၂၃ မေ ၂၀၁၈ - ၁၆:၄၇
ပဋိပက္ခဖြေရှင်းရေးအတွက် အဓိက သော့ချက်

ငြိမ်းချမ်းစ ကရင်ပြည်နယ်၌ တစ်ကျော့ပြန် စစ်ပွဲကြီးများ ပြန်ဖြစ်လာလေမလားဟု စိုးရိမ်နေရ သည့်ကာလတွင် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်များအကြား သဘောတူညီချက်တစ်ရပ်ရရှိခဲ့ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ငြိမ်းချမ်းစ ကရင်ပြည်နယ်၌ တစ်ကျော့ပြန် စစ်ပွဲကြီးများ ပြန်ဖြစ်လာလေမလားဟု စိုးရိမ်နေရ သည့်ကာလတွင် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်များအကြား သဘောတူညီချက်တစ်ရပ်ရရှိခဲ့ သည်။

 ‘‘ခေးပူ-လွယ်မူပလော လမ်းကြောင်းပြုပြင်ဆောင်ရွက် နေမှုကို တပ်မတော်မှ နားလည်မှု ရှိစွာဖြင့် ယာယီရပ်ဆိုင်းပေးထား မည်’’ ဟူ၍ဖြစ်သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နှင့် KNU ဥက္ကဋ္ဌ ဗိုလ် ချုပ်ကြီး စောမူတူးစေးဖိုးတို့၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ပြုလုပ်သော ဆွေးနွေးပွဲအပြီးတွင် တပ် မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က ထိုသို့ သတင်းထုတ်ပြန်ခြင်း က ကရင်ပြည်နယ် ဖာပွန်မြို့နယ် လွယ်မူပလော ဒေသခံများအ တွက် ဝမ်းသာစရာသတင်းစကား ပင်။

 အဘယ့်ကြောင့်ဆိုသော် လွယ်မူပလောဒေသတွင် နေထိုင် ကြသည့် ဒေသခံများ အေးချမ်းစွာ နေထိုင်နိုင်ပြီး လွတ်လပ်စွာ သွား လာ လှုပ်ရှားနိုင်ကြောင်းလည်း သဘောတူညီချက်ရရှိခဲ့သည်ဟု ဖော်ပြခဲ့၍ဖြစ်သည်။

ယခု သဘောတူညီချက် သည် နှစ်လကျော်ကြာ တင်းမာနေသော တပ်မတော်နှင့် KNU တို့၏စစ်ရေးပဋိပက္ခကို အဆုံးသတ်နိုင်မည့် လမ်းစဟုလည်း ဆိုရမည်။

‘‘တွေ့ဆုံခြင်းအားဖြင့် နည်း လမ်းရှာ၊ အဖြေရှာပြီးတော့ ပစ်ခတ်မှုတွေ ရပ်စဲသွားဖို့ လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်’’ ဟု KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့်တွေ့ဆုံမှုအပြီးတွင် ပြော သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်တွေ့ဆုံပွဲသို့ KNU  ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီတို့ အပါအဝင် အဖွဲ့၏နိုင်ငံရေး၊ စစ်ရေး ထိပ်ပိုင်းခေါင်းဆောင် ကိုးဦးတက်ရောက်ခဲ့သည်။

အောက်ခြေတွင် လနှင့်ချီ၍ စစ်ရေးတင်းမာမှုသည် နှစ်ဖက် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံ လိုက်ရုံဖြင့် ရက်ပိုင်းအတွင်း ပြေ လည်မှုရရှိခဲ့ရာ လက်နက်ကိုင်အ ဖွဲ့များကြား ပဋိပက္ခများကို စားပွဲ ဝိုင်းတွေ့ဆုံမှုများကပင် အဖြေရှာ နိုင်မည်ဖြစ်ပြီး ယင်းနည်းလမ်းက သာ စစ်၏နောက်ဆက်တွဲဆိုးကျိုး များ ဖြေရှင်းပေးနိုင်မည်ကို ယခုဖြစ်စဉ်က မီးမောင်းထိုးပြနေသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် KNU ခေါင်းဆောင် များတွေ့ဆုံမှုအပြီးတွင် KNU၊ KNLA ဗဟိုဌာနချုပ်မှ KNLA တပ်မဟာ(၅) သို့ တပ်မတော် စစ်ကြောင်းများကို နှောင့်ယှက် ခြင်းမပြုရန် ညွှန်ကြားခဲ့သည်။

