အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၃) နှစ်ပြည့် မွေးနေ့ပွဲကို အစိုးရ၊ ပါတီဝင်များနှင့် ပြည်သူ များက ရန်ကုန်အပါအဝင် မြို့ကြီးများ၌ ဇွန်လ ၁၉ ရက်တွင် ပြုလုပ် ခဲ့သည်။
နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပဲခူး၊ ပြည် နှင့် မုံရွာအပါအဝင် မြို့ကြီးများ၌ ပြုလုပ်ခဲ့သည်။
ဆွမ်းဆန်စိမ်း လောင်းလှူ ခြင်း၊ အမှတ်တရမွေးနေ့ကိတ်ခွဲ ခြင်း၊ သစ်ပင်စိုက်ခြင်း၊ စတုဒိသာ ကျွေးမွေးခြင်း၊ ငြိမ်းချမ်းရေးအ တွက် ရည်ရွယ်လမ်းလျှောက်ခြင်း နှင့် ဒေါ်အောင်ဆန်းစုကြည်အား ဆုတောင်းပေးခြင်းတို့ ပြုလုပ်ခဲ့ သည်။
နေပြည်တော် လွှတ်တော် ဝင်းတွင် ပြုလုပ်သော မွေးနေ့ပွဲ သို့ မွေးနေ့ရှင် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်ပြီး သမ္မတ ဦးဝင်းမြင့်လည်း တက်ရောက်ခဲ့သည်။
ရန်ကုန်မြို့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင် ပြု လုပ်သော မွေးနေ့ပွဲသို့ နာယကကြီး ဦးတင်ဦးနှင့် ပါတီခေါင်းဆောင်များ တက်ရောက်ခဲ့သည်။
တောင်ကြီးမြို့ရှိ အိမ်တော် ထင်းရှူးတောတွင်လည်း ရှင်သန် ကမ္ဘာမြေ အစိမ်းရောင်ကွန်ရက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအဖွဲ့က ဦးဆောင်၍ ချယ်ရီ ပင် ၅၀၊ ထင်းရှူးပင် ၅၀ နှင့် ဝက် သစ်ချပင် ၅၀ စုစုပေါင်း အပင် ၁၅၀ စိုက်ပျိုးခဲ့သည်။
ပြည်မြို့တွင် မွေးနေ့အထိမ်း အမှတ်အဖြစ် ငြိမ်းချမ်းပါစေ မြန်မာပြည်ကွန်ရက်က ဦးဆောင် ၍ နိုင်ငံရေးအင်အားစုများ၊ ဒေသခံများက ငြိမ်းချမ်းရေးရရန် ရည် ရွယ် လမ်းလျှောက်ခြင်း၊ ဆု တောင်းခြင်းများ ပြုလုပ်ခဲ့သည်။
‘‘လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းဖို့ အဓိကထား ဆုတောင်းပါတယ်။ ဒါ့အပြင် လက်ရှိ အခြေအနေအရ မြန်မာပြည်ရဲ့ ပြည်တွင်း စစ်ပွဲတွေရပ်ပြီး ငြိမ်းချမ်းဖို့အတွက်လည်း ဆုတောင်းတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးလည်း အောင်မြင်စေ ချင်တယ်။ အမေစုမွေးနေ့ကစပြီး ငြိမ်းချမ်းပါစေ မြန်မာပြည်ပေါ့’’ ဟု ဆုတောင်းပွဲတွင် ပါဝင်သူ ဦးညီညီက ပြောသည်။
ထို့အပြင် ဒေါ်အောင်ဆန်း စုကြည်၏ မွေးနေ့အထိမ်းအမှတ် အဖြစ် ကနီမြို့နယ် တွင်းမအင်း တွင် သစ်ပင် ၂,၀၀၀ ကျော် စိုက်ပျိုးခဲ့သည်။
=======================
251 / End
၁၉ ဇွန် ၂၀၁၈ - ၁၈:၀၀
News ID: 898269
နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၃) နှစ်ပြည့် မွေးနေ့ပွဲကို အစိုးရ၊ ပါတီဝင်များနှင့် ပြည်သူ များက ရန်ကုန်အပါအဝင် မြို့ကြီးများ၌ ဇွန်လ ၁၉ ရက်တွင် ပြုလုပ် ခဲ့သည်။