၂၈ ဇွန် ၂၀၁၈ - ၁၄:၀၇
အလုပ်သမားများဘဝ အဆင်ပြေစေရန် အားလုံးဝိုင်းကြိုးစားရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အလုပ်သမားများဘဝ အဆင်ပြေစေရန် တစ်ဦးတစ် ယောက်တည်းမဟုတ်ဘဲ အားလုံး ဝိုင်းဝန်းကြိုးစားဆောင်ရွက်ရ မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အလုပ်သမားများဘဝ အဆင်ပြေစေရန် တစ်ဦးတစ် ယောက်တည်းမဟုတ်ဘဲ အားလုံး ဝိုင်းဝန်းကြိုးစားဆောင်ရွက်ရ မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဇွန်လ ၂၇ ရက်က ရန်ကုန် မြို့ အင်းလျားလိတ်ဟိုတယ်တွင် ပြုလုပ်သည့် ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းအစည်းအဝေးအပြီး အ တိုင်ပင်ခံပုဂ္ဂိုလ်အား တွေ့ဆုံနှုတ် ဆက်ရန် စောင့်ဆိုင်းနေသည့် ပြည်သူများထဲမှ အလုပ်သမား အဖွဲ့ချုပ် အလုပ်အမှုဆောင်တစ် ဦးနှင့် နှုတ်ဆက်စကားပြောစဉ် ပြောကြားခြင်းဖြစ်သည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ‘‘အလုပ်သမားတွေရဲ့ ဘဝတွေကော အဆင်ပြေကြလား။ အားလုံးဝိုင်းကြိုးစားရမှာပေါ့။ တစ်ယောက်တည်း ကြိုးစားလို့ လည်း မရဘူး ဇွဲနဲ့ လုပ်ကြရမှာပဲ’’ ဟု ပြောကြားပြီး အလုပ်သမား အဖွဲ့ချုပ်မှ အလုပ်အမှုဆောင်ဖြစ် သူက ‘‘အချိန်တော့စောင့်ရမှာ ပေါ့’’ဟု ပြောချိန်၌ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ‘‘အခုစနေပြီ။ ပထမခြေ လှမ်းတစ်လှမ်းနဲ့ပဲ စရမှာပဲနော်’’ ဟု ပြန်လည်ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် အလုပ်သမားများ တရားရုံးပေါ် ပေါက်ရေး    အမျိုးသားအဆင့် ဆွေးနွေးပွဲကို ဇွန်လ ၂၇ ရက်က အင်းလျားလိတ်ဟိုတယ်၌ မြန်မာ နိုင်ငံ စက်မှုလက်မှုဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ    အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က ကျင်းပခဲ့ ရာ   အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ဥပဒေပညာရှင် များ တက်ရောက်ဆွေးနွေးသည်။

အလုပ်သမားများ တရားရုံး ပေါ်ပေါက်ရန် ကြိုဆိုကြောင်း လက်ရှိတွင် အလုပ်ရှင်၊ အလုပ် သမားများကြား ဖြစ်ပေါ်နေသည့် အငြင်းပွားမှုပြဿနာများကို စက် ရုံတွင်း ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိကောင်စီများဖြင့် ဖြေရှင်းနေကြောင်း အလုပ်သမားဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုး အောင်က ပြောသည်။

အဆိုပါ  ဖြေရှင်းနည်းသည် အလုပ်ရှင်၊ အလုပ်သမား နှစ်ဦး နှစ်ဖက် ဝန်ထုပ်ဝန်ပိုးနည်း ကြောင်း၊ အကယ်၍ တရားရုံးများ တွင် အမှုရင်ဆိုင်ဖြေရှင်းပါက တရားစွဲဆိုရာ၌ ကုန်ကျမည့် ငွေ ကြေးနှင့် အချိန်ကို ထည့်သွင်းစဉ်း စားစေလိုကြောင်း၊ မိမိတို့နိုင်ငံနှင့် လိုက်လျောညီထွေရှိသည့် ပုံစံမျိုးဖြစ်အောင် ပြင်ဆင်ဆောင်ရွက် သင့်ကြောင်း အမြဲတမ်းအတွင်းဝန်က အစည်းအဝေး၌ ဆွေးနွေးခဲ့ သည်။

=======================
251 / End