အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တဖက်ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လည်ဝင်ရောက်လာတဲ့ ဘဂါင်္လီတွေကို အန်ဗွီစီကတ် မထုတ်ပေးဖို့ ဒီနေ့ နေ့လယ်ပိုင်းက စစ်တွေမြို့မှာ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီကနေ့နေ့လယ်ပိုင်းက ရခိုင်အလင်းတံခါး တက်ကြွလှုပ်သူအဖွဲ့ အပါအဝင် ဒေသခံ ၁၀၀ ဝန်းကျင်လောက်က စစ်တွေဝင်္ကာဘာကွင်းက စတင်လို့ မြို့ပတ်လမ်းလျှောက်ဆန္ဒပြခဲ့ကြတာပါ။
တဖက်နိုင်ငံက ပြန်လည်ဝင်ရောက်လာတဲ့သူတွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း စိစစ်ဆောင်ပြီးမှ အန်ဗွီစီကတ်ကို ပေးသင့်တယ်လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။ ဒီလို မစိစစ်ဘဲ အန်ဗွီစီကတ် ထုတ်ပေးနေတဲ့အပေါ် ဒေသခံတိုင်းရင်းသားတွေ ပိုပြီး စိုရိမ်းမကင်း ဖြစ်ကြရတယ်လို့ ဆန္ဒပြရမှာပါဝင်သူတွေက ဆိုပါတယ်။
ဒါ့အပြင် တဖက်ဘင်္ဂလားဒေ့ရှ် တရားမဝင်လမ်းကြောင်းကနေ ဝင်လာတဲ့သူတွေ ရှိနေတာကြောင့် ဒါကိုလည်း သေချာစိစစ်ပေးဖို့ လိုတယ်လို့လည်း ဆန္ဒပြသူတွေက ဆိုပါတယ်။
ဒီကနေ့ ဆန္ဒထုတ်ဖော်ကြွေးကြော်သံတွေကတော့ အကြမ်းဖက်လူမျိုး အလိုမရှိ၊ မြန်မာနိုင်ငံ ဥပဒေကို လေးစားပါ၊ အစိုးရမှ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအား အမြန်ဆုံးဆောင်ရွက်ပေးရေး၊ NVC ကတ် အလိုမရှိ စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
========================
251 / End
၁၃ မေ ၂၀၁၈ - ၁၇:၁၄
News ID: 893309
တဖက်ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လည်ဝင်ရောက်လာတဲ့ ဘဂါင်္လီတွေကို အန်ဗွီစီကတ် မထုတ်ပေးဖို့ ဒီနေ့ နေ့လယ်ပိုင်းက စစ်တွေမြို့မှာ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။