အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရေကြီးနေသောဘီးလင်း မြို့အဝေးပြေးလမ်းကို စက်လှေ ဖြင့် သွားလာနေသည့်ခရီးသည် များသည် စက်လှေခဈေးကြီးသ ဖြင့် အခက်အခဲဖြစ်နေကြောင်း သထုံမြို့နယ် နောင်ကုလားကျေး ရွာမှ လူမှုကူညီရေးလုပ်ကိုင်သူ ဦးခွန်ကြည်သန်းက ပြောသည်။
ဇူလိုင် ၂၃ ရက်ကစတင် ရေကြီးနေသဖြင့် ခရီးသွားပြည်သူ များအသက်အန္တရာယ်မဖြစ်ပေါ် ရေး ဇူလိုင် ၂၆ ရက်ကစပြီးယာဉ် သွားလာမှုပိတ်ထား၍ အချို့ ခရီးသည်များ အဝေးပြေးလမ်း ပေါ် တောင်ကလေးကျေးရွာအနီး တံတားမှ ဘီးလင်းမြို့သို့စက်လှေ များဖြင့် သွားလာနေကြောင်း ဒေ သခံများက ပြောသည်။
ဇူလိုင် ၂၆ ရက်တွင် စက် လှေခလူတစ်ဦးလျှင် ကျပ်သုံး ထောင်ဖြစ်သော်လည်း ၂၇ ရက် တွင် ကျပ်ငါးထောင်အထိဈေးမြှင့် ပြီး စင်းလုံးငှားခကျပ်သုံးသောင်းငါးထောင်မှ ငါးသောင်းအထိရှိ ကြောင်း ရန်ကုန်မြို့နေကိုအောင် ၀င်းက ပြောသည်။
‘‘ကိုယ့်ကိစ္စကလည်း မသွား မဖြစ်ကိစ္စဖြစ်တယ်။ သူများတွေ လည်း စက်လှေနဲ့သွားနေတယ် ဆိုတော့ ကိုယ်လည်းသွားရမှာ ပေါ့။ ဒါပေမဲ့ အခုလိုခရီးသည် တွေဒုက္ခရောက်နေတဲ့အချိန်မှာ ကူညီတဲ့အနေနဲ့ စက်လှေခကို ထိုက်သင့်သလိုယူသင့်တယ်’’ ဟု ဘားအံမြို့သို့သွားရောက်မည့် ကို အောင်ဝင်းက ပြောသည်။
ရေကြီးသောကြောင့် ပိတ်မိ နေသောခရီးသွားများကို လူမှုရေး အသင်းအဖွဲ့များ၊ စေတနာရှင် များက စားသောက်ဖွယ်ရာများ လာရောက် လှူဒါန်းနေသော် လည်း စက်လှေစီးရာတွင်အချိန် ကြာမြင့်စွာစောင့်ရပြီး အလုအ ယက်တက်စီးရခြင်း၊ စက်လှေခ များ ဈေးမြင့်မားခြင်းကြောင့် အ ချို့ခရီးသည်များအဆင်မပြေဖြစ် ရကြောင်း သထုံမြို့ခံတစ်ဦးက ပြောသည်။ တောင်ကလေးကျေးရွာတံတားအနီးရှိ အဆိုပါစက်လှေဂိတ်အနီးတွင်ထွေအုပ်၊ ရဲတပ်ဖွဲ့၊ ကြက်ခြေနီနှင့်လူမှုရေးအသင်း များက အသက်အန္တရာယ်မဖြစ် ပေါ်စေရေး လိုက်လံဆော်ဩနေ ကြောင်း ၎င်းကပြောသည်။‘‘ကျွန် တော်တို့က မွန်ပြည်နယ်မှာ စပါး လာစိုက်တာပါ။။ အခုမိုးများရေ ကြီးတော့ စပါးစိုက်လို့မရတော့ ဘူး။ လယ်ပိုင်ရှင်အိမ်မှာလည်း ရေမြုပ်နေတော့ နေထိုင်ဖို့အဆင် မပြေတော့ အိမ်ပြန်တာပေါ့။ ငွေ ကနည်းနည်းပဲပါတာ။ စက်လှေခ က ကျပ်ငါးထောင်ဆိုတော့ အ ပြန်ခရီးစရိတ် မလောက်တော့ ဘူး။ လှူတဲ့ထမင်းနဲ့ရေကိုစား သောက်ရင်း ရေကျကိုစောင့်ပြီး ပြန်တော့မှဖြစ်မှာပါ’’ ဟု ပဲခူး တိုင်း သုံးခွမြို့နယ်မှကိုမျိုးဝင်းက ပြောသည်။
ယခုရက်ပိုင်းတွင် မိုး သည်းထန်စွာ ရွာသဖြင့် သထုံ ခရိုင်ရှိ ရန်ကုန်- မော်လမြိုင်အ ဝေးပြေးလမ်းနှင့် ရထားလမ်း၌ ရေကျော်ပျက်စီးခဲ့၍ ရထားနှင့် ယာဉ်များ ပြေးဆွဲမောင်းနှင်မှုရပ် ဆိုင်းထားကြောင်း ခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနက သ တင်းထုတ်ပြန်သည်။
မိုးသည်းချိန်တွင် စက်လှေ မောင်းခြင်းမပြုရန် ဇူလိုင် ၂၈ ရက်နေ့လယ်ကစတင်၍ တာဝန် ရှိသူများက ကြီးကြပ်စစ်ဆေးနေ သော်လည်း စက်လှေစီးခနှင့်ပတ် သက်၍ သင့်တင့်သောနှုန်းထား သတ်မှတ်ထားခြင်းမရှိသဖြင့် အ ရေးကြီးခရီးသွားအချို့ အခက် အခဲများရှိကြောင်း ဦးခွန်ကြည် သန်းက ပြောသည်။
=======================
251 / End
၂၈ ဇူလိုင် ၂၀၁၈ - ၁၄:၅၅
News ID: 903394
ရေကြီးနေသောဘီးလင်း မြို့အဝေးပြေးလမ်းကို စက်လှေ ဖြင့် သွားလာနေသည့်ခရီးသည် များသည် စက်လှေခဈေးကြီးသ ဖြင့် အခက်အခဲဖြစ်နေကြောင်း သထုံမြို့နယ် နောင်ကုလားကျေး ရွာမှ လူမှုကူညီရေးလုပ်ကိုင်သူ ဦးခွန်ကြည်သန်းက ပြောသည်။