‘‘သူတို့ (တပ်မတော်စစ် ကြောင်း) ပြန်ဆင်းရင် အနှောင့် အယှက်တွေ မပေးရဘူးလို့ အဲဒီ လို ကျွန်တော်တို့ကို ညွှန်ကြားထား ပြီးတော့ ကျွန်တော်တို့ကလည်း စစ်ကြောင်းမှာ တာဝန်ယူနေတဲ့ တပ်ဗိုလ်၊ တပ်မှူးတွေကို ထပ် ဆင့် ထပ်ညွှန်ကြားထားတယ်’’ဟု ဗိုလ်မှူး စောကလယ်ဒိုက မေလ ၂၁ ရက်တွင် ပြောသည်။

လွယ်မူပလောဒေသ လမ်း ဖောက်လုပ်ရေးတွင် လုံခြုံရေး  တာဝန်ယူထားသော တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များ ရုပ်သိမ်းရေးကိစ္စကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သဘောတူညီခဲ့သည် ဟု KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူး ဝင်းက ဆိုသည်။

‘‘တပ်တွေ ထပ်တိုးချဲ့တာက လမ်းဖောက်မှုနဲ့ ဆက်နွှယ်နေတဲ့ လုံခြုံမှုအတွက် သူတို့က တပ်တွေ  ထပ်လွှတ်လိုက်တာကိုး။ အခု လမ်းဖောက်ဖို့ကို ရပ်ဆိုင်းမယ်ဆို ရင် တပ်တွေ ထားစရာလည်း မလိုတော့ဘူး။ မူလအနေအထား အတိုင်းပဲ ပြန်နေတော့မယ့် သ ဘောပေါ့။ အဲဒါကို ပြောတာဖြစ် ပါတယ်’’ဟု ၎င်းက ပြောသည်။

အစိုးရကို နှစ်ပေါင်းခြောက် ဆယ်ကျော်ကြာ လက်နက်ကိုင် တိုက်ခိုက်ခဲ့သည့် KNU အဖွဲ့သည် ၂၀၁၂ ကစ၍ အပစ်ရပ်စဲပြီးနောက် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ လျှော့ချနိုင်ခဲ့သည်။ထို့နောက် ၂၀၁၅ တွင် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်(NCA) ကိုပါဝင်လက်မှတ်ထိုးခဲ့ခြင်းကြောင့် တိုက်ပွဲများရပ်တန့်နိုင်ခဲ့သော်လည်း ၂ နှစ်အကြာတွင် ၁၅ မိုင်အရှည်ရှိ လမ်းပိုင်းကို အကြောင်းပြု၍ စစ်ရေးတင်းမာမှုအမြင့်ဆုံးရေချိန်သို့ ပြန်ရောက်လာသည်။

 ဖာပွန်မြို့နယ်အတွင်းရှိ ခေးပူ-လွယ်မူပလောကားလမ်း ဟောင်းကို တပ်မတော်မှ ပြန်လည်ပြုပြင်မွမ်းမံရန် ဆောင်ရွက်မှုအ ပေါ် KNU လက်အောက်ခံ တပ် မဟာ(၅) က လက်မခံသဖြင့် ယခုနှစ် မတ်လဆန်းကစ၍ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့သည်။

