၉ ဇူလိုင် ၂၀၁၈ - ၁၅:၅၅
တာဝန်ကို ဂုဏ်သိက္ခာရှိရှိ လုပ်ဆောင်ရန် အစိုးရဌာနများသို့ သမ္မတမှာကြား

အစိုးရဌာနဆိုင်ရာ များအနေဖြင့် မိမိတို့၏အလုပ်တာ ဝန်များကို ဂုဏ်သိက္ခာရှိရှိ လုပ် ဆောင်ရန်နှင့် ပြည်သူ့အကျိုးစီး ပွားအတွက် အကျိုးရှိရှိ လုပ် ဆောင်ရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က တောင်ကြီးမြို့တွင် ဌာနဆိုင်ရာများနှင့် တွေ့ဆုံရာ၌ မှာကြားခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အစိုးရဌာနဆိုင်ရာ များအနေဖြင့် မိမိတို့၏အလုပ်တာ ဝန်များကို ဂုဏ်သိက္ခာရှိရှိ လုပ် ဆောင်ရန်နှင့် ပြည်သူ့အကျိုးစီး ပွားအတွက် အကျိုးရှိရှိ လုပ် ဆောင်ရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က တောင်ကြီးမြို့တွင် ဌာနဆိုင်ရာများနှင့် တွေ့ဆုံရာ၌ မှာကြားခဲ့သည်။

သမ္မတနှင့် အစိုးရဌာနဆိုင် ရာများ၊ လွှတ်တော်ကိုယ်စား လှယ်များတွေ့ဆုံပွဲကို ဇူလိုင် ၉ ရက်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရုံး၌ ပြုလုပ်ရာတွင် အထက်ပါ အတိုင်း ပြောကြားခဲ့ကြောင်း ယင်းတွေ့ဆုံပွဲသို့ တက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ်အချို့ က ပြောသည်။

ယင်းအပြင် မြေယာပြဿ နာများကို မှန်မှန်ကန်ကန်ဆောင် ရွက်ပေးရန်၊ ဌာနဆိုင်ရာများ ပြုပြင်ပြောင်းလဲရေးတွင် လိုက်ပါဆောင်ရွက်ကြရန်၊ နိုင်ငံသူ၊ နိုင်ငံသားများအတွက် ကူညီသူမဖြစ် လျှင်တောင် ဒုက္ခပေးသူမဖြစ်စေ ရန်နှင့် ကိုယ်ချင်းစာတရားဖြင့် အုပ်ချုပ်ရန် သမ္မတကဌာနဆိုင် ရာများအား မှာကြားခဲ့သည်ဟုဆို သည်။

‘‘သိမ်းဆည်းခံမြေယာတွေနဲ့ ပတ်သက်ပြီး တောင်သူတွေ လက် ဝယ် အမြန်ဆုံးရောက်ရှိအောင် ဆောင်ရွက်ပေးဖို့နဲ့ မူးယစ်ဆေးဝါးပြဿနာတွေကို ဖြေရှင်းဖို့ သမ္မတကြီးက အထူးမှာကြားခဲ့ပါ တယ်’’ဟု ရွာငံမြို့နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် တာဝန်ကျေပွန် အောင် လုပ်ဆောင်ကြရန်၊ တာ ဝန်ရှိစဉ်၊ တာဝန်ယူစဉ်ကာလအ တွင်း မဏ္ဍိုင်ကြီးသုံးရပ်အနေဖြင့် ပရဟိတစိတ်ဓာတ်ဖြင့် တိုင်းပြည် တိုးတက်ရေးဝိုင်းဝန်းကြိုးပမ်းရန် သမ္မတက ပြောကြားခဲ့သည်ဟု ဆိုသည်။

 ဦးဝင်းမြင့် သမ္မတဖြစ်ပြီး သည့်နောက် ရှမ်းပြည်နယ်သည် ပထမဆုံး သွားရောက်သည့် ပြည်တွင်းခရီးစဉ် ဖြစ်သည်ဟု ပွဲတက်ရောက်သည့်လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောသည်။

သမ္မတသည် ဇူလိုင် ၉ ရက်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး တောင်ကြီးမြို့ရှိ အမျိုးသမီးနှင့်ကလေးဆေးရုံသို့ သွားရောက်ခဲ့ သည်။

သမ္မတသည် ဇွန်လ ၁၀ ရက်တွင် လားရှိုးမြို့၌ အစိုးရဌာနဆိုင် ရာများ၊ လွှတ်တော်ကိုယ်စားလှယ် များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

=======================
251 / End