အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် သံအမတ်ကြီးများ ကို ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အရေး နှင့်ပတ်သက်၍ မြန်မာဘက်က စိစစ်ပြီးသူ များကို ပြန်လည်လက်ခံရန် အဆင်သင့်ဖြစ် နေကြောင်းနှင့် နေရပ်စွန့်ခွာသူများကို ဆော လျင်စွာပြန်လည်လက်ခံရေး ဘင်္ဂလားဒေ့ရှ် ဘက်က ပူးပေါင်းဆောင်ရွက်ရန် လိုအပ် ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ထည့်သွင်းပြောကြားသည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။
ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည် က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘော တူထားသည့် ပုံစံမှန်များကိုဖြည့်စွက်၍ ဆော လျင်စွာ ပြန်လည်ပေးပို့ရန်လိုအပ်ကြောင်း ပြောကြားပြီး ထိခိုက်ခံအသိုက်အဝန်းများ အားလုံးကို လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နေမှုနှင့် အသိုက်အဝန်းများအကြား ယုံ ကြည်မှု ပြန်လည်တည်ဆောက် ရန် လိုအပ်မှုတို့ကို ထည့်သွင်း ပြောကြားသည်။
ထို့အပြင် နိုင်ငံသားပြုရေး ကိစ္စ၊ IDP စခန်းများ ပိတ်သိမ်းနေမှု၊ နိုင်ငံသားစိစစ်ရေးကတ်(NVC)များထုတ်ပေးသည့် ကိစ္စ၊ တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု၊ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းပေါ်တွင် နေထိုင်သူများပြဿနာများကို နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်များကို ရှင်းလင်းပြောကြားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယင်းနောက် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အကြမ်းဖက်မှု အချိန်မရွေးပြန်လည်ဖြစ်ပေါ်လာ နိုင်ခြေရှိမှု၊ ပဋိပက္ခဖြစ်ပွားရသည့် အကြောင်း ဇာစ်မြစ်ကို ရှာဖွေဖြေ ရှင်းရန် လိုအပ်မှု၊ အမုန်းတရား ပြန့်ပွားစေနိုင်သည့် ပြောကြားမှု များကာကွယ်တားဆီးရေးကိစ္စ နှင့် အတန်းပညာရေး သင်ကြားမှု တိုက်တွန်းပေးရေးတို့ကို ဒေါ် အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားသည်ဟု ထုတ်ပြန်ချက် ၌ ဆက်လက်ဖော်ပြသည်။
အထက်ပါ ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့တွင် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော် ထိပ်တန်း ခေါင်း ဆောင်များအား ဘုရင့်နောင်ရိပ် သာသို့ သွားရောက်တွေ့ဆုံခဲ့ သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က တပ်မတော်သည် စည်းကမ်းနှင့်ပတ်သက်၍ တိကျ စွာလုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော် အက်ဥပဒေများကို လိုက်နာပြီး နိုင်ငံတကာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် အညီသာ ဆောင်ရွက်ကြောင်းနှင့် စည်းကမ်းဖောက်ဖျက်သူများအား ဥပဒေနှင့်အညီ တိကျစွာ အရေးယူဆောင်ရွက်နေကြောင်း ကိုယ်စားလှယ်အဖွဲ့အား ရှင်းလင်းပြောကြားသည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း တွင် အစွန်းရောက် ဘင်္ဂါလီအ ကြမ်းဖက်သမားများ၏အကြမ်း ဖက် လုပ်ဆောင်မှုများကြောင့် သာ ယခုကဲ့သို့ အခြေအနေများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်းနှင့် တပ်မတော်အနေဖြင့် နိုင်ငံတော် အစိုးရ၏ညွှန်ကြားချက်များနှင့် အညီ ပူးပေါင်းလုပ်ဆောင်ရန် အသင့်ရှိကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ထည့်သွင်း ပြောကြားသည်။
စွပ်စွဲခံနေရသော လိင်အ ကြမ်းဖက်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ ကိုး ကွယ်သည့်ဘာသာအရ စက်ဆုပ်ဖွယ်အပြုအမူအဖြစ် သတ်မှတ်ထားပြီး ပြင်းထန်စွာ အရေးယူဆောင်ရွက်လျက်ရှိကာ ယင်းပြစ်မှုများကို ပိုမိုပြင်းထန်စွာ အပြစ်ပေးလျက်ရှိကြောင်းနှင့် မြန်မာ့တပ်မတော်၏သမိုင်းကြောင်း၌လည်း ယင်းကဲ့သို့ လိင်အကြမ်း ဖက်မှုများမရှိကြောင်း ဆက်လက်ပြောကြားသည်။
ထို့အပြင် ပေးအပ်ထား သော ခိုင်မာသည့်အထောက်အ ထားစာရွက်စာတမ်းများနှင့် ဓာတ်ပုံမှတ်တမ်းများအား သေချာစွာ လေ့လာပြီး ဖြစ်စဉ်ဖြစ်ရပ်မှန်များ ကို သိရှိအောင် ဆောင်ရွက်ကြ စေလိုကြောင်းနှင့် မေလ ၁ ရက် တွင် ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာစဉ် ပွင့်လင်းစွာ မေးမြန်း ပြီး နှစ်ဖက်မျှတစွာ စဉ်းစားသုံး သပ်စေလိုကြောင်း ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောကြား သည်ဟု တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်သည်။
ထို့အပြင် ကိုယ်စားလှယ်အ ဖွဲ့သည် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည် ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်းထွန်း၊ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင် ရွက်ရေးကော်မတီဥက္ကဋ္ဌ ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်း မြတ်အေး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်၊ ရခိုင်ပြည်နယ်အ တွင်း လူသားချင်းစာနာထောက် ထားမှုကူညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုး ရေးစီမံကိန်း (UEHRD)ညှိနှိုင်း ရေးမှူးချုပ် ဒေါက်တာအောင် ထွန်းသက်အပါအဝင် တာဝန်ရှိသူများနှင့် နေပြည်တော်ရှိ ရွှေစံအိမ် ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးများ၊ အိမ်နီးချင်းနိုင်ငံများမှ သံအမတ်ကြီးများ၊အာဆီယံ အလှည့်ကျဥက္ကဋ္ဌ စင်ကာပူနိုင်ငံမှ သံအမတ်ကြီးများသည် ယနေ့ (မေလ ၁ ရက်)တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသသို့ နေ့ချင်းပြန်သွားရောက်မည် ဖြစ်သည်။
ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် နေပြည် တော် အပြည်ပြည်ဆိုင်ရာ လေ ဆိပ်၌ ပြည်တွင်း၊ ပြည်ပသတင်း မီဒီယာများနှင့် တွေ့ဆုံပွဲပြုလုပ် ပြီးနောက် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည်ဖြစ်သည်။
နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်မတိုင်မီ ကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ခဲ့ပြီး ကော့ဘဇား ဒုက္ခသည်စခန်း၌ ဘင်္ဂါလီများနှင့် တွေ့ဆုံကာ ဝန်ကြီးချုပ် မစ္စစ်ရှိတ်ဟာဆီနာနှင့်တွေ့ဆုံခဲ့သည်။
========================
251 / End
ဒေါ်အောင်ဆန်းစုကြည် ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့်တွေ့ဆုံ နေရပ်စွန့်ခွာသူများကို ဆောလျင်စွာပြန်လည်လက်ခံရေး ဘင်္ဂလားဒေ့ရှ်ဘက်
၁ မေ ၂၀၁၈ - ၁၆:၅၂
News ID: 891647
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် သံအမတ်ကြီးများ ကို ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။