၆ ဇူလိုင် ၂၀၁၈ - ၁၅:၂၂
၂၁ ပင်လုံသို့ တင်ပြရန် မသန်စွမ်းသူများအရေး အဆိုပြုချက် ကန့်ကွက်သူမရှိ သဘောတူ

မကြာမီကျင်းပ မည့် ၂၁ ရာစု တတိယ ပင်လုံ အစည်းအဝေး၌ တင်ပြဆွေးနွေး ရန် မသန်စွမ်းသူများ အခွင့် အရေးနှင့် ပတ်သက်သော အချက်ကို လူမှုရေး ကဏ္ဍမှ ကန့် ကွက်သူမရှိ သဘောတူညီမှု ရရှိကြောင်း မသန်စွမ်းအရေး ဆောင်ရွက်သူများနှင့် အဖွဲ့ဝင် များက ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 မကြာမီကျင်းပ မည့် ၂၁ ရာစု တတိယ ပင်လုံ အစည်းအဝေး၌ တင်ပြဆွေးနွေး ရန် မသန်စွမ်းသူများ အခွင့် အရေးနှင့် ပတ်သက်သော အချက်ကို လူမှုရေး ကဏ္ဍမှ ကန့် ကွက်သူမရှိ သဘောတူညီမှု ရရှိကြောင်း  မသန်စွမ်းအရေး ဆောင်ရွက်သူများနှင့် အဖွဲ့ဝင် များက ပြောကြားသည်။

၂၁ ရာစုပင်လုံ တတိယ အကြိမ် အစည်းအဝေး၌ လူမှုရေး ကဏ္ဍတွင် ဆွေးနွေးမည့် အကြောင်းအရာနှင့် ပတ်သက်၍ ဇူလိုင် ၄ ရက်မှ ၆ ရက်ထိ သုံး ရက်ကြာ နေပြည်တော်ရှိ MICC-II တွင် အစိုးရအစုအဖွဲ့၊ နိုင်ငံရေး ပါတီအစုအဖွဲ့နှင့်  တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့ ကိုယ် စားလှယ်များ ပါဝင်သော လူမှု ရေးကဏ္ဍ လုပ်ငန်းကော်မတီ အစည်းအဝေး ပြုလုပ်ခဲ့သည်။

တတိယပင်လုံ အစည်း အဝေးတွင် ထည့်သွင်းဆွေးနွေး ရန် အစုအဖွဲ့ကိုယ်စားလှယ်များ က ၎င်းတို့၏ ကဏ္ဍများအလိုက် သုံးရက်ကြာ ဆွေးနွေးခဲ့ပြီး လူမှု ရေးကဏ္ဍ၌ မသန်စွမ်းသူများ အခွင့်အရေး အပြည့်အဝရရှိရေး တင်ပြဆွေးနွေးခွင့်ကို ဇူလိုင် ၆ ရက်က ကိုယ်စားလှယ် အားလုံး သဘောတူခဲ့သည်။

‘‘ကျွန်တော်တို့နိုင်ငံမှာက အဆောက်အအုံတွေ ဆောက် တာပဲဖြစ်ဖြစ်၊ Public ဧရိယာ တွေမှာပဲဖြစ်ဖြစ် ဒီမသန်စွမ်းတွေ အတွက် အခွင့်အရေးတွေ၊ သူတို့ ပါဝင်နိုင်ဖို့ လုပ်ထားတာတွေ မရှိ ဘူးပေါ့။ နောက်ပိုင်းအဆောက် အအုံတွေဆောက်ရင်တော့ မသန်စွမ်းတွေအတွက် Wheel -chair Line တွေပါရမယ်။ နောက်တစ်ခုက မျက်စိမမြင်တဲ့သူတွေ လျှောက်နိုင်တဲ့  လမ်းလေးတွေ၊ အဖုအထစ်လေးတွေ ပါရမယ်။ အခု ဒီမှာတော့ သဘောတူညီ ချက်တစ်ရပ်အနေနဲ့ ဒီမနက် (ဇူလိုင် ၆ ရက်)မှာပဲ သဘောတူ လိုက်တယ်။ ဒီ Principal အပေါ် မူတည်ပြီးတော့ ပေါ်လစီတွေ၊ အကောင်အထည်ဖော်တာတွေ ဆက်လုပ်သွားမှာပါ’’ဟု အစိုးရ ကိုယ်စားလှယ် ဦးဇော်ဌေးက ပြောသည်။

‘‘အခုဟာ မသန်စွမ်းအခွင့် အရေးအတွက်ကို သက်သက် အဆို တင်သွင်းခွင့်ရတာ တကယ့် ကို အောင်မြင်မှုတစ်ခုပေါ့’’ဟု မသန် စွမ်းသူများအရေး ဆောင် ရွက်သည့် ရွှေမင်းသားဖောင် ဒေးရှင်း အဖွဲ့ဥက္ကဋ္ဌ ဦးမြတ်သူဝင်း ဆိုက ပြောသည်။

မသန်စွမ်းသူများအရေးကိစ္စ သည် များစွာကျယ်ပြန့်ပြီး တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် မသန် စွမ်းသူ ၄ ဒသမ ၆ ရာခိုင်နှုန်းခန့်ရှိ ကြောင်း ဦးမြတ်သူဝင်းက ဖြည့် စွက်ပြောကြားသည်။

ကျင်းပတော့မည့် တတိယ ပင်လုံအစည်းအဝေးသို့ လူမှုရေး ကဏ္ဍမှ အငြင်းပွားဖွယ်မရှိသော ဆွေးနွေးချက် ၁၀ ချက်ခန့် တင်ပြ နိုင်ရန် မျှော်မှန်းထားကြောင်း ဦးဇော်ဌေးက ဆိုသည်။

လူမှုရေးကဏ္ဍ လုပ်ငန်း ကော်မတီမှရရှိသည့် သဘောတူ ချက်များကို ဇူလိုင် ၇ ရက်နှင့် ၉ ရက်တွင် ပြုလုပ်မည့် ပြည် ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) လုပ် ငန်းကော်မတီ အစည်းအဝေးနှင့် UPDJC အစည်းအဝေးများတွင် ဆွေးနွေးပြင်ဆင်အတည်ပြုချက် ရယူကာ ညီလာခံသို့ တင်သွင်း မည်ဖြစ်သည်။

=======================
251 / End