အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစားအစာလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းရှင်ကြီးများသည် စီးပွားရေးရှုထောင့်ကသာ အကြည့်များပြီး ကျန်းမာရေးရှုထောင့်မှ ကြည့်ခြင်းအပေါ် အားနည်းနေသေးသည်ဟု ယနေ့ ဇူလိုင် ၁၀ရက်နေ့က မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။
ဇွန်လ ၁၀ရက်နေ့က မကွေးမြို့ကုန်သည်ကြီးများခန်းမတွင် ကျင်းပသည့် USAID မှကူညီပံ့ပိုးပေးသော မြန်မာနိုင်ငံသိပ္ပံနှင့်နည်းပညာအသင်း၏ FOSTA(Myanmar)ဘေးကင်းလုံခြုံ အစားအာဟာရများနှင့် ပတ်သက်သော အသိပညာပေး သင်တန်းဖွင့်ပွဲတွင် အဖွင့်အမှာစကားပြောကြားရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဘေးကင်းလုံခြုံသော အစားအစာသင်တန်းမျိုးတွေက လုပ်ငန်းရှင်တိုင်း လိုက်နာကျင့်သုံးရမယ့် နည်းပညာ တွေ ဖြစ်ပါတယ်။ ယခုဆိုလုပ်ငန်းရှင်တွေဟာ စီးပွားရေးရှုထောင့်ကသာ အကြည့်များပြီး ကျန်းမာရေး ရှုထောင့် က ကြည့်ခြင်းဆိုတာ အားနည်းနေသေးတာ တွေ့ရှိရပါတယ်”ဟု မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။
အစားအသောက်များသည် လူသားတိုင်း၏ ကျန်းမာရေးကို တိုက်ရိုက်သက်ရောက်ကြောင်း စီးပွားရေးအရ လူတိုင်းနီးပါး စားသောက်ကုန်နှင့်သက်ဆိုင်သော ထုတ်လုပ်တင်ပို့ရောင်းချခြင်းများကို လုပ်ကိုင်နေကြကြောင်း အစားအသောက်များ ဘေးကင်းလုံခြုံစိတ်ချရစေရန် လုပ်ငန်းရှင်ကြီးများ၊ လုပ်ငန်းအလတ်များ၊လုပ်ငန်း အငယ်များ၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ၊ပျံကျလုပ်ငန်းများ လုပ်ကိုင်နေသူများသည် ကျန်းမာရေးနှင့် ညီညွတ်သောစာသောက်ကုန်များ ထုတ်လုပ်ရောင်းချကြရန် လိုအပ်သည်ဟု ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။
အဆိုပါသင်တန်းကို နှစ်ရက် ကျင်းပသွားမည်ဖြစ်ပြီး သင်တန်းတွင် မြန်မာနိုင်ငံသိပ္ပံနှင့် နည်ပညာအသင်းမှ တာဝန်ရှိသူများက မကွေးမြို့မှ လုပ်ငန်းရှင်များ ပြည်သူများအား အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
=======================
251 / End
၁၀ ဇူလိုင် ၂၀၁၈ - ၁၄:၅၄
News ID: 901210
အစားအစာလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းရှင်ကြီးများသည် စီးပွားရေးရှုထောင့်ကသာ အကြည့်များပြီး ကျန်းမာရေးရှုထောင့်မှ ကြည့်ခြင်းအပေါ် အားနည်းနေသေးသည်ဟု ယနေ့ ဇူလိုင် ၁၀ရက်နေ့က မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။