၂၇ မေ ၂၀၁၈ - ၁၆:၀၄
နှိပ်စက်ခံရ၍ သေဆုံးသွားသော အိမ်အကူ၏အိမ်သို့ တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များသွားရောက်စုံစမ်း

တပ်မတော်အရာရှိ မိသားစုအိမ်တွင် အိမ်အကူအမျိုး သမီးတစ်ဦးနှိပ်စက်ခံရ၍ သေ ဆုံးမှုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဋ္ဌနှင့် ကိုယ်စား လှယ်များက မေလ ၂၅ ရက်၌ သေဆုံးသူနေရပ် တွံ့တေးမြို့နယ် ခတ္ထိယအုပ်စု အုတ်ဖိုကျေးရွာသို့ သွားရောက်စုံစမ်းခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တပ်မတော်အရာရှိ မိသားစုအိမ်တွင် အိမ်အကူအမျိုး သမီးတစ်ဦးနှိပ်စက်ခံရ၍ သေ ဆုံးမှုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဋ္ဌနှင့် ကိုယ်စား လှယ်များက မေလ ၂၅ ရက်၌ သေဆုံးသူနေရပ်  တွံ့တေးမြို့နယ် ခတ္ထိယအုပ်စု အုတ်ဖိုကျေးရွာသို့ သွားရောက်စုံစမ်းခဲ့သည်။

ယင်းအမှုတွင် တရားမျှတမှု ရရှိရေးကော်မတီက အနီးကပ် စောင့်ကြည့်မည်ဖြစ်ကြောင်း ကွင်းဆင်းလေ့လာရာတွင် ပါဝင် သည့် ရန်ကုန်တိုင်းလွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေး နှင့် တိုင်ကြားစာများ၊ အသနား ခံစာများစိစစ်ရေးကော်မတီအဖွဲ့ ၀င်ဦးရန်အောင်က ပြောသည်။

‘‘တရားစွဲအဖွဲ့အစည်းတွေ ရဲ့ လုပ်ကိုင်ဆောင်ရွက်ချက်တွေ ကို ကြည့်နေမှာပါ’’ဟု ၎င်းက ပြောသည်။

ထို့အပြင် လူမှုရေးအကူအ ညီအဖြစ်ထောက်ပံ့ကြေး ကျပ် ၁၃ သိန်းကို နစ်နာသူမိသားစုအတွက် လိုအပ်သည်များ အသုံးပြုနိုင်ရန် ဒီချုပ်ပါတီဥက္ကဋ္ဌ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးအပါအ၀င် ရပ်မိရပ်ဖ များပါဝင်သည့် အဖွဲ့တစ်ခုဖွဲ့ စည်း၍ ပေးအပ်ခဲ့သည်။

နစ်နာသူမိသားစုထံ လူမှုရေး အကူအညီပေးလိုသူများအတွက် ဘဏ်အကောင့်ဖွင့်မည့် အစီအစဉ်ရှိကြောင်း မင်္ဂလာဒုံမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဦးရန်အောင်က ပြောသည်။

မေလ ၂၆ ရက်ထိ နစ်နာ သူ မိသားစုထံ လှူဒါန်းသည့် ကျပ်နှစ်ဆယ်တစ်သိန်းနှစ်သောင်းရရှိ ထားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးဦးဝဏ္ဏစိုးက ပြောသည်။

ရန်ကုန်တိုင်း လှည်းကူးမြို့ နယ်  အင်းတိုင်သံချပ်ကာတပ်ရင်းရှိ အရာရှိရိပ်သာနေအိမ်တွင် အိမ်အကူ (၃၈) နှစ်အရွယ် မကရင်မ (ခ) မခင်သန္တာဦးကို ရေဖျဉ်းဆွဲပြီး လိပ်ခေါင်းရောဂါရှိ၍ဆိုကာ အိမ်ရှင်ဖြစ်သည့် တပ်မတော်အရာရှိ၏ ဇနီးကိုယ်တိုင် မကရင်မနေအိမ်သို့ မေလ ၁၉ ရက်က ပြန်ပို့ခဲ့ကြောင်း ရပ်ရွာလူကြီးဦးလှထွန်းက ပြောသည်။

 ပြန်ပို့ရာတွင် အိမ်ရှင်ဥပဒေအရာရှိအမျိုးသမီးက မကရင်မကို   ပိုလျှံလစာကျပ် ၁၈၀,၀၀၀ နှင့်အတူပြန်ပို့ကြောင်း၊ အိမ်နီးချင်းနှင့် ရာအိမ်မှူးများကို ၎င်းအသင့်ယူလာသည့် စာရွက်ပေါ်တွင် လက်မှတ်ထိုးခိုင်း  အပ်နှံခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မကရင်မသည် ၎င်းကိုဆေး ရုံပို့ပေးရန် ပတ်ဝန်းကျင်သို့ တောင်းဆိုပြီး တစ်နာရီအကြာ တွင်ဆုံးပါးခဲ့သည်။

ဆေးစစ်ချက်အရ အူတစ်လက်မခန့်ပေါက်နေပြီး ဆေးကုသမှုမရှိ၍ အဆိပ်အတောက်ဖြစ်ကာ သေဆုံးသည်ဟု ဖော်ပြထားကြောင်း   ဦးလှထွန်းက ပြော သည်။  

ထို့ပြင်ဆေးစာ၌ခန္ဓာကိုယ်တွင်  ညိုမည်းစုတ်ပြဲဒဏ်ရာများ ရှိကြောင်းလည်း ဖော်ပြသည်။

မကရင်မ မသေဆုံးမီ ဆေး ရုံပို့ပေးရန် တောင်းဆိုပြီး အိမ်ရှင် က ၎င်းကို ဆွဲကြိုးခိုးသည်ဆိုကာ နှိပ်စက်ကြောင်း ပြောကြားခဲ့သည် ဟု ရပ်ရွာလူကြီးများက ဆိုသည်။ မကရင်မသည် လွန်ခဲ့သော လေး နှစ်က ခင်ပွန်းသေဆုံးပြီးနောက် စီးပွားရေးမပြေလည်သဖြင့် အိမ် အကူလုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး အ သက်မပြည့်သေးသည့် ဆယ် ကျော်သက်အရွယ် သားတစ်ဦး၊ သမီးသုံးဦးကျန်ရစ်သည်။

မကရင် မသည် တပ်မတော်အရာရှိမိသားစုထံ အိမ်အကူအဖြစ်ခြောက်လခန့်လုပ်ကိုင်ပြီး နောက် သေဆုံးခြင်းဖြစ်သည်။

အိမ်ရှင်တပ်မတော်အရာရှိ ၏ ဇနီး ပဲခူးခရိုင်ဥပဒေရုံးမှဥပဒေ အရာရှိ ဒေါ်သိင်္ဂီစုကို တွံတေးမြို့ နယ် ခလောက်ချိုက်ရဲစခန်းက လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီး ထားပြီး မေလ ၂၁ ရက်တွင် ပထမ အကြိမ် ရုံးချိန်းရမန်ယူခဲ့ကြောင်း ယင်းရဲစခန်းမှ ရဲအုပ်မျိုးချစ်ဆွေ က ပြောသည်။

=======================
251 / End