ဖာပွန်ဒေသ စစ်ရေးတင်းမာမှုကို ဖြစ်ပွားစေခဲ့သော ခေးပူ-လွယ်မူပလော လမ်းဖောက် လုပ်မှု နေရာပြမြေပုံ (ဓာတ်ပုံ − တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

 နှစ်ဖက်ထိပ်သီး ခေါင်း ဆောင်ချင်း မတွေ့ဆုံနိုင်သေးမီ စပ်ကြား ပဋိပက္ခလျှော့ချရေးညှိ နှိုင်းမှုများမှာ အဆင်မပြေခဲ့ပေ။ ဒေသခံပြည်သူများ အသုံးပြုနိုင် ရန်နှင့် တပ်ပိုင်းဆိုင်ရာ အုပ်ချုပ်မှု ကိစ္စရပ်များ ဆက်သွယ်ဆောင် ရွက်မှု လွယ်ကူစေရန် လမ်း ဟောင်းကို ပြန်လည်ပြုပြင်မွမ်းမံ ခြင်းဖြစ်ပြီး နယ်မြေခံ KNLA တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ထံ သို့ ကြိုတင်အကြောင်းကြား ညှိ နှိုင်းခြင်း (၁၁)ကြိမ်ပြုလုပ်ခဲ့ဟု တပ်မတော်က ထုတ်ပြန်သည်။

KNU ဘက်ကမူ တပ်မတော် က အကြောင်းကြားရုံသာဖြစ်ပြီး ညှိနှိုင်းမှုမရှိသဖြင့် တိုက်ပွဲဖြစ်ရ ကြောင်း ပြောသည်။

‘‘အကြောင်းကြားရုံပဲ ကြား တယ်။ ညှိနှိုင်းမှုတွေ ဘာမှ မရှိတဲ့ အခါကျတော့ သူတို့လာတာနဲ့ ကျွန်တော်တို့ဘက်မှာ ရှေ့တန်းမှာ လုံခြုံရေးယူထားတဲ့တပ်ဖွဲ့နဲ့ ထိပ် တိုက်ဖြစ်တာပေါ့’’ဟု KNLA တပ် မဟာ(၅) တပ်ရေးတာဝန်ခံဗိုလ် မှူး စောကလယ်ဒိုက တိုက်ပွဲဖြစ် ပွားပုံကို ရှင်းပြသည်။

ဖာပွန်ဒေသစစ်ရေးပဋိပက္ခ အရေးဆွေးနွေးရန်၊ နှစ်ဖက်တပ် ပိုင်းဆိုင်ရာ တာဝန်ရှိသူများတွေ့ ဆုံရန် အကြိမ်ကြိမ်ညှိနှိုင်းမှုသည် လည်း မပြေလည်ခဲ့။ KNU တပ် ပိုင်းဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ တွင် ပစ်ခတ်မှုဖြစ်ပွားသည့် နယ် မြေရှိ အဓိကတာဝန်ရှိသူ တပ်မ ဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောမူဟဲမပါဝင်သည့်အပေါ် တပ်မတော်က ဆွေးနွေးပွဲကို ရွှေ့ဆိုင်းခဲ့သည်။

တပ်မဟာ(၅) တပ်မဟာမှူး မပါဝင်ခြင်းသည် ဘာသာစကား အားနည်းချက်ကြောင့်ဟု ဗိုလ်မှူး စောကလယ်ဒိုက ပြောသည်။ ‘‘တပ်မဟာမှူးမပါပေမယ့် ကိုယ် စားလှယ်တွေပါတာပဲ။ နောက်ပြီး ဗဟိုစစ်ဦးစီးဌာနချုပ်က တာဝန် ရှိတဲ့ ခေါင်းဆောင်တွေလည်း ပါ တာပဲ’’ဟု ၎င်းက ဆိုသည်။

