အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်အစိုးရသို့ ပေးသွင်းရမည့် အခွန်အခများပေး ဆောင်ခြင်းမရှိဘဲ ရှောင်လွှဲနေ သည့် အမျိုးသားကြီးပွားတိုးတက် ရေးကုမ္ပဏီလုပ်ရပ်များသည် ၎င်း တို့နှင့်မသက်ဆိုင်ကြောင်း မိုးထိ မိုးမိဒေသခံ တိုင်းရင်းသားလုပ် ငန်းရှင်များက ဇွန်လ ၂၆ ရက်တွင် မန္တလေးမြို့၌ ဆန္ဒထုတ်ဖော်ခဲ့ သည်။
မိုးထိမိုးမိဒေသတွင် ရွှေတူး ဖော်လုပ်ကိုင်နေသည့် ဒေသခံ တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် ရွှေလုပ်သား ၃၀၀ ကျော်က မန္တလေးမြို့ ၃၅ လမ်းနှင့် ၆၂ လမ်းထောင့်မှ မနော်ရမံ္မလူထုဟစ်တိုင် ကွင်းထိ လမ်းလျှောက်ဆန္ဒထုတ် ဖော်ခြင်းဖြစ်သည်။
အမျိုးသားကြီးပွားတိုးတက် ရေးကုမ္ပဏီသည် ၂၀၁၁ တွင် မိုးထိမိုးမိရွှေလုပ်ကွက်၌ ရွှေတူး ဖော်လုပ်ကိုင်ခွင့်ရပြီး ပူးပေါင်း လုပ်ကိုင်ရန် ဒေသခံတိုင်းရင်း သားလုပ်ငန်းရှင်များကို ဖိတ်ခေါ် ရာ တိုင်းရင်းသားကုမ္ပဏီ ၂၉ ခုက တစ်စုလျှင် ကျပ်သိန်း ၁,၀၀၀ နှုန်းဖြင့် ၃၅ စုထည့်ဝင်ထားကြောင်း လုပ်ငန်းရှင်များက ပြောသည်။
‘‘အမျိုးသားကြီးပွားတိုး တက်ရေးကုမ္ပဏီနဲ့ ဒေသခံကုမ္ပ ဏီက တပေါင်းတည်းလို့ ထင် နေတဲ့အတွက် ပြည်သူတွေနဲ့ အ စိုးရသိအောင် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ပါတယ်’’ဟု ရေတော်သား ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးတင်ညွန့်ဦးက ဆိုသည်။
အမျိုးသားကြီးပွားတိုးတက် ရေးကုမ္ပဏီအနေဖြင့် အစိုးရသို့ ပေးသွင်းရမည့် ရွှေကြွေးကျန်များ မပေးသွင်းခြင်းကြောင့် ၂၀၁၇ နိုဝင်ဘာ ၈ ရက်တွင် ရွှေတူးဖော် ခွင့်ရပ်ဆိုင်းခံရသည်။ ထိုသို့ ရွှေ တူးဖော်ခွင့်ပိတ်သိမ်းခံရရာ အစု ရှယ်ယာထည့်ဝင်ကာ ယင်းကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်နေသည့် လုပ်ငန်းရှင်များ ထိခိုက်နစ်နာနေ ကြောင်း ဆန္ဒထုတ်ဖော်သူများ က ဆိုသည်။
တိုင်းရင်းသားပိုင်ဆိုင်သည့် ကုမ္ပဏီများအောက်တွင် ရွှေတူး လုပ်သား ၂,၀၀၀ ခန့်နှင့် မှီခိုသူ ၃,၀၀၀ ခန့်ရှိပြီး လုပ်ငန်းရပ်ဆိုင်း ထားရသည်မှာ ခြောက်လခန့် ရှိပြီ ဖြစ်၍ အလုပ်သမားစရိတ်၊ လစာ များ ပေးချေရန် အခက်အခဲကြုံ နေကြောင်း ၎င်းတို့က ဆိုသည်။
ဆန္ဒထုတ်ဖော်ပွဲတွင် နိုင်ငံ တော်အစိုးရအား လိမ်လည်လှည့် ဖြားနေသော အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီအလိုမရှိ၊ နိုင်ငံတော်၏သယံဇာတများ အ လွဲသုံးစားပြုလုပ်နေသော အမျိုး သားကြီးပွားတိုးတက်ရေးကုမ္ပဏီ အလိုမရှိ၊ တည်ဆဲဥပဒေချိုး ဖောက်သူ တို့ရန်သူ၊ နိုင်ငံတော်၏ အခွန်ဘဏ္ဍာများ တိမ်းရှောင်သူ အရေးယူ စသည့် ကြွေးကြော်သံ များဖြင့် စီတန်းလှည့်လည်ခဲ့ သည်။
မိုးထိမိုးမိဒေသ ရွှေလုပ် ကွက်သည် မြန်မာနိုင်ငံတွင် အ ကြီးဆုံးရွှေမိုင်းတွင်းဖြစ်ပြီး ရမည်း သင်းမြို့နယ်၌ တည်ရှိသည်။
=======================
251 / End
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၏ ဥပဒေမဲ့ လုပ်ဆောင်မှုများသည် မိုးထိမိုးမိဒေသခံ တိုင်းရင်းသားလုပ်ငန်းရှင်များနှင့်မသက်ဆိုင်ကြောင
၂၆ ဇွန် ၂၀၁၈ - ၁၃:၁၉
News ID: 899261
နိုင်ငံတော်အစိုးရသို့ ပေးသွင်းရမည့် အခွန်အခများပေး ဆောင်ခြင်းမရှိဘဲ ရှောင်လွှဲနေ သည့် အမျိုးသားကြီးပွားတိုးတက် ရေးကုမ္ပဏီလုပ်ရပ်များသည် ၎င်း တို့နှင့်မသက်ဆိုင်ကြောင်း မိုးထိ မိုးမိဒေသခံ တိုင်းရင်းသားလုပ် ငန်းရှင်များက ဇွန်လ ၂၆ ရက်တွင် မန္တလေးမြို့၌ ဆန္ဒထုတ်ဖော်ခဲ့ သည်။