၅ ဩဂုတ် ၂၀၁၈ - ၁၅:၀၃
တံတားဦးလေယာဉ်ကွင်းစီမံကိန်း ပိုလျှံမြေ ဧက ၃,၀၀၀ ကျော်ကို မူလပိုင်ရှင်များထံ ပြန်ပေး

တံတားဦးမြို့နယ် မန္တ လေးအပြည်ပြည်ဆိုင်ရာ လေ ဆိပ်ဆောက်လုပ်စဉ်က သိမ်း ဆည်းပြီး အသုံးပြုခြင်းမရှိသော ပိုလျှံမြေဧကသုံးထောင်ကျော်ကို ဩဂုတ် ၅ ရက်တွင်ပြန်လည် ပေးအပ်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တံတားဦးမြို့နယ် မန္တ လေးအပြည်ပြည်ဆိုင်ရာ လေ ဆိပ်ဆောက်လုပ်စဉ်က သိမ်း ဆည်းပြီး အသုံးပြုခြင်းမရှိသော ပိုလျှံမြေဧကသုံးထောင်ကျော်ကို ဩဂုတ် ၅ ရက်တွင်ပြန်လည် ပေးအပ်ခဲ့သည်။

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက၂၀၁၃ တွင် သိမ်းဆည်းကာအသုံးပြုခြင်း မရှိသောမြေများကို သိမ်းဆည်းခံ တောင်သူ ၁,၀၈၇ ဦးထံ လယ် ယာမြေ ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ ၃)ကို တံတားဦး မြို့အင်းဝခန်းမတွင် ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ တက်ရောက် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

‘‘သိမ်းဆည်းခံမြေတွေမှာ မူလလက်ငုတ်နဲ့ လက်ရှိလက် ငုတ်အငြင်းပွားတာတွေ၊ ကျူး ကျော်တွေကို ရှင်းလင်းနေရတာ တွေရှိနေပါတယ်။ ဒါကြောင့်မြေ ယာ ပြဿနာက အင်မတန်ရှုပ် ထွေးတဲ့အတွက် ဖြေရှင်းပေးနေ တဲ့ဌာနဆိုင်ရာတွေအနေနဲ့လည်း စိတ်ရှည်၊ သည်းခံစေတနာထား ပြီးတော့ ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်’’ ဟု လယ် ယာမြေနှင့်အခြားမြေများ သိမ်း ဆည်းခံရမှုများ ပြန်လည်စိစစ် ရေးဗဟိုကော်မတီဥက္ကဋ္ဌလည်း ဖြစ်သည့် ဦးဟင်နရီဗန်ထီးယူက ပြောသည်။

မန္တလေးအပြည်ပြည်ဆိုင် ရာလေယာဉ်ကွင်းအဖြစ် တံတား ဦးမြို့နယ်ရှိ စကားအင်း၊ နကျော် ထ၊ မကျည်းတော၊ ဇီးချောင်း၊ သူ ငယ်တောကျေးရွာရှိ သိမ်းဆည်း ထားသော မြေများကိုဩဂုတ် ၅ ရက်တွင် ပြန်လည်စွန့်လွှတ်ခဲ့ သည်။

‘‘မြေကို သိမ်းဆည်းတုန်းက လျော်ကြေးငွေ ပေးတာမျိုးတွေ တော့မရှိဘူး။ ဒါပေမဲ့ဒီမြေက ကျွန်တော်တို့ သိမ်းယူခံရတဲ့အ ချိန်ကတည်းက စိုက်ပျိုးနေတာ ပါ။ သူတို့လည်း ဘာမှလုပ်တာ မရှိဘူး။ ဒီနေ့ကတော့ တရားဝင် လုပ်ပိုင်ခွင့်ပြုလက်မှတ်ပေးတဲ့ပွဲ ပါ’’ ဟု မကျည်းတောကျေးရွာနေ မြေငါးဧကသိမ်းဆည်းခံရသည့် တောင်သူဦးသန်းဌေးက ပြော သည်။

မန္တလေးအပြည်ပြည်ဆိုင် ရာ လေယာဉ်ကွင်းအတွက် မြေ ၂၈,၅၇၆  ဧကသိမ်းယူခဲ့ရာတွင် ၂၀၁၄ က အသုံးပြုခြင်းမရှိသော မြေဧက ၉၀၀ ကျော်ကို ပထမအ ကြိမ်လွှဲပြောင်းပေးအပ်ခဲ့သည်။

ဒုသမ္မတဦးဟင်နရီဗန်ထီး ယူသည် မန္တလေးတိုင်းရှိသိမ်း ဆည်းခံ လယ်ယာမြေများကို ခြောက်ကြိမ်မြောက် လာရောက် ပေးအပ်ခြင်းဖြစ်သည်။

=======================
251 / End