အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် လာအိုနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆလမ်းဆေးကိုမာဆစ်ကို ယမန်နေ့တွင် နေပြည်တော်ရှိ နိုင် ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံ ရေးနှင့်ပူးပေါင်းဆောင်ရွက်မှုမြှင့် တင်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတ ကာမျက်နှာစာတွင် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးတို့ ဆွေး နွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာနက သတင်းထုတ်ပြန် သည်။ ယင်းနောက် အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်သည် လာအိုနိုင်ငံခြားရေးဝန်ကြီးကို နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။
ယင်းသို့တွေ့ဆုံရာတွင် မြန် မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား လက်မှတ်ရေးထိုးထားသော လျှပ် စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ နှင့် မြန်မာ-လာအိုချစ်ကြည်ရေး တံတားဆိုင်ရာ နားလည်မှုစာချွန် လွှာ အကောင်အထည်ဖော်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ် ရေး၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး နှင့် ခရီးသွားလုပ်ငန်းအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးနှင့် နယ်ပယ် စုံ၊ ကဏ္ဍစုံတွင် ပူးပေါင်းဆောင် ရွက်ရေးကိစ္စရပ်များ ကျယ်ပြန့်စွာ ဆွေးနွေးသည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် သည်။
ထို့အပြင် နှစ်နိုင်ငံ အကျိုး စီးပွားအတွက် ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များတွင် ပူး ပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ရန် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန် ချက်၌ ဖော်ပြသည်။
=======================
251 / End
၂၅ ဇူလိုင် ၂၀၁၈ - ၁၂:၅၆
News ID: 903036
နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် လာအိုနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆလမ်းဆေးကိုမာဆစ်ကို ယမန်နေ့တွင် နေပြည်တော်ရှိ နိုင် ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။