အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တစ်နိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအချက်များ ပြင်ဆင်ခွင့်နှင့် အကြောင်းတစ်စုံ တစ်ရာရှိပါက လက်မှတ်ရေးထိုး ထားခြင်းမှ နုတ်ထွက်ပိုင်ခွင့်ကို စာဖြင့်ကတိပြုရန် ‘ဝ’လက်နက် ကိုင်အဖွဲ့ (UWSA) က အစိုးရနှင့် တပ်မတော်ထံ တင်ပြဆွေးနွေး ထားသည်။
အဆိုပါ သဘောထားကို အစိုးရနှင့် တပ်မတော်ဘက်မှ စာ အားဖြင့် ကတိပြုပါက NCA လက်မှတ်ရေးထိုးရေး စဉ်းစားပေးနိုင် မည်ဟု ဇူလိုင် ၁၃ ရက်က မီဒီယာ များထံ ဖြန့်ဝေသည့် ၂၁ ရာစု ပင်လုံတတိယအစည်းအဝေးသို့ UWSA ၏ တင်ပြချက်စာတမ်းတွင် ဖော်ပြထားသည်။
ယင်းစာတမ်းကို ပင်လုံ တတိယအစည်းအဝေးဖွင့်ပွဲနေ့ တွင် UWSA ဒုဥက္ကဋ္ဌ ကျောက် ကော်အမ်းက ဖတ်ကြားရန် ပြင် ဆင်ထားသော်လည်း ၎င်းတို့အဖွဲ့ သည် NCA ရေးထိုးထားခြင်းမရှိ သဖြင့် ဖတ်ကြားခွင့်မရရှိခဲ့ပေ။
အဆိုပါ စာတမ်းတွင် NCA ရေးထိုးရန် အစိုးရနှင့် တပ်မတော်တို့က တိုက်တွန်းထားမှုနှင့်ပတ် သက်၍ UWSA ၏ သဘောထား ကို ဖော်ပြထားခြင်းဖြစ်သည်။
‘‘ပြည်ထောင်စုအစိုးရနဲ့ တပ်မတော်တို့ရဲ့ ‘NCA သည် ပြင်လို့ ရပါတယ်။ သဘောမကျရင် နုတ် ထွက်လို့ရပါတယ်။ ကမ္ဘာပေါ်မှာ ပြင်လို့မရတဲ့ စာချုပ်ဆိုတာ မရှိ ဘူး။ သို့သော် NCA ကို လက်မှတ် အရင်ထိုးပြီးမှ ပြင်ဆင်ခွင့်နှင့် နုတ်ထွက်ပိုင်ခွင့်ရှိမယ်’ဆိုတဲ့ နောက် ဆုံးသဘောထားအရ ပြည်ထောင်စုအစိုးရနှင့် တပ်မတော်ဘက်မှ ဒီသဘောထားကို စာအားဖြင့် ကတိခံခဲ့ရင် ‘ဝ’ပြည်အနေဖြင့် လက်မှတ်ရေးထိုးဖို့ တက်ကြွစွာ စဉ်းစားပေးနိုင်မည်ဟု ‘ဝ’ပြည်မှ တင်ပြဆွေးနွေးခဲ့ပါသည်’’ဟု ဖော်ပြထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ အစိုးရနှင့် တပ်မတော်တို့က ယခင်အတိုင်း NCA ပြင်ဆင်၍ မရဆိုသည့် လမ်းစဉ်အပေါ် ရောက်ရှိသွား၍ ငြိမ်းချမ်းရေးဖြစ် စဉ် ရှေ့တိုးရန်အတွက် မကောင်း သည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သုံးသပ် မိသည်ဟု UWSA က ဆိုသည်။
UWSA ၏ စာပါအချက်နှင့် ပတ်သက်၍ သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ‘ဝ’ Statement မှာပါတဲ့အတိုင်း အ ကယ်၍ လက်မှတ်ထိုးပြီးပြီ၊ အ ကယ်၍ အဆင်မပြေရင် နုတ် ထွက်မယ်ဆိုတဲ့ကိစ္စက NCA မှာ မပါဘူး။ NCA မှာ ဘယ်လိုနုတ် ထွက်ရမလဲဆိုတာ မပါဘူး။ နောက် NCA ထိုးထားတဲ့သူတွေ မနုတ်ထွက်နဲ့ဆိုတာလည်း မပါ ဘူး။ အဲဒီတော့ NCA က လွှမ်းခြုံ နိုင်ခြင်းမရှိတဲ့ ကိစ္စဖြစ်နေတယ်’’ ဟု ပြောသည်။
