၂၁ ဇူလိုင် ၂၀၁၈ - ၁၃:၀၄
 အောင်ဝင်းဇော်၏အဝတ်အစားအချို့ သက်သေခံတင်သွင်းမှုအပေါ် နှစ်ဖက်ရှေ့နေများငြင်းခုံ အမှုကိုကြာအောင် အချိန်ဆွဲနေကြောင်း ရှေ့နေဦးနေလပြော

တရားလွှတ်တော်ရှေ့ နေ ဦးကိုနီလုပ်ကြံခံရသည့်နေ့ တွင် လေဆိပ်သို့ လာရောက်စဉ် အောင်ဝင်းဇော်ဝတ်ဆင်သည့် ဘောင်းဘီဟုဆိုကာ ရုံးတော်သို့ သက်သေခံတင်သွင်းမှုကို တရားရုံးက ပယ်ချသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တရားလွှတ်တော်ရှေ့ နေ ဦးကိုနီလုပ်ကြံခံရသည့်နေ့ တွင် လေဆိပ်သို့ လာရောက်စဉ် အောင်ဝင်းဇော်ဝတ်ဆင်သည့် ဘောင်းဘီဟုဆိုကာ ရုံးတော်သို့ သက်သေခံတင်သွင်းမှုကို တရားရုံးက ပယ်ချသည်။

 လုပ်ကြံမှုနှင့်ပတ်သက်ပြီး တရားရင်ဆိုင်နေသူ အောင်ဝင်း ဇော်ကို ဇူလိုင် ၁၃ ရက်က စတင် စစ်ဆေးပြီး  စစ်ဆေးမှုမပြီးပြတ် သဖြင့် ဇူလိုင် ၂၀ ရက်တွင် ဆက် လက်စစ်ဆေးခဲ့သည်။

ရုံးတော်တွင် တရားလိုပြ သက်သေအဖြစ် လာရောက်ထွက် ဆိုသည့်  ရဲမှူးတင်မောင်ဆွေက ၂၀၁၇  ဇန်နဝါရီ ၃၀ ရက်၌ အောင်ဝင်းဇော်သည် ၎င်း၏ဖုန်းအခွံနှင့် အဝတ်အစားများကို ပုဇွန် တောင်ချောင်းအတွင်းသို့ ပစ်ချ၍ သက်သေခံပစ္စည်းများဖျောက် ဖျက်ခဲ့သည်ဟု ထွက်ဆိုသည်။ ယင်းအချက်နှင့် ပတ်သက်၍ အောင်ဝင်းဇော်က ၎င်းကို စစ်မေး ချိန်တွင် သက်သေခံပစ္စည်း ဖျောက်ဖျက်ခြင်းမရှိကြောင်း ဖြေရှင်းသည့်အနေဖြင့်  ရုံးတော်သို့ သက်သေခံတင်သွင်းခဲ့သည်။

ဘောင်းဘီသက်သေခံတင် သွင်းချက်ကို တရားလိုဘက်က ကန့်ကွက်ခဲ့ပြီး အောင်ဝင်းဇော်၏ ရှေ့နေဘက်ကလည်း လက်ခံ သင့်ကြောင်း လျှောက်လဲချက်ပေး ရာ နှစ်ဖက်ရှေ့နေများ ငြင်းခုံမှု အနည်းငယ်ဖြစ်ပွားခဲ့သည်။

‘‘အခင်းဖြစ်တုန်းက မဆိုင် တဲ့ ဘောင်းဘီကို သိမ်းသွားပြီး တော့ ခန္ဓာကိုယ်မှာ ဝတ်တဲ့ ဘောင်းဘီကို သိမ်းမသွားဘူး။ တရားခံကိုယ်တိုင်ကလည်း ဒီနေ့ ထိ ဝတ်နေတယ်။ ရှိလည်းရှိ တယ်။ ယူသွားတယ်တင်ပြတယ်။ ပုဇွန်တောင်ချောင်းထဲမှာ သက် သေခံပစ္စည်း ဖျက်ဆီးတယ်၊ ဖျောက်ဖျက်တယ်ပြောတာကိုး။ ကျွန်တော်တို့က မဖျောက်ဖျက် ဘူး။ ဝတ်ထားတဲ့ အဝတ်အစား ရှိသေးတယ်။ အခုထိ ရှိသေးတယ် ဆိုတာကို  တင်ပြတာပါ’’ ဟု အောင်ဝင်းဇော်၏  ရှေ့နေ ဦးအောင်ခိုင်က ဆိုသည်။