ဤသို့ဖြင့် တွေ့ဆုံညှိနှိုင်းမှု စားပွဲဝိုင်းဆီ မရောက်ခဲ့ဘဲ လွယ် မူပလောဒေသ စစ်ရေးလှုပ်ရှားမှု များ အရှိန်ပိုမြှင့်လာခဲ့သည်။ ယင်း ဒေသတွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KNU က ဆိုသည်။

တပ်မတော်ကလည်း မေလ ၁၁ ရက်တွင် ကြေညာချက်ထုတ် ပြန်ရာ လမ်းဖောက်လုပ်ချိန် မတ် လ ၄ ရက်က စ၍ နှစ်လကျော်အ တွင်း KNLA တပ်ဖွဲ့များ၏နှောင့် ယှက်ပစ်ခတ်မှု အကြိမ်ငါးဆယ် ကျော်ရှိခဲ့ကာ မိုင်းနင်းမိမှုများ လည်းရှိခဲ့ကြောင်း ဖော်ပြသည်။ တပ်မတော်ဘက်က စစ် သည်လေးဦးကျဆုံးကာ ၂၉ ဦး ဒဏ်ရာရရှိခဲ့သော်လည်း စစ်ဆင် ရေးတစ်ရပ်သဖွယ် တုံ့ပြန်တိုက် ခိုက်ခြင်းမရှိခဲ့ဟုလည်း တပ်မ တော်က သတင်းထုတ်ပြန်သည်။

KNU အပစ်ရပ်ပြီးနောက် ပထမဆုံး ပြန်လည်ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခကြောင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် စေတနာ့ဝန်ထမ်းအချို့ ထိခိုက် သေဆုံးခဲ့သည်ဟု တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစော ကလယ်ဒိုက ဆိုသည်။

‘‘အပစ်အခတ်မရပ်စဲခင်က ဒီခွင်မှာ တိုက်ပွဲဖြစ်တာက နေ့ တိုင်းလိုလိုပဲ’’ဟု ၎င်းက ပြော သည်။

 နှစ်ဖက်ထိပ်သီး ခေါင်း ဆောင်ချင်း တွေ့ဆုံမှုအပြီးတွင်မူ စစ်ရေးပဋိပက္ခများ ရပ်ဆိုင်းသွား ပြီဖြစ်သည်။ တပ်မတော်နှင့် KNU ခေါင်းဆောင်များအနေဖြင့် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက် နိုင်ရန်နှင့် စစ်ဘေးဒုက္ခကြုံနေရ သည့် ဒေသခံရွာသူရွာသားများ၏ အကျိုးကို ရှေးရှုပြီး ညှိနှိုင်းသွား သည်ဟု ယူဆကြောင်းနှင့် အခြား ဒေသရှိ ပဋိပက္ခများကိုလည်း ယင်းပုံစံဖြင့် ဖြေရှင်းရန် စဉ်းစား သင့်ကြောင်း ပဋိပက္ခတွင် ပါဝင် နေသူများကို ပအိုဝ်းအဖွဲ့(PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက တိုက်တွန်းသည်။

‘‘အခြားဒေသမှာ ဖြစ်နေတဲ့ တိုက်ပွဲမှာ၊ ပဋိပက္ခမှာ ပါဝင်နေတဲ့ အင်အားစုတွေက ဒါကို စဉ်းစား သင့်တယ်။ ဒါကို တိုက်တွန်းချင် တယ်’’ဟု ၎င်းက ဆိုသည်။

 ကချင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများ၌ တပ်မ တော်နှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေ၍ ဒေသခံများ စစ်ဘေး ဒုက္ခကြုံနေရခြင်းအပေါ် ၎င်းက ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပါက နှစ်ဖက် တပ်များထက် ဒေသခံပြည်သူများ က ပိုမိုနစ်နာသည်ဟု ဗိုလ်မှူး ကြီး ခွန်ဥက္ကာက ပြောသည်။

