂၇ ဧပြီ ၂၀၁၈ - ၁၃:၃၉
News ID: 891103
နိုင်ငံတော်သမ္မတဦးဝင်း မြင့်သည် အာဆီယံထိပ်သီးအ စည်းအဝေးတက်ရောက်ရန် ယ မန်နေ့ညနေတွင် စင်ကာပူနိုင်ငံ သို့ ရောက်ရှိခဲ့သည်။