ဘောင်းဘီသက်သေခံတင် သွင်းမှုအပေါ်  ရဲမှူးတင်မောင် ဆွေကို အဓိကစစ်မေးပြီး အပြန် အလှန်စစ်မေးစဉ်အချိန်က ပုဇွန် တောင်ချောင်းအတွင်းသို့ အောင် ဝင်းဇော်က အဝတ်အစားများ လွှင့်ပစ်ခဲ့သည့်ဆိုသည့်အချက်ကို စွပ်စွဲခံရသူရှေ့နေက ပြန်လှန်မေး ရန် ပျက်ကွက်ခဲ့သည့်အပြင် ပြန် ခေါ်သက်သေအဖြစ် စစ်မေးချိန် တွင်လည်း ထိုအချက်ကို မေးမြန်း ရန် ပျက်ကွက်ခဲ့သဖြင့် ယခုသက် သေခံအဖြစ် လက်ခံရန်မသင့် ကြောင်း  ပြောဆိုကာ ပယ်ချ ကြောင်း ရုံးတော်က အမိန့်ချမှတ် ခဲ့သည်။

‘‘ရဲမှူးတင်မောင်ဆွေ ထွက်ဆိုတဲ့ အချိန်တုန်းက ဒီဘောင်းဘီကျန်ရစ်ခဲ့တယ်ဆိုတဲ့အကြောင်းကို တရားရုံးရှေ့မှာ မမေးခဲ့ဘူး။ ဒါကြောင့်မို့ တရားရုံးကို တရားလိုဘက်က မေးထားတဲ့အပိုင်းမှာ ဒါဟာ နောက်မှ အကြံရတာဆိုပြီး တင်ပြခဲ့တယ်။ အဲဒီတင်ပြချက်နဲ့ပတ်သက်ပြီး တရားရုံးက ဒီနေ့အမိန့်ချတယ်။ အဲဒီ ဘောင်းဘီကို သက်သေခံအဖြစ် တင်ခွင့်မပေးဘူး’’ဟု တရားလို ရှေ့နေဦးနေလက ဆိုသည်။

စွပ်စွဲခံရသူဘက်က သက် သေခံတင်သွင်းမှုနှင့်ပတ်သက်ပြီး တရားရုံးက ပယ်ချခဲ့မှုအပေါ် ထပ်မံလျှောက်လဲချက်တင်ခဲ့ပြီး အဆို ပါလျှောက်လဲချက်ကို လာမည့် ရုံးချိန်းတွင် အမိန့်ချမည်ဖြစ် ကြောင်း စွပ်စွဲခံရသူဘက်မှ ရှေ့ နေဦးအောင်ခိုင်က ဆိုသည်။

လုပ်ကြံမှုနှင့်ပတ်သက်ပြီး အောင်ဝင်းခိုင်ကို စစ်ဆေးရာတွင် အခင်းဖြစ်ပွားပြီးနောက် အောင် ဝင်းဇော်နှင့် အောင်ဝင်းထွန်းတို့ ကရင်ပြည်နယ်သို့ သွားရောက်ရ ခြင်းအကြောင်း၊ ဘားအံတံတား တွင် ဖမ်းဆီးခံရပုံ၊ မန္တလေးထောင်တွင် အောင်စိုးနှင့်တွေ့ဆုံခဲ့ပုံ၊ ထောင်အတွင်း အောင်စိုးနှင့်ဖြစ် ပွားခဲ့သည့် ပြဿနာအချို့ကို အ ငြိုးထားကာ ယခုလုပ်ကြံမှုတွင် ၎င်းကို အောင်စိုးက ချောက်တွန်းခဲ့ခြင်းဖြစ်ပုံတို့ကို အောင်ဝင်းဇော်က တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။