ယင်းသို့ NCA တွင် လွှမ်းခြုံ နိုင်ခြင်းမရှိသည့်ကိစ္စကို NCA ပုဒ်မ ၂၇ အရ NCA ၌ တိတိ ကျကျမပါသည့်အချက်များ ပေါ် ပေါက်လာပါက လက်မှတ်ထိုး ထားသည့်အဖွဲ့နှင့် အစိုးရအကြားနှစ်ဖက်ညှိနှိုင်းဆောင်ရွက်မည်ဟု ဖော်ပြထားကြောင်း၊ ယင်းကိစ္စကို ကျေကျေလည်လည်ဖြစ်စေရန် ရှင်းပြထားကြောင်း ဦးဇော်ဌေးက ပြောသည်။
NCA ပြင်ဆင်ရေး သဘော ထားစွဲကိုင်ထားရသည့်အကြောင်း သည် NCA လက်မှတ်ထိုးထားသည့် အဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ၍ ဖြစ်သည် ဟု UWSA က အကြောင်းပြပြီး NCA ပါ စစ်ရပ်စဲရေး ပုဒ်မများ သည် ချွတ်ယွင်းချက်ရှိနေသည် ဟု ထောက်ပြသည်။
NCA နှင့် ချည်နှောင်ထား သည့် နိုင်ငံရေးဆွေးနွေးမှု မူဘောင်သည်လည်း ဆိုးရွားသည့်ချွတ်ယွင်းချက်များ ရှိနေသည်ဟု UWSA က ဆိုသည်။
NCA ထိုးပါက အပစ်ရပ်စဲ ရေးကို အာမခံနိုင်ရမည်ဖြစ်သကဲ့ သို့ နိုင်ငံရေးဆွေးနွေးရာတွင် လည်း တရားမျှတသည့် နိုင်ငံရေး သဘောတူညီမှုဖြစ်လာရေး အာ မခံချက် ပေးနိုင်ရမည်ဟု UWSA ၏ စာတွင် ပါရှိသည်။
ပြည်တွင်းစစ်မငြိမ်းနိုင်ရ သည့် အဓိကအကြောင်းရင်းသည် မြန်မာ့တပ်မတော်က ကိုးကန့် (MNDAA)၊ တအာင်း (TNLA)၊ ရခိုင် (AA) တို့ကို အသိအမှတ် မပြုဘဲ အပြုတ်တိုက်လမ်းစဉ် ကိုင်စွဲနေ၍ဖြစ်သည်ဟု UWSA ၏ စာတွင် ဖော်ပြထားပြီး တိုက်ပွဲ ကြောင့် ငြိမ်းချမ်းရေးရရှိထား သော ဒေသကို ထိခိုက်နိုင်သည် ဟု ဆိုသည်။
UWSA သည် MNDAA၊ TNLA၊ AA၊ ကချင် (KIA)၊ ရှမ်း (SSPP)၊ မိုင်းလား (NDAA) ဟူသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့်အတူ မဟာမိတ် ဖွဲ့ကာ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ဟု စုဖွဲ့ထားသည်။ ယင်းအဖွဲ့ဝင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များသည် UWSA ၏ နိုင်ငံရေးဦးဆောင်မှုကို ခံယူ ထားကြောင်း FPNCC အဖွဲ့ဝင် ကိုယ်စားလှယ်အချို့က ယခင်က ထုတ်ဖော်ပြောဆိုထားသည်။
FPNCC ကလည်း ဇူလိုင် ၁၃ ရက်တွင် မီဒီယာများထံ စာတစ်စောင်ဖြန့်ဝေခဲ့သည်။ FPNCC အဖွဲ့ဝင် ဒေါက်တာညိုထွန်း အောင်က ၂၁ ရာစု ပင်လုံဖွင့်ပွဲ နေ့တွင် ဆွေးနွေးတင်ပြရန် စီစဉ် ထားသည့်စာဖြစ်သည်။ သို့ရာ တွင် ၎င်းသည်လည်း ညီလာခံ၌ ဆွေးနွေးခွင့်မရပေ။
အဆိုပါစာတွင် FPNCC ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက် သည် ငြိမ်းချမ်းရေးအတွက်သာ ဖြစ်ပြီး နိုင်ငံရေးဆွေးနွေးမှုပိုင်း ၌ အစိုးရနှင့် တိုက်ရိုက်နိုင်ငံရေးဆွေးနွေးသည့်ပုံစံကို အကောင် အထည်ဖော်ရန်ဖြစ်ကြောင်း ပါရှိ သည်။ ထို့အပြင် FPNCC သည် စစ်ရေးမဟာမိတ်အဖွဲ့မဟုတ် ကြောင်း၊ အစိုးရနှင့် တပ်မတော် ကို ခုခံတိုက်ခိုက်ရန်မဟုတ်ဘဲ နှစ်ဖက်တွေ့ဆုံဆွေးနွေးကာ ယုံ ကြည်မှုတိုးမြှင့်ရန်ဖြစ်သည်ဟု ဖော်ပြထားသည်။