မတ်လ ၄ ရက်က အစပြု သော တပ်မတော်နှင့် KNU တပ် မဟာ(၅)တို့၏ တိုက်ပွဲကြောင့် လည်း လွယ်မူပလောဒေသရှိ ကျေးရွာဆယ်ရွာကျော်မှ ဒေသခံနှစ်ထောင်ကျော် စစ်ဘေးဒုက္ခကြုံခဲ့ရသည်။ လက်ရှိတွင် နေရပ်ကို အပြီးတိုင် မပြန်နိုင်သေးသော် လည်း စစ်ရှောင်များ လွတ်လပ် စွာ သွားလာနိုင်ရန် နှစ်ဖက်သ ဘောတူညီချက်ရရှိခဲ့ခြင်းက လည်း အားသာချက်ဖြစ်သည်။

၎င်းတို့သည် ယခင်အပစ်အ ခတ်မရပ်စဲမီကလည်း နယ်စပ်ထိ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် အ တွေ့အကြုံရှိသူများဖြစ်ပြီး စစ်၏ ဆိုးကျိုးကို ကောင်းစွာ နားလည် ထားသည်။ သို့သော် အပစ်ရပ် စဲထားသည့်တိုင် တိုက်ပွဲများ ပြန် လည် ဖြစ်ပွားနေသည်ကိုတော့ ၎င်းတို့နားမလည်ဖြစ်ရသည်။

‘‘သူတို့ပြောတာက ခေါင်း ဆောင်နှစ်ဖက်စလုံးက နိုင်ငံရေး တွေ့ဆုံဆွေးနွေးမယ်။ ငြိမ်းချမ်း ရေးရယူကြမယ်လို့ ပြောထားတာ၊ အခုဟာက သူတို့ကို လိမ်တာပဲတဲ့’’ဟု ဗိုလ်မှူး စောကလယ်ဒိုက စစ်ရှောင်များ၏အသံကို ပြန်ပြော သည်။

 နိုင်ငံရေး ဆွေးနွေးမှုများ ကောင်းမွန်စွာ မလုပ်ဆောင်နိုင် ဘဲ ယခုကဲ့သို့ လမ်းဖောက်လုပ် ခြင်းများ တပ်မတော်ဘက်က ဆက်လက်ပြုလုပ်လာမည်ကို စိုး ရိမ်ကြောင်း ဗိုလ်မှူး စောကလယ် ဒိုက ပြောသည်။

‘‘ဟိုးအရင်တုန်းက ပုံစံမျိုး အပစ်အခတ်ရပ်စဲရေး မပြုလုပ် ခင် ကာလမျိုးကို ပြန်လည်ရောက် သွားမှာကို ကျွန်တော်တို့အနေနဲ့ စိုးရိမ်တာပေါ့’’ဟု သူက ဆိုသည်။NCA လက်မှတ်ထိုးထား သည့် အဖွဲ့များအနက် အင်အား အကြီးဆုံးဖြစ်သည့် KNU အဖွဲ့ ခေါင်းဆောင်များကမူ (၆၃)နှစ် ကြာ လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့သည့်တိုင် ၎င်းတို့လိုလားသည့် နိုင်ငံရေးအဖြေမရခဲ့၍ နောက် ကြောင်းပြန်လှည့်ရန် စိတ်မကူး ကြောင်း မကြာခဏ ထုတ်ဖော် ပြောဆိုသည်။

လက်နက်ကိုင်ပဋိပက္ခဖြစ် ခြင်းကြောင့် ပြည်သူများအတွက် အကျိုးမရှိဟု အစိုးရကိုယ်စား လှယ်များကပင် သဘောထား ပျော့ပျောင်းသူဟု မှတ်ချက်ပြုခံရ သည့် KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ် ထူးဝင်းက ပြောသည်။

‘‘ပဋိပက္ခတိုင်းက ဆွေးနွေး အဖြေရှာတာက အသင့်တော်ဆုံး လို့ မြင်ပါတယ်’’

=======================
251 / End