ထို့ပြင် ထောင်မှလွတ်ပြီး နောက် လုပ်ကြံမှုမဖြစ်ပွားမီ အောင်စိုးနှင့်တွေ့ဆုံခဲ့သည်မှာလည်း  ၎င်းအလုပ်လုပ်ကိုင်နေ သည့် လုပ်ငန်းတွင် အငှားယာဉ် အုံနာခများ လိုက်လံကောက်ခံစဉ် တွေ့ဆုံခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် တစ်ဦးနှင့် တစ်ဦး လုပ်ငန်းကိုင်ငန်းများ အ ပြန်အလှန်မေးမြန်းခြင်း၊ အောင်စိုးရေးထားသည့်စာအုပ်ကိုလည်း ကျပ် ၅,၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း၊ အောင်စိုးအား ၎င်းဖုန်းနံပါတ် ပေးခဲ့ပြီး အောင်စိုးက ဆက်လာ သည့်အခါတွင် ကိစ္စမရှိလျှင် မဆက်ရန် ပြောခဲ့သည်ဟု အောင် ဝင်းဇော်က တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။

လုပ်ကြံမှုနှင့်ပတ်သက်ပြီး တရားလိုပြ သက်သေအဖြစ် တရားရုံးရှေ့သို့ အောင်စိုးလာ ရောက်ထွက်ဆိုစဉ် အချက်အချို့ သည် လိမ်လည်ထွက်ဆိုခြင်း ဖြစ်သည်ဟု ပြောဆိုသည့်အပြင် အောင်စိုး ထွက်ဆိုချက်များကို လည်း သေချာစွာနားထောင်ခဲ့ခြင်းမရှိဟု ဆိုသည်။

ထို့နောက်တရားလိုဘက်မှ သက်သေခံပစ္စည်းအဖြစ် တင်သွင်းထားသည့် လေဆိပ်လုံခြုံရေးကင်မရာမှ ပုံရိပ်အချို့နှင့် ဗီဒီယိုမှတ်တမ်းများကို တိုက်ဆိုင်ကြည့်ရှုခဲ့ပြီး အောင်ဝင်းဇော်လေဆိပ်အတွင်း ရောက်ရှိစဉ်က ကြည်လင်းနှင့် မတွေ့ရှိသလို ပုံရိပ်အတွင်းပါရှိသည့် အခြားလူများကိုလည်း မသိရှိကြောင်း ထွက်ဆိုခဲ့သည်။

‘‘အမှုကို ကြာအောင် ဆွဲ တယ်လို့ပဲ ယူဆပါတယ်။ ဘာ ကြောင့်လဲဆိုတော့ စီစီတီဗီမှတ် တမ်းတွေကို အကြိမ်ကြိမ်အခါခါ ပြခိုင်းတယ်။ ပြီးတော့ သူနဲ့ကြည် လင်းနဲ့ ရှေ့ဆင့်နောက်ဆင့်သွား လာနေတဲ့ ထင်ထင်ရှားရှားပုံတွေ ပါရဲ့သားနဲ့၊ နောက်သူနဲ့အတူ ကျောချင်းကပ်ပုံတွေ ပါနေရဲ့သားနဲ့ အဲဒီဘေးမှာ ကြည်လင်းကို သူမတွေ့ဘူးလို့ ပြောတယ်။ ဒါ တွေအားလုံးကို တစ်ဖက်ကနေ ပြန်လှန်စစ်မေးတဲ့ အခါကျရင် ပေါ်ပေါက်အောင် မေးမြန်းမှာ ဖြစ်ပါတယ်။ အခုလောလော ဆယ်အခြေအနေကတော့ သူတို့ ဟာ အချိန်ဆွဲနေတယ်ဆိုတဲ့အ ချက်ကို ခိုင်ခိုင်မာမာပြောရမှာဖြစ် တယ်’’ဟု ဦးနေလက ဆိုသည်။

=======================
251 / End