တရုတ်နိုင်ငံ၏ ကြားဝင်ညှိ နှိုင်းမှုဖြင့် ၂၁ ရာစု ပင်လုံသို့ ရောက်ရှိလာသော မြောက်ပိုင်း လက်နက်ကိုင်ခုနစ်ဖွဲ့သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ် မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် အဖွဲ့ခွဲ၍ တွေ့ဆုံ ဆွေးနွေးထားသည်။
ထို့အပြင် ဇူလိုင် ၁၃ ရက် တွင် ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ များ တွေ့ဆုံခဲ့သည်။
‘‘လာခဲ့တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံ တော်အတိုင်ပင်ခံနဲ့ တွေ့ပြီးတော့ နိုင်ငံတော်အစိုးရရဲ့ သဘောထား တွေကိုလည်း အားလုံးသိသွားပြီ။ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နဲ့ ဒုတိယတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံ ပြီးတော့လည်း တပ်မတော်ရဲ့ သဘောထားတွေကို သူတို့အား လုံး သိသွားပြီ။ ဒီဘက်က သဘောထားတွေ သိပြီးသွားလို့ သူတို့ ဘက်က သဘောထားကလည်း ဒီဘက်က သဘောထားနဲ့ ညှိနှိုင်း လို့ရသွားပြီဆိုရင်တော့ အခြေအ နေကောင်းတွေ ထွက်ပေါ်လာမှာ ပေါ့’’ဟု ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်က ပြော သည်။မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့များကို တစ်ဖွဲ့ချင်းသော် လည်းကောင်း၊ ပေါင်းစပ်ပြီးသော် လည်းကောင်း တွေ့ဆုံဆွေးနွေးမှု များ မကြာခဏ ဆောင်ရွက်မည် ဟု ၎င်းက ဆိုသည်။
မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့မှ အဖွဲ့ဝင်အချို့သည် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်း သားအဖွဲ့ကိုယ်စားလှယ်အချို့ နှင့် ဇူလိုင် ၁၃ ရက်က တွေ့ဆုံ ခဲ့သေးသည်။
=======================
251 / End
NCA စာချုပ် ပြင်ဆင်ခွင့်နှင့် အကြောင်းတစ်စုံတစ်ရာရှိပါက နုတ်ထွက်ပိုင်ခွင့်ကို စာဖြင့်ကတိပြုရန် UWSA က အစိုးရနှင့် တပ်မတော်ထံ တင်
၁၄ ဇူလိုင် ၂၀၁၈ - ၁၅:၁၃
News ID: 901706
တစ်နိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအချက်များ ပြင်ဆင်ခွင့်နှင့် အကြောင်းတစ်စုံ တစ်ရာရှိပါက လက်မှတ်ရေးထိုး ထားခြင်းမှ နုတ်ထွက်ပိုင်ခွင့်ကို စာဖြင့်ကတိပြုရန် ‘ဝ’လက်နက် ကိုင်အဖွဲ့ (UWSA) က အစိုးရနှင့် တပ်မတော်ထံ တင်ပြဆွေးနွေး ထားသည်။